ကျော်လှ၊ ဦး(မောင်းထောင်)
အရွယ်မှာ အစွယ်ကျိုးပြီမို့ - ချီ ရွာတံခါးစောင့်ဖွဲ့ သံချိုရေးသူ ဆရာကြီး ဦးကျော်လှမှာ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ မောင်းထောင်ရွာတွင် သက္ကရာဇ် ၁၂၀၃-ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၅-ရက်၊ ဗုဒ္ဓဟူးနေ့ (တပေါင်းလဆန်း ၁၄ ရက်၊ အင်္ဂါနေ့ဟု တချို့စာပေများတွင် တွေ့ရသည်။)တွင် အဖ မောင်းထောင်ရွာခုံမင်းကြီး ဦးတောင်ရိပ်၊ အမိဒေါ်မင်းအိတို့မှ ဖွားမြင်၍ အချိန်အရွယ်ရောက်က မိမိတို့ရွာကျောင်း ဘုန်းတော်ကြီးထံတွင် ပညာသင်ပြီး ၁၄-နှစ်အရွယ်တွင် သာမဏေပြုကာ ၄-နှစ်တိုင်တိုင် စာပေကျမ်းဂန်တို့ကို ဆည်းပူးသင်ကြားလေသည်။ နောင် ကျောင်းမှထွက်၍ စာဆိုတော်ပညာရှိ ဦးမြတ်ဝင်းထံမှ ကဗျာလင်္ကာများကို ၂−နှစ်တိုင် သင်ကြားပြီး၊ အသက် ၂၀-သို့ ရောက်သောအခါ သဘင်ပညာ၌ သံချိုကိုင်၍ အလုံးစုံသော ကဗျာလင်္ကာတို့ကို တခဏချင်းဖွဲ့ဆိုသီကုန်းရေးသားနိုင်ရုံသာမက လိုအပ်သောအကြောင်းအရာကို နဘေကာရန်မလွတ် နားဝင်ချိုအောင် ရွတ်ဆိုဟောပြနိုင်သော စွမ်းရည်ရှိသဖြင့် သံချို ဦးကျော်လှ ဟူ၍လည်းကောင်း၊ မောင်းထောင် ဦးကျော်လှ ဟူ၍လည်းကောင်း၊ တပေါင် ဦးကျော်လှ ဟူ၍လည်းကောင်း ကျော်စောထင်ရှားလေသည်။ အကြောင်းအားလျော်စွာ လောကီ၊ လောကုတ္တရာ ခဲရာခဲစစ်များကိုလည်း သားချင်းတော်စပ်သည့် (ဝိမလ လင်္ကာရ) တံဆိပ်တော်ရ မောင်းထောင်ဆရာတော် ဘုရားကြီးအား လျှောက်ထားမေးမြန်း စုံစမ်းဆွေးနွေးလေ့ရှိသည်။
သီပေါမင်းကလည်း ဉာဏ်ကျယ်နှင့် ဦးကျော်လှတို့ အပြန်အလှန်စောင်းချိတ်ပြောဆိုရန် အခွင့်ပေးထားသည် ဖြစ်ရကား ဦးကျော်လှက တခဏချင်း ပြန်လည်ချေပကာ အောက်ပါ စာပုဒ်ကို ရွတ်ဆိုချေပလိုက်လေသည်။
ဟူသောစာချိုးကိုချိုး၍ ဖြေလိုက်သောအခါ မင်းပွဲပရိသတ်တို့ ကောင်းချီးဩဘာ ထောပနာပြုသည့်ပြင် မင်းတရားကြီးကလည်း ဦးကျော်လှစာက ပြောင်၍ ကောင်းသော်လည်း စာပြိုင်သူတစ်ဦးဖြစ်သူ ဉာဏ်ကျယ်အားလည်း နှိမ်ချရာမကျလေအောင် ညီတူညီမျှ ဆုတော်လပ်တော်များ ပေးသနားချီးမြှင့်တော်မူလေသည်။ သက္ကရာဇ် ၁၂၄၇-ခုနှစ် မန္တလေးရတနာပုံ ထီးကျိုးစည်ပေါက်ရောက်လတ်သော် ဦးကျော်လှသည် နေပြည်တော်မှ ခွာခဲ့၍ အလုံ၊ မုံရွာ၊ အင်းဝ၊ ပင်းယ စသောအားဖြင့် မြန်မာပြည်အနှံ့ သဘင်ပညာဖြင့် လှည့်လည်လာရာ ရန်ကုန်သို့ရောက်သောအခါတွင် အသက် ၂၀-အရွယ်မျှဖြင့် နာမည်ကြီးနေသော ဇာတ်ဆရာကြီး ဦးဖိုးစိန်နှင့် ခင်မင်သိကျွမ်းလျက် သဘင်ပညာနှင့် စပ်ဆိုင်ရာရာများကို ဦးဖိုးစိန်အား သင်ကြားပြသပေးလေသည်။ ဆရာကြီး ဦးကျော်လှ အသက် ၇၀-ကျော် လောက်တွင် မျိုးချစ်စိတ် ဇာတိမာန် ထက်သန်လွန်းလှသဖြင့် အင်္ဂလိပ်တို့ စိုးမိုးခြင်းကို မခံလို၍ “ဘိလပ်စံ တပ်ခံမြဲပါ့မလား” စသော စာမျိုးဖြင့် အင်္ဂလိပ်တို့ မကြာခင်ပြေးရတော့မည်ဖြစ်ကြောင်း စာတစ်ပုဒ် ရေးသားလိုက်ရာ၊ လူအများနှစ်ခြိုက်လှသဖြင့် တစ်နိုင်ငံလုံး ပြန့်နှံ့သွားလေ၏။ ထိုအခါ အင်္ဂလိပ် အလိုတော်ရိများက တိုင်ကြားသဖြင့် ဦးကျော်လှ အဖမ်းခံရ၏။ ထိုအခါ ဆရာကြီးဦးဖိုးစိန်က မိမိနှင့် ခင်မင်ရင်နှီးသည့် ဧရာဝတီတိုင်းမင်းကြီး စတီဝါဒ်အား ပြောကြားပေးသဖြင့် ဦးကျော်လှ အချုပ်မှလွတ်မြောက်ရလေသည်။ ဆရာကြီး ဦးကျော်လှကား ဇာတိမာန် အမြဲတမ်းရှိသူဖြစ်သဖြင့်၊ အင်္ဂလိပ်တို့ စိုးမိုးခြင်းကို မခံချင်လှသဖြင့် “မြန်မာများအားမငယ်ကြနှင့်၊ မကြာခင် ကုန်းဘောင် ၁၂-ဆက်မြောက် မင်းလောင်းပေါ်ပြီး မင်းဖြစ်မည်၊ အင်္ဂလိပ်တို့ မကြာမီ ထွက်ပြေးရမည် တို့မြန်မာများ ကောင်းစားတော့မည်” ဆိုသည့် တပေါင်သိုက်ဝင် တေးထပ်ကို ရေးသားသီကုံးလိုက်သည်မှာ-
ဟုစီကုံးရေးသားပြန် လေသည်။ ဇာတိမာန်ကြီးလှသော မျိုးချစ်ပုဂ္ဂိုလ်ကျော် ဆရာကြီး ဦးကျော်လှသည် သက္ကရာဇ် ၁၂၈၃-ခုနှစ် ဝါခေါင်လဆန်း ၅-ရက်နေ့တွင် အနိစ္စရောက်လေသည်။ ကွယ်လွန်ချိန်တွင် အသက် (၈၀)ရှိပြီ ဖြစ်သည်။ [၁] ရေးသားခဲ့သော ကဗျာများ3
ကိုးကား
|
Portal di Ensiklopedia Dunia