စားပွဲတောင်တိုက်စားမိဖုရား

စားပွဲတောင်တိုက်စား မိဖုရားသည် မင်းတုန်းမင်း‎မိဖုရား‎တစ်ပါး ဖြစ်သည်။ စားပွဲတောင်တိုက်စားသည် မင်းတုန်းမင်းသားဘဝကတည်းက ကောက်ထားသော ကိုယ်လုပ်တော် ဖြစ်ပြီး ၁၂၁၆ခုနှစ် နယုန်လပြည့်ကျော် ၆ ရက်နေ့ (16 June 1854) တွင် ကျင်းပသော ဥကင်တော်ဖွင့်အခမ်းအနားတွင် သီရိမင်္ဂလာရုဇာမဟေဘွဲ့ ပေးသည်။ မိဖုရားလတ် အဆင့် ရှိသည်။ နောက်ပိုင်းတွင် မလ္လာဒေဝီဘွဲ.ပေးကာ ဒေဝီအဆင့် မိဖုရား ဖြစ်လာသည်။ သမီးတော်သုံးပါး၊ သားတော်တစ်ပါး ထွန်းကားခဲ့ရာ အကြီးဆုံးသမီးတော်နှင့် တတိယသားတော်တို့မှာ ငယ်စဉ်ကပင် လွန်သွားခဲ့ ကြသဖြင့် သမီးတော်နှစ်ပါးသာ သက်ရှိထင်ရှား ကျန်ခဲ့သည်။ ပင်းထိပ်ခေါင်တင်‎နှင့် မိုးမိတ်ထိပ်ခေါင်တင်‎တို့ ဖြစ်သည်။ စားပွဲတောင်တိုက်စားသည် သက်ဆိုးမရှည်ရှာပေ။ ၁၂၁၉ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ (17 October 1857) တွင်ကံကုန်တော်မူသည်။ []

ကိုးကား

  1. မောင်သန်းဆွေ(ထားဝယ်) ၏ ကုန်းဘောင်ရှင်းတမ်း
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya