မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် သည် မန္တလေးတိုင်းဒေသကြီးတွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ပြည်ထောင်စုနယ်မြေအပါအဝင် ခရိုင်တရားရုံး (၁၅)ရုံး၊ မြို့နယ်တရားရုံး (၃၆)ရုံး၊ အထူးတရားရုံး (၅)ရုံးရှိသည်။ သမိုင်းကြောင်း၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် မန္တလေးတိုင်းဒေသကြီးတရားရုံးကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၆)ဦး စုစုပေါင်း (၇)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ တည်နေရာမန္တလေးတိုင်းတရားလွှတ်တော်အဖြစ် ၂၀၁၁ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ အသုံးပြုခဲ့သည့် ပတ်ကုန်းပျော်ဘွယ်ရပ်ရှိ အဆောက်အဦးသည် ၁၉၃၉ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၆၂တော်လှန်ရေးကောင်စီခေတ်မတိုင်မီက ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးရုံး၊ တိုင်းတရားရုံးအဖြစ် ဖွင့်လှစ်ခဲ့သည်။ နောက်ပိုင်းတွင် မဟာဇေယျာဘုံရပ်ရှိ အဆောက်အဦးသို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။၂၀၁၁ခုနှစ် စနစ်သစ်စတင်ရာတွင် ထိုနေရာအား မန္တလေးတိုင်းဒေသကြီးလွှတ်တော်နှင့် အစိုးရအဖွဲ့မှ ရယူခဲ့ပြီး တိုင်းတရားလွှတ်တော်နှင့် ခရိုင်တရားရုံးတို့မှာ ပတ်ကုန်းပျော်ဘွယ်ရပ်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ ၂၀၁၉ခုနှစ်တွင် ခရိုင်တရားရုံးသည် နေရာအသစ်သို့ ပြောင်းရွှေ့သွားပြီး တိုင်းတရားလွှတ်တော်သာ ကျန်ရှိခဲ့သည်။ ထို့နောက် တိုင်းတရားလွှတ်တော်အတွက် အဆောက်အဦးအသစ်ကို ချမ်းမြသာစည်မြို့နယ်ရှိ အနီးတွင်တည်ဆောက်ခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် လက်ရှိနေရာသို့ ပြောင်းရွှေ့ခဲ့သည်။[၁][၂] ![]() တရားလွှတ်တော်တရားသူကြီးချုပ်များ(၂၀၁၁ မှ လက်ရှိ)
ဖွဲ့စည်းပုံမန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ကို နေပြည်တော်အပါအဝင် ခရိုင်တရားရုံး (၁၅)ရုံး၊ မြို့နယ်တရားရုံး (၃၆)ရုံး၊ အထူးတရားရုံး (၅)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၃][၄] ခရိုင်တရားရုံးများနေပြည်တော်ခရိုင်ကို ၂၀၁၃ခုနှစ်တွင် တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ ခွဲခြားခဲ့သဖြင့် မန္တလေးတိုင်းတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၉)ရုံးအထိရှိလာခဲ့သည်။ ဥတ္တရခရိုင် တရားရုံးမှာ ဆောက်လုပ်ဆဲဖြစ်ကာ ဖွင့်လှစ်ထားခြင်း မရှိသေးပေ။ ၂၀၂၂ခုနှစ်တွင် ခရိုင်အသစ်များ တိုးချဲ့ခဲ့ရာ ခရိုင်တရားရုံး (၁၅) ရုံးအထိ ဖြစ်လာခဲ့သည်။ ![]()
မြို့နယ်တရားရုံးများမြို့နယ်ပေါင်း ၃၆မြို့နယ်အတွက် တရားရုံး ၃၅ရုံးဖွင့်လှစ်ထားသည်။ ဇေယျာသီရိမြို့နယ်အတွက် ဖွဲ့စည်းပုံရှိသော်လည်း တရားရုံးဖွင့်လှစ်ထားခြင်းမရှိသေးပေ။
အထူးတရားရုံးများမန္တလေးမြို့တော်စည်ပင်နှင့် နေပြည်တော်စည်ပင်တို့အတွက် အထူးတရားရုံးများ ဖွင့်လှစ်ထားသည်။
တရားသူကြီးများ၂၀၂၀ပြည့်နှစ်တွင် တိုင်းတရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၇)ဦးရှိသည်။ တိုင်းတရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးရုံးတို့ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia