ရွာပုလဲမိဖုရား

ရွာပုလဲမိဖုရားသည် မင်းတုန်းမင်းမိဖုရားတစ်ပါး ဖြစ်သည်။ သီရိဥမ္မာဘွဲ့ရသည်။ အမည်ရင်းမှာ မယ်အုံ ဖြစ် သည်။ မိဖုရားစားရသော ရွာပုလဲသည် မြောင်မြို့နယ်အတွင်း တည်ရှိသည်။ မိဖုရား၏ သင်္ချိုင်းစာတွင် ရွာဘလဲ ဟု ရေးထိုးထားသည်။ ရွာပုလဲမိဖုရားသည် မင်းတုန်းမင်းနှင့် သားတော်တစ်ပါး ထွန်းကားခဲ့သည်။ ထီးလင်းမင်းသား သတိုးမင်းရဲကျော်သူ ဖြစ်သည်။ ရွာပုလဲမိဖုရားသည် ကိုလိုနီခေတ်တွင် တတိယတန်းစား မိဖုရားအဖြစ် သတ်မှတ်ခံရပြီး နိုင်ငံရေးပင်စင် ရူပီ ၅၀ နှင့် အိမ်လခ ၃၀ ရရှိသည်။ သက္ကရာဇ် ၁၂၆၆ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၄ရက် (ခရစ်နှစ် ၁၉၀၄ခုနှစ်၊ ဇူလိုင် လ ၁၅ရက်) သောကြာနေ့တွင် ကံကုန်သည်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို မန္တလေးမြို့၊ ပုဏ္ဏကံရပ်တွင် ဂူသွင်းသင်္ဂြိုဟ်ထားသည်။

ကိုးကား

  1. သန်းဝင်းလှိုင် ၏ မင်းတုန်းမင်းတရားကြီး၏ မိဘုရားတော်များ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya