ကောဋ္ဌိကသုတ်
(၅)သုတ် ရှိပါသည်။ [၁] ဗာရာဏသီမြို့အနီး ဣသိပတန မိဂဒါယ၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာ၏ မေးတော်မူချက်အရ ခန္ဓာ တစ်ပါးစီ၏ အဿာဒ, အာဒီနဝ, နိဿရဏကို အမှန်အတိုင်း မသိသော အဿုတဝန္တပုထုဇဉ်ပုဂ္ဂိုလ်သည် အဝိဇ္ဇာ, အဝိဇ္ဇာဂတ ဖြစ်ပုံ၊ အမှန်အတိုင်း သိသော သုတဝန္တအရိယာသာဝကသည် ဝိဇ္ဇာ, ဝိဇ္ဇာတဂဖြစ်ပုံကို အရှင်မဟာကောဋ္ဌိကထေရ်က ဖြေကြားတော်မူသည့်သုတ်။ [၂] ခန္ဓာတစ်ပါးစီ တစ်ပါးစီ၏ သမုဒယ, အတ္ထင်္ဂမ, အဿာဒ, အာဒီနဝ, နိဿရဏကို အမှန်အတိုင်း မသိသော အဿုတဝန္တပုထုဇဉ်ပုဂ္ဂိုလ်သည် အဝိဇ္ဇာ, အဝိဇ္ဇာဂတ ဖြစ်ပုံ၊ အမှန်အတိုင်း သိသော သုတဝန္တ အရိယာသာဝကသည် ဝိဇ္ဇာ, ဝိဇ္ဇာဂတဖြစ်ပုံ အရှင်သာရိပုတ္တရာထေရ်အား အရှင်မဟာကောဋ္ဌိကထေရ်က ဖြေကြားတော်မူသည့်သုတ်။ [၃] ရူပ, ရူပသမုဒယ, ရူပနိရောဓ, ရူပနိရောဓဂါမိနီ ပဋိပဒါ-အစရှိသော ခန္ဓာ တစ်ပါးစီ တစ်ပါးစီကို မသိသော အဿုတဝန္တပုထုဇဉ်သည် အဝိဇ္ဇာ, အဝိဇ္ဇာဂတ ဖြစ်ပုံ၊ သိသော သုတဝန္တ အရိယာသာဝကသည် ဝိဇ္ဇာ, ဝိဇ္ဇာဂတဖြစ်ပုံကို အရှင်သာရိပုတ္တရာထေရ်အား အရှင်မဟာကောဋ္ဌိကထေရ် ဖြေကြားတော်မူသည့်သုတ်။ [၄] ဣသိပတန မိဂဒါယ၌ “အဇ္ဈတ္တိကာယတန ၆-ပါးနှင့် ဗဟိဒ္ဓါယတန ၆-ပါးတို့သည် အပြန်အလှန် သံယောဇဉ်ဖြစ်ပါသလော”ဟု အရှင်မဟာကောဋ္ဌိကထေရ်က မေးလျှောက်သဖြင့် အဇ္ဈတ္တိကာယတန ၆-ပါးတို့နှင့် ဗဟိဒ္ဓါယတန ၆-ပါးတို့သည် အပြန်အလှန် သံယောဇဉ်မဖြစ်ပုံ၊ ထိုအာယတန ၂-မျိုးကို စွဲ၍ ဖြစ်ပေါ်လာသော ဆန္ဒရာဂသည်သာ သံယောဇဉ်ဖြစ်ပုံ၊ ဥပမာအားဖြင့် နွားနက်ကြီးနှင့် နွားဖြူကြီးတို့ကို တစ်ချောင်းတည်းသော လျော်ကြိုး သို့မဟုတ် လွန်ကြိုးဖြင့် ချည်နှောင်ထားပုံ ဥပမာဖြင့် မိန့်ကြားတော်မူပြီး ဆန္ဒရာဂသည်သာ သံယောဇဉ်ဖြစ်ပုံကို၎င်း၊ ထိုနှစ်မျိုးကို စွဲ၍ ဖြစ်သော ဆန္ဒရာဂသည် ထိုနှစ်မျိုးလုံး၌ သံယောဇဉ်ဖြစ်သောကြောင့် ဆင်းရဲကုန်ခြင်းငှာ မြတ်သောအကျင့်ကို ကျင့်သုံးမှုထင်ရှားပုံ၊ ထိုနှစ်မျိုး၌ ဘုရားရှင်အား ဆန္ဒရာဂ မရှိတော့ပုံ၊ ဘုရားရှင်သည် သုဝိမုတ္တဖြစ်တော်မူပုံတို့ကို အဇ္ဈတ္တ ဗဟိဒ္ဓါယတန တစ်စုံစီ တစ်စုံစီဖြင့် အကျယ်အားဖြင့် အရှင်သာရိပုတ္တရာ ဖြေကြားတော်မူသည့်သုတ်။ [၅] အရှင်မဟာကောဋ္ဌိကထေရ်က “ဒိဋ္ဌဓမ္မဝေဒနီယကံနှင့် သမ္ပရာယဝေဒနီယကံ၊ သုခဝေဒနီယကံနှင့် ဒုက္ခဝေဒနီယကံ၊ ပရိပက္ကဝေဒနီယကံနှင့် အပရိပက္ခဝေဒနီယကံ၊ ဗဟုဝေဒနီယကံနှင့် အပ္ပဝေဒနီယကံ၊ ဝေဒနီယကံနှင့် အဝေဒနီယကံတို့ အပြန်အလှန် ဖြစ်စေရန် ဘုရားရှင်အထံတော်၌ မြတ်သောအကျင့်ကို ကျင့်ပါသလော”အစရှိသည်ဖြင့် မေးလျှောက်ရာ၊ အရှင်သာရိပုတ္တရာထေရ်က “အညာတ, အဒိဋ္ဌ, အပ္ပတ္တ, အသစ္ဆိကတ, အနဘိမေတဖြစ်သော အရိယသစ္စာလေးပါးကို သိခြင်း, မြင်ခြင်း, ရောက်ခြင်း, မျက်မှောက်ပြုခြင်း, ထိုးထွင်း၍ သိခြင်းငှာ ဘုရားရှင်အထံတော်၌ ဗြဟ္မစရိယကို ကျင့်ပါကြောင်း သစ္စာတစ်ပါးစီ တစ်ပါးစီ အကျယ်ဖြေကြားတော်မူသည့်သုတ်။ [၆] ကိုးကား
|
Portal di Ensiklopedia Dunia