ကောလင်းမြို့နယ်
ကောလင်းမြို့နယ် သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[၂]ယခင်က ကသာခရိုင်အတွင်း ပါဝင်ခဲ့သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ကောလင်းမြို့ ဖြစ်သည်။ ပထဝီဝင်အနေအထားကောလင်းမြို့နယ်သည် အရှေ့ဘက်နှင့်အနောက်ဘက်တွင်ရှည်လျားပြီး တောင်နှင့်မြောက်အကျယ်မှာ ကျဉ်းမြောင်းသည်။ မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်တွင်တည်ရှိပြီး အထက်မြန်မာပြည် အဓိက ဘူတာရုံ တစ်ရုံကိုပိုင်ဆိုင်ထားသည်။ မြို့အရှေ့ဘက် ၁၄ မိုင်အကွာတွင် ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု ကားလမ်းမ ကြီးရှိသည်။ ဆန်စပါး ကိုအဓိက စိုက်ပျိုးသည်။ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ကောလင်း-မန္တလေး အမြန်ရထားလမ်းကြောင်းအပြင်ကားလိုင်းများစွာပြေးဆွဲလျက်ရှိသည်။ မြောက်ဘက်တွင် ဝန်းသိုမြို့နယ်၊ တောင်ဖက်တွင်ကျွန်းလှ မြို့နယ် အနောက်ဘက်တွင်ပင်လယ်ဘူးမြို့နယ် အရှေဖက်တွင် ထီးချိုင့်မြို့နယ် တို့နှင့်ဆက်စပ်နေသည်။ (၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ) လူဦးရေ ၁၄၅,၂၉၇ ယောက်ခန့် နေထိုင်လျက်ရှိသည်။ မြို့နေလူဦးရေ ၂၁,၄၃၁ ယောက်ခန့်နေထိုင်ပြီး အများစုဖြစ်သော ၁၂၃,၈၆၆ ယောက်ခန့်သည် ကျေးလက်နေပြည်သူများဖြစ်သည်။ အမျိုးသားဦးရေမှာ ၆၉,၇၈၂ ယောက်ရှိပြီး အမျိုးသမီးဦးရေမှာ ပိုမိုများပြား၍ ၇၅,၅၁၅ ယောက်ရှိသည်။[၃] ကိုးကား
|
Portal di Ensiklopedia Dunia