ချင်းပြည်နယ် တရားလွှတ်တော်
ချင်းပြည်နယ်တရားလွှတ်တော် သည် ချင်းပြည်နယ်တွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၉)ရုံးရှိသည်။ သမိုင်းကြောင်းချင်းပြည်နယ်တွင် ၁၉၇၄ ခုနှစ်မတိုင်မီက သီးခြားတရားရုံးများ ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ဘဲ၊ တရားစီရင်ရေးကိစ္စများကို နယ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးများက ပူးတွဲဆောင်ရွက်ခဲ့ရသည်။ မြောက်ပိုင်းဒေသအတွက် ကလေးမြို့တွင် ရုံးစိုက်ခဲ့ပြီး၊ တောင်ပိုင်း မင်းတပ်မြို့၌ ၁၉၆၁ ခုနှစ်ကုန်ပိုင်းတွင် ခရိုင်တရားမတရားသူကြီးရုံးကို ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က တရားရေးဝန်ထမ်းအဆင့်-၂ နှင့် အဆင့်တူညီသော ခရိုင်ဝန် ဦးအောင်တိုး နှင့် ၎င်းနောက်တွင် ဦးမြ တို့က တရားစီရင်ရေးကိုပါ ပူးတွဲ ဆောင်ရွက်ခဲ့သည်။ မြောက်ပိုင်း ဖလမ်းခရိုင်တွင်မူ သီးခြား တရားရုံး ဖွင့်လှစ်ထားခြင်း မရှိသေးပေ။ ၁၉၇၄ ခုနှစ် နောက်ပိုင်း အပြောင်းအလဲများ၁၉၇၄ ခုနှစ်တွင် ပထမအကြိမ် ပြည်သူ့ကောင်စီ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ဖွဲ့စည်းသောအခါ ခရိုင်များကို ဖျက်သိမ်းပြီး ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အဆင့် တရားရုံးများကို သီးခြားဖွဲ့စည်း၍ ဖွင့်လှစ်ခဲ့သည်။ ချင်းပြည်နယ်တရားရုံး: ပြည်နယ်အဆင့် ချင်းပြည်နယ်တရားရုံးကို ပြည်နယ်အဆင့် တရားသူကြီး (၃) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌ: ဦးမန်လျန် (ဘီအေ၊ ဘီအယ်လ်၊ ဘီအာရ်အီး) (မတူပီမြို့နယ်) အဖွဲ့ဝင်များ: ဦးမန်လျန် (တီးတိန်မြို့နယ်)၊ ဦးလွှမ်တလိန်း (ဖလမ်းမြို့နယ်) ပြည်နယ်တရားရေးဦးစီးမှူး: တရားရေးဝန်ထမ်းအဆင့်-၂ ဦးညွန့် က စတင်ဆောင်ရွက်ခဲ့ပြီး ၎င်းပြောင်းရွှေ့ပြီးနောက် ဦးတင်မောင် က ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ပြည်နယ်တရားသူကြီးအဖွဲ့ဝင် ဦးမန်လျန် (တီးတိန်) မှာ တောင်သူလယ်သမားရေးရာ ဗဟိုကော်မတီဝင်အဖြစ် ရာထူးပြောင်းရွှေ့ခံရသဖြင့် ၎င်းနေရာ၌ ဦးဗန်လျန် (ထန်တလန်) အား ပြည်နယ်တရားသူကြီးအဖွဲ့ဝင်အဖြစ် ခန့်ထားခဲ့သည်။ မင်းတပ်ရုံးခွဲ တည်ထောင်ခြင်းနှင့် ဖျက်သိမ်းခြင်းချင်းပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် "ချင်းပြည်နယ်တရားရုံး မင်းတပ်ရုံးခွဲ" ကို မင်းတပ်မြို့၌ ဖွင့်လှစ်ခဲ့သည်။ ယင်းရုံးခွဲတွင် ချင်းပြည်နယ်တရားရုံးမှ တရားသူကြီးတစ်ဦးဦးက အလှည့်ကျ သွားရောက်၍ ရုံးထိုင်ကာ၊ နယ်မြေခံ ပြည်နယ်ပြည်သူ့ကောင်စီကိုယ်စားလှယ် (ပြည်နယ်အဆင့်) များက အချိန်ပိုင်း ပြည်နယ်တရားသူကြီးအဖွဲ့ဝင်များအဖြစ် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ မင်းတပ်ရုံးခွဲ တာဝန်ခံ: တရားရေးဝန်ထမ်းအဆင့်-၂ ဦးတင်လှ က ဆောင်ရွက်ခဲ့သော်လည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ကွယ်လွန်ခဲ့သည်။ ၎င်း၏နေရာကို တရားရေးဝန်ထမ်းအဆင့်-၃ ဦးဘဟန် ကို ရာထူးတိုး၍ ပြောင်းရွှေ့နေရာချထားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ချင်းပြည်နယ်တရားရုံး "မင်းတပ်ရုံးခွဲ" ကို ဖျက်သိမ်းခဲ့ပြီး၊ ဟားခါးမြို့ရှိ ပြည်နယ်တရားရုံးတွင်သာ စုစည်း၍ ဖွင့်လှစ်ခဲ့သည်။ ထိုအချိန်တွင် "မင်းတပ်ရုံးခွဲ" မှ တရားရေးဝန်ထမ်းအဆင့်-၂ ဦးဘဟန်သည် ရာထူးတိုးမြှင့်၍ မန္တလေးသို့ ပြောင်းရွှေ့သွားပြီး၊ ဟားခါးပြည်နယ်တရားရုံးမှ တရားရေးဝန်ထမ်းအဆင့်-၂ ဦးသိန်းအောင်သည်လည်း ပဲခူးတိုင်းသို့ ပြောင်းရွှေ့သွားသဖြင့် ၎င်းတို့နေရာ၌ ဦးအောင်ကြည် ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါသည်။[၁] ပြည်ထောင်စုလွှတ်တော်ခေတ်ချင်းပြည်နယ်တရားလွှတ်တော်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၅ နှင့် ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၃၄ တို့အရ၊ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီး (၂) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ တည်နေရာချင်းပြည်နယ်တရားလွှတ်တော်သည် ဟားခါးမြို့တွင် တည်ရှိသည်။ တရားသူကြီးချုပ်များ
တရားသူကြီးများ
ဖွဲ့စည်းပုံချင်းပြည်နယ်တရားလွှတ်တော်ကို ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၉)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၃] ခရိုင်တရားရုံးများ
မြို့နယ်တရားရုံးများ
တရားသူကြီးများ၂၀၂၀ပြည့်နှစ်တွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ရှိသည်။ တရားရုံး စီမံခန့်ခွဲမှုချင်းပြည်နယ်တရားလွှတ်တော်ကို ပြည်နယ်တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ဖြင့် ဖွဲ့စည်းထားပြီး တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။
ကိုးကား
|
Portal di Ensiklopedia Dunia