ကနီမြို့နယ်
ကနီမြို့နယ် သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[၂] မြို့နယ်ရုံးစိုက်ရာမြို့မှာ ကနီမြို့ ဖြစ်သည်။ မြေမျက်နှာသွင်ပြင်နှင့် နယ်နိမိတ်မြောက်ဘက်တွင် မင်းကင်းမြို့နယ်၊ ရေဦးမြို့နယ်၊ အနောက်ဘက်တွင် မင်းကင်းမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်၊ တောင်ဘက်တွင် ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် အရှေ့ဘက်တွင် ဘုတလင်မြို့နယ်၊ ဒီပဲယင်းမြို့နယ်များနှင့် နယ်နိမိတ်ထိစပ်နေသည်။ ချင်းတွင်းမြစ်သည် ကနီမြို့နယ်အတွင်းကို ဖြတ်၍ မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းသွားသည်။ ချင်းတွင်းမြစ်၏ အနောက်ဘက်ခြမ်းတွင် တောင်တန်းများနှင့် တောင်များ ပေါများပြီး အရှေ့ဘက်ခြမ်းသည် လွင်ပြင်ဒေသဖြစ်သည်။ ကနီမြို့နယ်အတွင်းတည်ရှိသော မဟူတောင်တန်း၊ ပုံတောင်၊ လက်ပံတောင်တို့သည် တောင်မှ မြောက်သို့ သွယ်တန်းလျက်ရှိသည်။ မြို့ပြဖွဲ့စည်းပုံကနီမြို့အား ရပ်ကွက် ၃ခုနှင့် ကျေးရွာပေါင်း ၁၈၇ ရွာတို့နှင့် ဖွဲ့စည်းထားသည်။ စီးပွားရေးနှင့် စိုက်ပျိုးရေးကနီမြို့နယ်သည် အပူပိုင်းဒေသအတွင်းတွင် တည်ရှိပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ဆောင်ရွက်ကြသည်။ ကနီမြို့နယ်သည် မုံရွာမြို့သို့ ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်ဖြစ်သည်။ လူဦးရေ၏ ၆၉% သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည်။ ကနီမြို့နယ်၏ အဓိကထွက်ကုန်များမှာ ဆီထွက် သီးနှံများဖြစ်ပြီး မုံရွာမြို့သို့ အများဆုံး တင်ပို့ရောင်းချသည်။ ထူးခြားထင်ရှားမှုကနီ-ကနဲဟု တွဲဖက်လျက် ထင်ရှားသည်။ ရဟန်းပုဂ္ဂိုလ်ထူးကြီးဖြစ်သော ကန္နီ ရွှေသိမ်တော်တောရဆရာတော် အရှင်သောဘိတ ဆရာတော်ဘုရားကြီးသည် ကနီမြို့နယ်၊ ကမ်းဖြူရွာဇာတိသား ဖြစ်သည်။ အခြေခံအဆောက်အအုံကနီမြို့နယ်တွင် အစိုးရပိုင်ဘဏ်ပေါင်း ၂ခု ဖွင့်လှစ်ထားသည်။ ကနီမြို့နယ်တွင်တွင် အထက်တန်းကျောင်း ၈ကျောင်း၊ အလယ်တန်းကျောင်း ၁၁ကျောင်း၊ မူလတန်းကျောင်း ၁၁၉ကျောင်း ရှိသည်။ ပြည်သူ့ဆေးရုံ ၁ခု၊ တိုက်နယ်ဆေးရုံ ၃ခု၊ ကျမ်းမာရေးဌာန ၈ခုကိုလည်း ဖွင့်လှစ်ထားသည်။ ကနီမြို့နယ်၏ အဓိကကားလမ်းများမှာ
ကိုးကား
|
Portal di Ensiklopedia Dunia