ဩဝါဒသုတ်

(၄)သုတ် ရှိပါသည်။

[] ဘုရားရှင် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရှေ့တော်သို့ရောက်လာသော မဟာကဿပမထေရ်၏ သာသနာတော်အရှည်တည်တံ့ ရေးအတွက် ဆောင်ရွက်ရမည့် အစွမ်းသတ္တိကို မြင်တော်မူ၍ ရဟန်းသံဃာတော်ကို အပ်နှင်းတော်မူလိုခြင်းကြောင့် အရှင်မဟာကဿပမထေရ်အား “ရဟန်းတို့ကို ဆုံးမရန်, တရားဟောရန်” မိန့်တော်မူသည်။ ။ အရှင်မဟာကဿပမထေရ်က “ရဟန်းတို့သည် ဆုံးမရန် ခက်ခဲပါကြောင်း၊ ဆုံးမစကားကို ရိုသေစွာ မနာယူကြကြောင်း အရှင်အာနန္ဒာ၏ တပည့် ဘဏ္ဍရဟန်း နှင့် အရှင်အနုရုဒ္ဓါ၏ တပည့် အဘိဇိက-တို့၏ အကြောင်းကို လျှောက်ထားသည်။ ဘုရားရှင်က ထိုရဟန်းနှစ်ပါးကို ရှေ့တော်မှောက်သို့ ခေါ်စေ၍ မေးတော် မူရာ ဝန်ခံကြပြီး ဘုရားရှင်အား တောင်းပန်လျှောက်ထားကြသည်။ ဘုရားရှင်က “အပြစ်ကို အပြစ်အလျှောက် ဝန်ချတောင်းပန်ခြင်း, နောင်အခါ၌ အပြစ်မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ဤသာသနာတော်၌ ကြီးပွားတိုးတက်ကြောင်းဖြစ်ပုံကို ဟောတော်မူသည့်သုတ်။


[] ဘုရားရှင် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ အရှင်မဟာကဿပထေရ်အား ရဟန်းတို့ကို ဆုံးမရန်, တရားဟောရန် အပ်နှင်းတော်မူသည့်အခါ အရှင်မဟာကဿပထေရ်က အထက်သုတ်အတိုင်း လျှောက်ထားပြီး “ကုသိုလ်တရားတို့၌ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာ မရှိသောသူအား နေ့ရော ညဉ့်ပါ ကုသိုလ်တရားတို့၌ ဆုတ်ယုတ် ပျက်စီးမှုကိုသာ အလိုရှိအပ်ပုံ၊ မကြီးပွားနိုင်ပုံ၊ သဒ္ဓါမရှိသောသူ, အရှက် မရှိသောသူ ကြောက်လန့်မှုမရှိသောသူ, ပျင်းရိသောသူ, ပညာမရှိသောသူ၊ စိတ်ဆိုးသော သူ, ရန်ငြိုးဖွဲ့သောသူတို့သည် (ကုသိုလ်ကောင်းမှုတို့၌) ဆုတ်ယုတ်နိုင်ပုံ၊ ရဟန်းတို့ကို ဆုံးမမည့်သူမရှိခြင်းသည် ဆုတ်ယုတ်နိုင်ပုံကို လဆုတ်ပက္ခ လဥပမာဖြင့် လျှောက်ထားပြီး သုက္ကပက္ခဒေသနာတော်ကို လဆန်းပက္ခ လဥပမာဖြင့် ဟောပြတော်မူသည်။

ဘုရားရှင်က “သာဓု”ခေါ်တော်မူပြီး အရှင်မဟာကဿပထေရ် ဟောတော်မူသည့်အတိုင်း ပြန်လည် ဟောကြားတော်မူသည့်သုတ်။


[] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ အထက်သုတ်များ နည်းတူ အရှင်မဟာကဿပမထေရ်အား ရဟန်းသံဃာကို ဩဝါဒပေးရန်, တရား ဟောရန် အပ်နှင်းတော်မူသည်။

အရှင်မဟာကဿပထေရ်က ယခုခေတ်ရဟန်းများသည် ဆုံးမရန်ခက်ခဲပုံ၊ အဆုံးအမဩဝါဒကို အလေးအမြတ်ထား၍ မနာယူကြပုံ-အစရှိသည်တို့ကို လျှောက်ထားပါသည်။

ဘုရားရှင်က (ပထမဗောဓိ) ရှေ့ပိုင်းရဟန်းတော်များသည် ဓုတဓမ္မများကို ကျင့်သုံးကြ ကျင့်သုံးခြင်း၏ အကျိုးကျေးဇူးကို ဟောပြောကြ, ကျင့်သုံးသောပုဂ္ဂိုလ်များကို မထေရ်ကြီးများက အရေးတယူ နေရာပေးကြသဖြင့် ရဟန်းငယ်များက ဓုတဓမ္မများကို ကျင့်သုံးကြ, ထိုသို့ကျင့်သုံးခြင်းသည် ရှည်မြင့်စွာသောကာလပတ်လုံး စီးပွားဖြစ်ရန်, ချမ်းသာရန် ဖြစ်ကြပုံ၊ ပထမဗောဓိနောက်ပိုင်း မထေရ်များသည် ဓုတဓမ္မများကို မကျင့်ကြ၊ ထင်ရှားကျော်ကြား လူသိများသောရဟန်း, အခြံအရံများသော ရဟန်း ပစ္စည်းလေးပါး ပေါများသောရဟန်းကိုသာ အရေးတယူ နေရာပေးကြပုံ၊ ရဟန်းငယ်များက ထိုဦးစားပေးရဟန်းကို အားကျ၍ ကျင့်ကြပုံ၊ ထိုသို့ပြုကျင့်ခြင်းသည် ထိုရဟန်းငယ် များအတွက် စီးပွားမဲ့ရန်, ဆင်းရဲရန် ဖြစ်ပုံ၊ ထိုရဟန်းကို အမှန်အတိုင်းပြောဆိုပါက “သီတင်းသုံးဖော်တို့ကို မြတ်သောအကျင့်ကို ကျင့်သူတို့၏ ပစ္စည်းလေးပါးတို့၌ လွန်ကဲသော ဆန္ဒရာဂ-ဟူသော ဘေးရန်သည် နှိပ်စက်အပ်လေစွတကား၊ သီတင်းသုံးဖော်သည် မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူတို့၏ ပစ္စည်းလေးပါးတို့၌ လွန်ကဲသော တောင့်တခြင်းဖြင့် လွန်လွန်ကဲကဲ တောင့်တပါပေစွ”ဟု ပြောဆိုရာ၏-ဟု ဘုရားရှင် က မိန့်ကြားတော်မူသည့်သုတ်။


[] ဘုရားရှင် ဝေသာလီမြို့ မဟာဝုန်တော ကူဋာဂါရသာလကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်အာနန္ဒာ၏ လျှောက်ထားချက်ဖြင့် ဘိက္ခုနောဝါဒက ရဟန်း၏ အရည်အချင်း ရှစ်ပါးတို့ကို ဟောတော်မူသည့်သုတ်။

(ဝိ၊၂၊၇၄။ ဝိ၊၄၊၄၄၄။ ဝိ၊ဋ္ဌ၊၃၊၅၃-၇။ သာရတ္ထ၊၃။၃၄-၄၃။) []

ကိုးကား

  1. -သံ၊၁၊၄၀၆-၈။ သံ၊မြန်၊၁၊၃၉၅-၆။ သံ၊ဋ္ဌ၊၂၊၁၆၁။ သံ၊ဋီ၊၂၊၁၆၁။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၅-ကဿပသံယုတ္တ၊ ဆဋ္ဌသုတ်။
  2. -သံ၊၁၊၄၀၈-၄၁၀။ သံ၊မြန်၊၁၊၃၉၆-၉။ သံ၊ဋ္ဌ၊၂၊၁၆၂။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၅-ကဿပသံယုတ္တ၊ သတ္တမသုတ်။
  3. -သံ၊၁၊၄၁၀-၂။ သံ၊မြန်၊၁၊၃၉၉-၄၀၁။ သံ၊ဋ္ဌ၊၂၊၁၆၂။ သံ၊ဋီ၊၂၊၁၆၂။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၅-ကဿပသံယုတ္တ၊ အဋ္ဌမသုတ်။
  4. -အံ၊၃၊၁၀၆။ အံ၊မြန်၊၃၊၁၀၅-၆။ အံ၊ဋ္ဌ၊၃၊၂၃၈။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၆)၁-ဂေါတမီဝဂ္ဂ၊ ဒုတိယသုတ်။
  5. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya