ဒီပဲယင်းမြို့
ဒီပဲယင်းမြို့ သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်ရှိ မြို့တစ်မြို့ ဖြစ်သည်။ ဒီပဲယင်းမြို့ကို လယ်တီဆရာတော်၏ အသုံးအနှုံးမှာ ဒီပါရင်း ဖြစ်သည်။ သမိုင်းကြောင်းရွှေဘိုမြို့၏ အနောက်ဘက် ကီလိုမီတာအနည်းငယ်အကွာတွင် တည်ရှိပြီး စစ်သူကြီး မဟာဗန္ဓုလအပါအဝင် ကုန်းဘောင်ခေတ်တွင် ထင်ရှားကျော်ကြားသူများ ပေါ်ထွက်ရာ အရပ်ဒေသဖြစ်သည်။[၂][၃] နောင်တော်ကြီးမင်းသည် ၁၇၆၀ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် ဒုတိယမြောက်မင်းအဖြစ် မဖြစ်မီက ဒီပင်းယင်းကို အုပ်ချုပ်ရသော မင်းသားတစ်ပါး ဖြစ်ခဲ့သည်။ ၁၇၈၄ ခုနှစ်တွင် ရခိုင်ပြည်ကို ချီတက်တိုက်ခိုက်ခဲ့သော အိမ်ရှေ့စံ သတိုးမင်းစောသည်လည်း ဒီပဲယင်းမှပင် ဖြစ်သည်။ ၁၈၀၈ ခုနှစ်တွင် သတိုးမင်းစော၏ သားဖြစ်သူ စစ်ကိုင်းမင်းသား (နောင်တွင် ဘကြီးတော်မင်း) သည် ဒီပဲယင်းမင်းသားဘွဲ့ကို ဆက်ခံခဲ့သည်။[၄] ၂၀၀၃ ခုနှစ်တွင် ဒီပဲယင်းမြို့သည် မြန်မာ့နိုင်ငံရေးတွင် အာရုံစိုက်လာခြင်း ခံခဲ့ရသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ဒီပဲယင်းအရေးအခင်းသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။[၅] လမ်းပန်းဆက်သွယ်ရေးဒီပဲယင်းမြို့သည် မုံရွာမြို့၊ ဘုတလင်မြို့၊ ရေဦးမြို့နှင့် ခင်ဦးမြို့များနှင့် ကားလမ်းဖြင့် ဆက်သွယ်ထားသည်။[၆] ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia