ဩဃာဒိသုတ်
ဩဃာဒိသုတ္တ -၉x၈= (၇၂) [၁] ပဌမသုတ်မှ နဝမသုတ်အထိ ကိုးသုတ်။ ဩဃလေးပါးနှင့် ဩဃလေးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိရန်, ပိုင်းခြား၍ သိရန်, ကုန်ခမ်းစေရန်, ပယ်စွန့်ရန် ဗောဇ္ဈင်ခုနစ်ပါးကို ဝိရာဂနိဿိတ-စသည် ဖြစ်အောင် တစ်ပါးစီ တစ်ပါးစီ ပွားများရမည်-ဟု ဟောတော်မူသည့်သုတ်။ [၂] ဣန္ဒ ၅-ပါးကို ဝိရာဂနိဿိတ-စသည် ဖြစ်အောင် ပွားများရမည်ဟု ဟောတော်မူပါသည်။ ။ -သံ၊၃၊၂၁၂။ (မဟာဝဂ္ဂသံယုတ္တ၊ ၄-ဣန္ဒြိယသံယုတ်၊ ၁၇-ဩဃဝဂ်၌)လည်း ဤနည်း တူ ဟောတော်မူပါသည်။ -သံ၊၃၊၂၁၇။ (မဟာဝဂ္ဂသံယုတ္တ၊ ၅-သမ္မပ္ပဓာနသံယုတ္တ၊ ၅-ဩဃဝဂ်၌) သမ္မပ္ပဓာန် လေးပါးတို့ကို ပွားများရမည်-ဟု ဟောတော်မူပါသည်။ -သံ၊၃၊၂၁၉။ (မဟာဝဂ္ဂသံယုတ္တ၊ ၆-ဗလသံယုတ္တ၊ ၅-ဩဃဝဂ်၌) ဗိုလ် ၅-ပါးတို့ကို ပွားများရမည်-ဟု ဟောတော်မူပါသည်။ -သံ၊၃၊၂၂၁။ (မဟာဝဂ္ဂသံယုတ္တ၊ ၆-ဗလသံယုတ္တ၊ ၁၀-ဩဃဝဂ်၌) ဗိုလ် ၅-ပါးတို့ကို ပွားများရမည်-ဟု ဟောတော်မူပါသည်။ -သံ၊၃၊၂၅၅။ (မဟာဝဂ္ဂသံယုတ္တ၊ ၇-ဣဒ္ဓိပါဒသံယုတ္တ၊ ၈-ဩဃဝဂ်၌) ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွားများရမည်-ဟု ဟောတော်မူပါသည်။ -သံ၊၃၊၂၆၉။ (မဟာဝဂ္ဂသံယုတ္တ၊ ၉-ဈာနသံယုတ္တ၊ ၅-ဩဃဝဂ်၌) ရူပါဝစရဈာန် ၄-ပါးတို့ကို ပွားများရမည်-ဟု ဟောတော်မူပါသည်။ မှတ်ချက်။ ။ တစ်ဝဂ် တစ်ဝဂ်၌ ၉-သုတ်စီ ရှိပါသည်။ ဩဃာဒိသုတ်ပေါင်း (၇၂)သုတ် ရှိပါသည်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia