ကျောက်တလုံးရွာစားမိဖုရားကျောက်တလုံးရွာစားမိဖုရားသည် မင်းတုန်းမင်း၏ မိဖုရားငယ်တစ်ပါး ဖြစ်သည်။ သုသီရိဝဏ္ဏာ ဘွဲ့ရသည်။ သက္ကရာဇ် ၁၂၂၆ ခုနှစ်၊ တော်သလင်းလ (ခရစ်နှစ် ၁၈၈၄ခုနှစ်)တွင် သမီးတော် မြောင်လှမင်းသမီးတစ်ဦးတည်းသာ မွေးဖွားခဲ့သည်။ ဗြိတိသျှအစိုးရက ပါတော်မူပြီး နှစ်လအကြာ ခရစ်နှစ် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး မယ်တော် မိဖုရားနှင့် သမီးတော်တို့ကို တတိယတန်းအနေဖြင့် သတ်မှတ်ကာ ထောက်ပံ့ကြေး တစ်လလျှင် (၅ဝိ)၊ အိမ် လခ (၃ဝိ) နှုန်းဖြင့် အထောက်အပံ့ပေးခဲ့သည်။ ထီးနန်းပျက်ပြီးသည့်နောက်တွင် နန်းတွင်းမှထွက်ခွာရပြီး ခိုကိုး ရာမဲ့ဘဝနှင့် အရပ်ထဲတွင် မလုပ်တတ်၊ မကိုင်တတ်၊ မနေတတ်ဖြစ်ပြီး ဘဝကို ဖြစ်သလို ရင်ဆိုင်ရသည်။ နောက်ဆုံး မင်းကွန်းသို့ သွားပြီး မယ်တော်နှင့် သမီးတော်နှစ်ပါးလုံး သီလရှင်ဘဝကူးပြောင်းပြီး တစ်သက်လုံး တရားဘာဝနာ ပွားများအားထုတ်နေထိုင်သွားသည်။ ၎င်းတို့နေထိုင်ခဲ့သော ချောင်ကို မင်းသမီးချောင်ဟု ယခု တိုင် အမည်တွင်နေပါသည်။ ကျောက်တလုံးမိဖုရားသည် ပါတော်မူပြီး ၃နှစ်ခန့်အကြာ သက္ကရာဇ် ၁၂၅၀ ပြည့် နှစ်၊ သီတင်းကျွတ်လဆန်း ၅ရက်၊ ( ခရစ်နှစ် ၉-၁၀-၁၈၈၈) အင်္ဂါနေ့၊ သက်တော် ၄၄နှစ်တွင် ကံကုန်သွားသည်။[၁] ကိုးကား
|
Portal di Ensiklopedia Dunia