မင်းရွှေကျူ

ပုဂံမင်းမိဖုရားခေါင် (ငယ်မည် - မင်းရွှေကျူ) ကို ခရစ်နှစ် (၁၈၂၀)တွင် မွေးဖွားသည်။ ခမည်းတော်မှာ ဗဒုံမင်း (ဘိုး တော်ဘုရား)၏ သားတော် ပထမ မက္ခရာမင်းသား ဖြစ်ပြီး မယ်တော်မှာ ဗဒုံမင်း၏ သမီးတော် တကောင်း ကြံညှပ်မင်းသမီး ဖြစ်သည်။ (၁၈၃၈)ခုနှစ်တွင် ပုဂံမင်းသားနှင့် လက်ဆက်သည်။ ပုဂံမင်း အထွတ်အမြတ် ရောက်သောအခါ သီရိတိလောက မဟာ ရတနာဒေဝီ အမည်ဖြင့် တောင်နန်းတင်သည်။ ပါတော်မူစဉ်က အသက်(၆၅)နှစ် ကျော် ရှိပြီ ဖြစ်သည်။ မန္တလေးတွင်ပင် နေထိုင်ခွင့်ရပြီး ပထမတန်းစားအဆင့် သတ်မှတ်ခံရ ကာ (၁၈၈၆)ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်ကာ ရူပီ (၁၅၀) နှင့် အိမ်လခ ရူပီ (၆၀) နိုင်ငံရေးပင်စင်အဖြစ် ရရှိခဲ့သည်။ (၁၈၉၂)ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်တွင် မန္တလေးမြို့၊ မင်္ဂလာဈေးအနောက် တောင် ဝင်းစံအိမ်တော်တွင် နတ်ရွာစံသွားသည်။[]

ကိုးကား

  1. မောင်သန်းဆွေ (ထားဝယ်) ၏ နောက်ဆုံးကုန်းဘောင်
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya