မြင်းမူမြို့နယ်
မြင်းမူမြို့နယ် သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်ပြီး [၂] မြို့နယ်ရုံးစိုက်ရာမြို့မှာ မြင်းမူမြို့ ဖြစ်သည်။ သမိုင်းကြောင်းမြင်းမူမြို့နယ် သည် ကောဇာသက္ကရာဇ် ၁၈၈ ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးလက်ထက် မုဌောစေတီကိုတည်ထားကိုးကွယ်ပြီး၊ မြေပူရွာကိုလည်း တည်ဆောက်ခဲ့သည်။ သက္ကရာဇ် ၄၃၇ ခုနစ် အလောင်းစည်သူမင်းကြီးလက်ထက်တွင် ဧရာဝတီမြစ်အတိုင်း ဆန်တက်လာရာ မြေပူရွာအရောက်တွင် မုဌောစေတီမှ ဓာတ်တော်ကွန့်မြူးသည်ကို ဖူးမြင်ရသောကြောင့် မုဌောစေတီကို တေဇောလူးဟုလည်းကောင်း၊ မြေပူရွာကို မြင်တော်မူရွာ ဟုလည်းကောင်း သမုတ်ခဲ့သည်။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၉၊ စာမျက်နှာ ၄၆၂ တွင် ထိုရွာသူတို့သည် မြင်သူတကာမူးလောက်အောင် ချောမောလှပသဖြင့် မြင်မူးရွာဟု ခေါ်ခဲ့ကြပြီး၊ နောင်တွင် မြင်းမူဟုခေါ်ဆိုကြောင်း ဖော်ပြထားသည်။[၃] ပထဝီဝင်တည်နေရာအကျယ်အဝန်းမြင်းမူမြို့နယ်သည် မြောက် လတ္တီတွဒ် ၂၁ ဒီဂရီ ၅၂ မိနစ်နှင့် ၂၂ ဒီဂရီ ၁၀ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၀ မိနစ်နှင့် ၉၅ ဒီဂရီ ၄၂ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၁၈.၁၅ မိုင်၊ တောင်မှ မြောက်သို့ ၁၆.၅ မိုင် ရှည်လျားသည်။ မြင်းမူမြို့နယ်ဧရိယာ၏ စတုရန်းမိုင်မှာ ၅.၅၈ ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀၀နှင့် ၂၅၀ ကြားတည်ရှိပြီး အနောက်မြောက်ပိုင်းသည် အထက်ပေ ၅၀၀ ကျော်တွင် တည်ရှိသည်။ နယ်နိမိတ်မြင်းမူမြို့နယ်၏အရှေ့ဘက်တွင် စစ်ကိုင်းမြို့နယ်၊ အနောက်ဘက်တွင် ချောင်းဦးမြို့နယ်၊ မုံရွာမြို့နယ်၊ တောင်ဘက်တွင် ငါန်းဇွန်မြို့နယ်၊ မြောက်ဘက်တွင် အရာတော်မြို့နယ်တို့နှင့် နယ်ချင်းထိစပ်ပါသည်။ မြေမျက်နှာသွင်ပြင်နှင့် ရေဆင်းမြင်းမူမြို့နယ်သည် အများအားဖြင့် မြေပြန့်လွင်ပြင်များဖြစ်ပြီး အနောက်မြောက်ပိုင်းသည် ကုန်းမြင့်လွင်ပြင်များ အနည်းငယ်ရှိသည်။ မြင်းမူမြို့နယ်တွင် ဧရာဝတီမြစ်သည် မြင်းမူမြို့တောင်ဘက် ရေမိုင် အထက် ၃ မိုင်နှင့် အောက်ပိုင်းတွင် ၇ မိုင်၊ မူးမြစ်သည် မြင်းမူမြို့နယ်အတွင်း ၁၃ မိုင်ခန့် ဖြတ်စီးကာ ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းသည်။ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်မြင်းမူမြို့နယ်သည် ပူအိုက်ခြောက်သွေ့သော ရာသီဥတုဖြစ်ပြီး အမြင့်ဆုံးအပူချိန်မှာ ၄၄.၅ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန်မှာ ၀၈.၅ ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။
လူဦးရေ ပျံ့နှံ့နေထိုင်မှုမြင်းမူမြို့နယ်တွင် ကချင်၊ ကယ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းနှင့် အခြားနိုင်ငံခြားသားလည်း နေထိုင်ကြပြီး ၂၀၁၉ ခုနှစ် စစ်တမ်းအရ လူဦးရေ ၁၁၈၇၂၁ ဦး ရှိသည်။ ထို့ပြင် အိမ်ထောင်စု ၂၇၅၉၀ ရှိပြီး အိမ်ခြေမှာ ၂၆၅၇၂ ခန့် ရှိသည်။ စီးပွားရေးမြင်းမူမြို့နယ်သည် ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး၊ မြို့နယ်၏ အဓိကထွက်ကုန်များမှာ ဆီထွက်သီးနှံများ၊ ပဲမျိုးစုံ၊ ဝါမျိုးစုံနှင့် ဂျုံတို့နှင့် မွေးမြူရေးလုပ်ငန်းများလည်း ရှိသည်။ပျော့ရွာသည်စပါးကိုစနှစ်တကြစိုက်ပျိုးကြသည် ပညာရေးမြင်းမူမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၉ ကျောင်း၊ အထကကျောင်းခွဲ ၅ ကျောင်း၊ အလယ်တန်းကျောင်း ၁၃ ကျောင်း၊ အလကကျောင်းခွဲ ၅ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁၇ ကျောင်း၊ အမကကျောင်း ၄၉ ကျောင်း၊ မူလတန်းကြိုကျောင်း ၂ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၂ ကျောင်း ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia