ဗဟိုဥရောပဒေသ နွေရာသီစံတော်ချိန်![]()
ဗဟိုဥရောပ နွေရာသီစံတော်ချိန်(အင်္ဂလိပ်: Central European Summer Time)(CEST)၊ အချို့အခြေအနေများ၌ ဗဟိုဥရောပ နေ့အလင်းရောင်ထိန်းသိမ်းသော စံတော်ချိန်(Central European Daylight Time၊ CEDT))ဟု ညွှန်းဆို၊ ကို ဗဟိုဥရောပ စံတော်ချိန်(CET; UTC+01:00)အား အသုံးပြုသော အချို့သော ဥရောပနိုင်ငံများတွင် နွေရာသီ နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်အဖြစ် အသုံးပြုကြသည်။ ၎င်းသည် UTC+02:00နှင့် ကိုက်ညီမှရှိပြီး အရှေ့ဥရောပ စံတော်ချိန်၊ ဗဟိုအာဖရိက စံတော်ချိန်၊ တောင်အာဖရိက စံတော်ချိန်၊ အီဂျစ် စံတော်ချိန်နှင့် ရုရှားနိုင်ငံတွင် အသုံးပြုသော ကာလင်နင်ဂရတ်ဒေသစံတော်ချိန်တို့နှင့်လည်း တူညီသည်။[၁] အမည်များဗဟိုဥရောပ နွေရာသီစံတော်ချိန်အား အခြားသောအမည်များအဖြစ် အလယ်ဥရောပ နွေရာသီစံတော်ချိန်(Middle European Summer Time၊ MEST)[၂]၊ ဗဟိုဥရောပ နေ့အလင်းရောင်ထိန်းသိမ်းသော စံတော်ချိန်(Central European Daylight Saving Time၊ CEDT)[၃] နှင့် ဘရာဗိုချိန် (နေတိုး သဒ္ဒဗေဒအက္ခရာ၏ ဒုတိယမြောက်အက္ခရာ) အစရှိသဖြင့် အသုံးပြုကြသည်။[၄] အသုံးပြုသည့်ကာလ၁၉၉၆ ခုနှစ်မှစ၍ ဥရောနွေရာသီစံတော်ချိန်အား 01:00 UTC (02:00 CET နှင့် 03:00 CEST) တွင် မတ်လ နောက်ဆုံးတနင်္ဂနွေနေ့နှင့် 01:00 UTC တွင် အောက်တိုဘာလ နောက်ဆုံးတနင်္ဂနွေနေ့အတွင်း ဥရောပသမဂ္ဂအတွင်းရှိ နိုင်ငံများတွင် တသမတ်တည်းမဟုတ်ပဲ သတ်မှတ်ခဲ့သည်။[၅] ၂၀၂၁ မှစ၍ ဥရောပတွင် နွေရာသီစံတော်ချိန်အား ပယ်ဖျက်ပြီး ဆောင်းရာသီစံတော်ချိန်အား တနာရီရှေ့တိုး၍ တနှစ်ပတ်လုံး အချိန်အား ထိန်းသိမ်းရန် အဆိုပြုချက်များ ရှိခဲ့သည်။[၆]
အသုံးပြုမှုများဖော်ပြပါနိုင်ငံများနှင့် ဒေသများအတွင် ပုံမှန်အားဖြင့် ဗဟိုဥရောပ နွေရာသီစံတော်ချိန်အား အသုံးပြုကြသည်။[၇]
ဖော်ပြပါနိုင်ငံများတွင် ယခင်က ဗဟိုဥရောပ နွေရာသီစံတော်ချိန်အား အသုံးပြုခဲ့သည်။
ဆက်လက်ကြည့်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia