ဧတံမမသုတ်
(၂)သုတ် ရှိပါသည်။ [၁] ရုပ်ရှိလျှင် ရုပ်ကို အစွဲ(အကြောင်း)ပြု၍ ရုပ်ကို မှားမှားယွင်းယွင်း နှလုံးသွင်း၍ “ဤရုပ်သည် ငါ့ဥစ္စာ၊ ဤရုပ်သည် ငါ၊ ဤရုပ်သည် ငါ၏အတ္တ”ဟု အဖန်ဖန်ရှု၏။ ထို့အတူ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့တွင် တစ်ပါးစီ တစ်ပါးစီကို ရှုပုံ၊ ခန္ဓာ တစ်ပါးစီ တစ်ပါးစီကို အနတ္တလက္ခဏသုတ်ဒေသနာတော်အတိုင်း အရဟတ္တဖိုလ် ဆိုက်သည်အထိ မေးမြန်း၍ ဟောတော်မူသည့်သုတ်။ [၂] ခန္ဓာငါးပါးကို မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းကြောင့် “ဧတံ မမ၊ ဧသောဟ မသ္မိ၊ ဧသော မေ အတ္တာ” ဟူသော မိစ္ဆာအယူဖြစ်ပုံကို ခန္ဓာတစ်ပါးစီ တစ်ပါးစီ မိန့်ကြားတော်မူပြီး ခန္ဓာတစ်ပါးစီကို အနတ္တလက္ခဏသုတ်ဒေသနာတော်နည်းအတိုင်း ဟောတော်မူ၍ ခန္ဓာငါးပါးဌာနတို့၌ ယုံမှားမှုကို ပယ်ဖျောက်ပြီးပါက သစ္စာလေးပါး တရားတို့၌ ယုံမှားမှုပယ်ဖျောက်နိုင်လျှင် သောတာပန်အရိယာသာဝက ခေါ်ဆိုရပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia