၁၉၈၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၁၉၈၉ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၁၉၈၉ ခုနှစ် ဩဂုတ် ၂၀ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။မလေးရှားနိုင်ငံအနေဖြင့် တတိယအကြိမ်၊ ဆဋ္ဌမအကြိမ်၊ နဝမအကြိမ် ပွဲ တော်များကို ၃ကြိမ်တိုင်တိုင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုအားကစားပွဲတော်သည် စတုတ္ထအကြိမ်မြောက် လက်ခံကျင်းပခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အားကစားပြိုင်ပွဲတွင် မပါဝင်ခဲ့သော်လည်း လာအိုနိုင်ငံသည် ပြန်လည်ပါဝင်လာခဲ့သည်။ထို့အပြင် ပြန်လည်ပေါင်းစည်းခဲ့သည့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံလည်း ပြန်လည်ပါဝင်လာသည်။ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ နိုင်ငံအလိုက် ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ လက်ခံကျင်းပခြင်းအားကစားကွင်းများ
ပြိုင်ပွဲ အထိမ်းအမှတ်များအထိမ်းအမှတ်တံဆိပ်၁၉၈၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ဂျင်ပုံစံမှ ယူထားသည်။ လာဘ်ကောင်၁၉၈၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ဂျိုဟန် (Johan)ဟုခေါ်သော လိပ်ဖြစ်သည်။ သီချင်း၁၉၈၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်သီချင်းမှာ "Reach for the sky"ဖြစ်သည်။ ပွဲများနှင့်အားကစားပါဝင်သည့် နိုင်ငံများအားကစားနည်းများ
ဆုတံဆိပ်ဇယား၁၉၈၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၀၃ခု၊ ငွေတံဆိပ် ၃၀၂ခု၊ ကြေးတံဆိပ် ၃၅၂ခု၊ စုစုပေါင်း တံဆိပ် ၉၅၇ကို ချီးမြှင့်နိုင်ခဲ့သည်။
* အိမ်ရှင်နိုင်ငံ
ကိုးကား
|
Portal di Ensiklopedia Dunia