ဥပ္ပလဝဏ္ဏာသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဥပ္ပလဝဏ္ဏာဘိက္ခုနီသည် သာဝတ္ထိမြို့တော်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းကိစ္စ ပြီးဆုံးပြီးနောက်ဝယ် နေ့သန့်ခြင်းငှာ အန္ဓဝန်တောအုပ်၌ ရင်းဖျားကိုင်းညွတ် ပင်လုံးကျွတ်ပွင့်နေသော အင်ကြင်းပင်ရင်း၌ ရပ်တည်နေစဉ် ဥပ္ပလဝဏ္ဏာဘိက္ခုနီအား ကြောက်လန့်ခြင်း, ဒူးတုန်ခြင်း, မွေးညှင်းရွှင်ပြ ကြက်သီးထခြင်းတို့ကို ဖြစ်စေလိုခြင်း, သမာဓိပျက်စေလိုခြင်းငှာ အလိုရှိသည်ဖြစ်၍ မာရ်နတ်က “ဥပ္ပလဝဏ္ဏဘိက္ခုနီ၏ ရူပကာယကို ချီးမွမ်းပြီး လူဘော်ကျော့ လူရမ်းကား သေသောက်ကြူး အရက်သမားတို့ကို မကြောက်ပါသလော”ဟု ပြောဆိုလေသည်။ ဥပ္ပလဝဏ္ဏဘိက္ခုနီက မာရ်နတ်၏ စိတ်ထားကြံစည်ချက်တို့ကို သိရှိသဖြင့် “သေသောက်ကြူး အရက်သမား ယောက်ျား တစ်သိန်းလောက်ပင် ဤနေရာသို့ ရောက်လာပစေ မိမိအနေဖြင့် ကြောက်စရာ မလိုတော့ပုံ, မိမိ၏အစွမ်းသတ္တိရှိပုံတို့ကို” ၃-ဂါထာဖြင့် ပြန်လည်မိန့်ကြားသဖြင့် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲစွာဖြင့် မာရ်နတ်ယုတ် ပြန်လှည့်သွားရပုံကို ဟောတော်မူသည့်သုတ်။ [၂] တန်ခိုးကြီးမားကုန်သော ဘိက္ခုနီတို့တွင် ဥပ္ပလဝဏ္ဏာထေရီသည် အသာလွန် ဆုံး ပေတည်း-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ (ထေရီ၊၂၂၉။ ထေရီ၊ဋ္ဌ၊၁၉၀-၂၀၆ ။) [၃] ကိုးကား
|
Portal di Ensiklopedia Dunia