ချမ်းမြသာစည်မြို့နယ်
ချမ်းမြသာစည်မြို့နယ် သည် မန္တလေးမြို့တောင်ပိုင်းတွင် တည်ရှိသည့် မြို့နယ်တစ်ခုဖြစ်သည်။ အနောက်ဘက်တွင် ဧရာဝတီမြစ်၊ မြောက်ဘက်တွင် မဟာအောင်မြေမြို့နယ်၊ တောင်ဘက်တွင် ပြည်ကြီးတံခွန်မြို့နယ်များဖြင့် ဝန်းရံထားသည်။ မန္တလေးမြို့၏ ထင်ရှားသည့်နေရာတစ်ခုဖြစ်သည့် မဟာမုနိဘုရားကြီးသည် ဤမြို့နယ်တွင် တည်ရှိသည်။၂၀၁၄တွင် လူဦးရေ၂၈၃,၇၈၁ရှိသည်။[၁] သမိုင်းကြောင်းပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၂ခုနှစ် မန္တလေးမြို့ဖွဲ့စည်းပုံပြောင်းလဲရေးပြီးနောက် ချမ်းမြသာစည်မြို့နယ်ပေါ်ပေါက်လာခဲ့သည်။[၂] ပထဝီဝင်အနေအထားမြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၅၅မိနစ် ၃၀စက္ကန့်နှင့် ၂၁ဒီဂရီ ၅၇မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၃မိနစ် ၃၀စက္ကန့်နှင့် ၉၆ဒီဂရီ ၀၈မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၅.၂မိုင်၊ တောင်မှမြောက်သို့ ၁.၆မိုင်ရှိပြီး ၉.၉၇စတုရန်းမိုင် ကျယ်ဝန်းသည်။ နယ်နိမိတ်ချမ်းမြသာစည်မြို့နယ်၏ အရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊တောင်ဘက်တွင် ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်၊အနောက်ဘက်တွင် ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းမြို့နယ်၊မြောက်ဘက်တွင် မဟာအောင်မြေမြို့နယ်တို့တည်ရှိသည်။ မြေမျက်နှာသွင်ပြင်ချမ်းမြသာစည်မြို့နယ်သည် အရှေ့ဘက်တွင်မြင့်ကာ အနောက်ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ အနောက်ဘက်တွင် ဧရာဝတီမြစ်က မြောက်မှတောင်သို့ စီးဆင်းနေသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၅၆ပေမြင့်သည်။ မြို့နယ်အတွင်း ပရံတော်ချောင်း၊နဒီချောင်းနှင့် ရွှေတချောင်းမြောင်းများ မြောက်မှတောင်သို့ စီးဆင်းနေသည်။ လူဦးရေချမ်းမြသာစည်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ကချင်၊ကရင်၊ရခိုင်၊ချင်း၊မွန်၊ကယား လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူ၊ခရစ်ယာန်နှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦးရေ၏ ၀.၃၀၅%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ပါကစ္စတန် စသည့်လူမျိုးများဖြစ်သည်။[၂]
စီးပွားရေးမန္တလေးမြို့သည် စီးပွားရေးအချက်အချာကျသော နေရာဖြစ်သည့် အားလျော်စွာ မြို့နယ်များသည်လည်း စီးပွားရေးဖွံ့ဖြိုးသည်။ထို့အပြင် ချမ်းမြသာစည်မြို့နယ်မှာ မန္တလေးမြို့၏ လမ်းပန်းဆက်သွယ်ရေးကောင်းသောမြို့နယ်ဖြစ်သည်။ ရွှေချည်ထိုးလုပ်ငန်းနှင့် ကြေးသွန်းလုပ်ငန်းနှင့် ကျောက်ဆစ်လုပ်ငန်းများမှာ မြို့နယ်၏ ထင်ရှားလှသော လုပ်ငန်းများဖြစ်သည်။ နိုင်ငံပိုင် ပုံနှိပ်စက်နှင့် တပ်မတော်စည်သွပ်စက်ရုံတို့တည်ရှိသည်။[၂] ဈေးများ
ပို့ဆောင်ဆက်သွယ်ရေးမြို့နယ်၏အလယ်တွင် ချမ်းမြသာစည်လေဆိပ်ရှိသည်။ မြို့နယ်အတွင်းရှိ မြို့ဟောင်းဘူတာမှာ မန္တလေးတိုင်းအမှတ်မှမှ အခြားတိုင်းအမှတ်လမ်းများသို့ခွဲရာ ဘူတာရုံဖြစ်သည်။ မြို့နယ်တွင်းတွင် လေဆိပ်ခံနေသဖြင့် လေဆိပ်ကို ရှောင်ကွင်းသွားရတတ်သည်။ ပညာရေးအဆင့်မြင့်ပညာချမ်းမြသာစည်မြို့နယ်တွင်ရှိသော တက္ကသိုလ်များမှာ အောက်ပါတို့ဖြစ်သည်။ အားကစားနှင့် သက်ဆိုင်သောကျောင်းများမှာ အားကစားနှင့်ကာယပညာသိပ္ပံနှင့် ဘောလုံးအကယ်ဒမီ (မန္တလေး)တို့ဖြစ်သည်။[၂] အခြေခံပညာအထကအထက်တန်းကျောင်း ၉ကျောင်းရှိသည်။
အထက(ခွဲ)/အလက
အမကမူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၂၂ကျောင်းရှိသည်။ ကျန်းမာရေးဆေးရုံများ
ထင်ရှားသောနေရာများဘာသာရေး
ပို့ဆောင်ဆက်သွယ်ရေးဖျော်ဖြေရေးနှင့်အားကစား
ကိုးကား
|
Portal di Ensiklopedia Dunia