၁၉၈၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၁၉၈၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၁၉၈၅ခုနှစ် ဒီဇင်ဘာလ ၈ရက်နေ့မှ ၁၇ရက်နေ့အထိ ကျင်းပခဲ့သော ၁၃ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖြစ်သည်။ ထိုင်းနိုင်ငံသည် ပထမအကြိမ် ၊ စတုတ္ထအကြိမ်နှင့် သတ္တမအကြိမ် အားကစားပွဲတော်များကို သုံးကြိမ်တိုင်တိုင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခု အားကစားပွဲတော်သည် ထိုင်းနိုင်ငံအနေဖြင့် စတုတ္ထမြောက် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုစဉ်က ထိုင်းနိုင်ငံ၏ ဘုရင် ဘူမိဗလအတုလျတေဇက အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ အိမ်ရှင် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့်တတိယတို့ ရရှိခဲ့သည်။ဤအားကစားပွဲတော်သည် အရှေ့တောင်နိုင်ငံများ၏ အားကစားအဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို မြင့်မားလာစေသော အားကစားပြိုင်ပွဲလည်း ဖြစ်သည်။ လက်ခံကျင်းပခြင်းကြိုတင်ပြင်ဆင်မှုများ၁၉၈၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။ အားကစားကွင်းများ
ပြိုင်ပွဲအထိမ်းအမှတ်များအထိမ်းအမှတ်တံဆိပ်၁၉၈၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ထိုင်းနိုင်ငံ၏ နိုင်ငံခြား ခရီးသွား ဆွဲဆောင်မှုတစ်ခုဖြစ်သည့် တော်ဝင်နန်းတော်ပုံဖြစ်သည်။ လာဘ်ကောင်၁၉၈၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ထိုင်းကြောင်ဖြစ်သည်။ ပွဲများနှင့်အားကစားပါဝင်သည့် နိုင်ငံများအားကစားနည်းများ
ဆုတံဆိပ်ဇယား၁၉၈၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၅၂ခု၊ ငွေတံဆိပ် ၂၅၁ခု၊ ကြေးတံဆိပ် ၂၅၉ခု၊ စုစုပေါင်း တံဆိပ် ၇၆၂ခုကို ချီးမြှင့်နိုင်ခဲ့သည်။
* အိမ်ရှင်နိုင်ငံ
ကိုးကား
|
Portal di Ensiklopedia Dunia