၂၀၀၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၂၀၀၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၂၀၀၇ခုနှစ် ဒီဇင်ဘာ ၉ရက်မှ ၁၈ရက်အထိကျင်းပသော ၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ လာအိုနိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။ ထိုင်း၊ မြန်မာ၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနှင့် ဗီယက်နမ်တို့ပြီးနောက် နဝမမြောက် အိမ်ရှင်နိုင်ငံ ဖြစ်သည်။ ၁၉၆၅ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်ကို လက်ခံကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း ငွေကြေးအခြေအနေကြောင့် မလေးရှားအား ပေးခဲ့ရသည်။ သမ္မတ ချူမူလီဆိုင်ဆိုမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ ဆီးဂိမ်းပွဲ၏ နှစ် ၅၀ ပြည့်ဖြစ်ကာ နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၃၁၀၀ခန့်က အားကစားနည်း ၂၅မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို လာအို အမျိုးသားအားကစားကွင်းသစ်တွင် ကျင်းပခဲ့သည်။ ထိုင်း၊ဗီယက်နမ်၊အင်ဒိုနီးရှားတို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ လက်ခံကျင်းပခြင်းကျင်းပရာမြို့များ၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျင်းအား ၂၀၀၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ကျင်းပရာမြို့အဖြစ် ရွေးချယ်ခဲ့သည်။ ပြင်ဆင်မှုများလာအိုဆီးဂိမ်းကော်မတီအား သမ္မတ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့သည်။ အားကစားကွင်းများကွင်းအသစ်အများစုနှင့် ကွင်းဟောင်းအချို့ကို အသုံးပြုခဲ့သည်။ အမျိုးသားအားကစားကွင်းသစ်မှာ ပရိသတ် ၂၅၀၀၀ ဆံ့ပြီး အဓိကပွဲများ ကျင်းပခဲ့သည်။ လာအိုအမျိုးသားတက္ကသိုလ်တွင် အားကစားသမားများကို ထားကာ အားကစားရွာအဖြစ် အသုံးပြုထားသည်။ စုစုပေါင်းနေရာ ၂၇ ခု အသုံးပြုခဲ့သည်။
အခက်အခဲများလာအိုနိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့်အညီ ရွက်လှေ၊ ၃မျိုးဆင့်အားကစားနည်း စသည့်အားကစားနည်းများကို ကျင်းပနိုင်ခြင်းမရှိပေ။ ထို့အပြင် အားကစားအဆင့်အတန်း နိမ့်ပါးခြင်းကြောင့် အားကစားနည်းများကို လျှော့ချခဲ့ရသည်။ ဖိလစ်ပိုင်နိုင်ငံအပါအဝင် နိုင်ငံအချို့က အားကစားပြိုင်ပွဲများကိုခွဲ၍ လက်ခံကျင်းပရန် ကမ်းလှမ်းခဲ့သော်လည်း လာအိုနိုင်ငံက ငြင်းဆိုခဲ့သည်။ တရုတ်၊ ဗီယက်နမ်၊ ဂျပန်နှင့် အခြားသော အာဆီယံတိုင်းပြည်များမှ ကူညီမှုများကိုသာ လက်ခံခဲ့ပြီး အားကစားအဆောက်အဦးများ တည်ဆောက်ခဲ့သည်။ ပြိုင်ပွဲအထိမ်းအမှတ်များအထိမ်းအမှတ်တံဆိပ်၂၀၀၉အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ မဲခေါင်မြစ်ကမ်းဘေးရှိ လာအိုနိုင်ငံ အထိမ်းအမှတ်ဖြစ်သော ဖသတ်လောင် ဖြစ်သည်။ ၎င်းအောက်ရှိ လိုင်း ၃ လိုင်းမှာ မဲခေါင်မြစ် ဖြစ်သည်။ အပေါ်ပိုင်းတွင် ဆီးဂိမ်းလိုဂို ပါရှိသည်။ ![]() လာဘ်ကောင်၂၀၀၉အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ လာအိုရိုးရာဝတ်စုံ ဝတ်ဆင်ထားသော ဆင်နှစ်ကောင် ဖြစ်သည်။ အထီးမှာ ချန်ပ၊ အမမှာ ချန်ပီး ဖြစ်သည်။ ဆင် ၂ ကောင်မှာ အိမ်ရှင်လာအိုကို ကိုယ်စားပြုသည်။ (လာအိုရှေးနိုင်ငံဖြစ်သော "လန်ဆင်း"၏ အဓိပ္ပာယ်မှာ ဆင်များစွာ၏နိုင်ငံဟု ရသည်) သီချင်းသီချင်း ၃၃ ပုဒ်ရှိသည်။ ပွဲများနှင့်အားကစားဖွင့်ပွဲအခမ်းအနား![]() ၉ ဒီဇင်ဘာ ၂၀၀၉ ဒေသစံတော်ချိန် ၆ နာရီ ၁၀ မိနစ်တွင် လာအိုအမျိုးသားအားကစားကွင်းအသစ်တွင် ကျင်းပခဲ့သည်။ သမ္မတနှင့် ဧည့်သည်တော်များ ကြွရောက်လာမှုနှင့်အတူ အမှတ်စဉ်ရေတွက်မှုနှင့် စတင်ခဲ့သည်။ လာအိုရဲတပ်ဖွဲ့ ဘင်ခရာတပ်ဖွဲ့၊ နိုင်ငံတော်အလံကိုင်တပ်ဖွဲ့များနှင့်အတူ ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများ ဝင်ရောက်လာသည်။ လာအိုဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး သမ္မတမှ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်တွင် မီးရှုးတိုင် ထွန်းညှိကာ ဖျော်ဖြေရေးအစီအစဉ်များဖြင့် အခမ်းအနားပြီးဆုံးခဲ့သည်။ ပိတ်ပွဲအခမ်းအနား၁၈ ဒီဇင်ဘာ ၂၀၀၉ ဒေသစံတော်ချိန် ၆ နာရီ ၁၀ မိနစ်တွင် လာအိုအမျိုးသားအားကစားကွင်းအသစ်တွင် ကျင်းပခဲ့သည်။ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ ကြွရောက်လာမှုနှင့်အတူ အမှတ်စဉ်ရေတွက်မှုနှင့် စတင်ခဲ့သည်။ ပွဲအပြီးတွင် ၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံအား အလံလွှဲပြောင်းပေးခဲ့သည်။ ပါဝင်သည့် နိုင်ငံများ
အားကစားနည်းများ
ဆုတံဆိပ်ဇယား
* အိမ်ရှင်
ကိုးကား |
Portal di Ensiklopedia Dunia