တိုး၊ ဦးဆင်မြင်းခြေသည်-ချီ ရခိုင်ချီမောင်ဖွဲ့ ရတုရေးသူ ဦးတိုးမှာ ရွှေဘိုအနောက် ခရီးတစ်တိုင်ကွာ ဆီးတောရွာ၌ ၁၁၁၃-ခုနှစ်(ခရစ်နှစ် ၁၇၅၁)တွင်ဖွားမြင်၍ ကျောင်းသား၊ သာမဏေ၊ ရဟန်းဖြစ်သည်အထိ စာပေကျမ်းဂန် တတ်မြောက်အောင် သင်ကြားခဲ့ပြီးနောက် ၁၁၂၅-ခုနှစ်တွင် နန်းတတ်သော ဆင်ဖြူရှင်မင်းတရားကြီးနှင့် ၁၁၃၈-ခုနှစ်တွင် နန်းတတ်သော စဉ့်ကူးမင်းလက်ထက်တို့၌ ရတု၊ ကဗျာ၊ သီချင်းများ အပြင်ဆောင်းပါးများကိုလည်း ရေးသားသောကြောင့် ဆောင်းပါးမောင်တိုးဟု ခေါ်တွင်သည်။ ၁၁၄၃-ခုနှစ်တွင်နန်းတတ်သော ဘိုးတော်မင်းတရားကြီးလက်ထက်တွင် သားတော် အိမ်ရှေ့မင်းလက်သုံး ကျွန်ယုံတော်အဖြစ်နှင့် ထမ်းရွက်ရသည်။ ၁၁၄၆-ခုနှစ် အိမ်ရှေ့မင်း ဓညဝတီရခိုင်ပြည်ကို တိုက်ခိုက်အောင်မြင်သောအခါနှင့် ဦးတိုးရေးသားသော ရာမရကန် ပြီးဆုံးအောင်မြင်သောအခါ တိုက်ဆိုင်နေသဖြင့် အိမ်ရှေ့မင်း အလွန်နှစ်လိုခြင်းဖြစ်ရကား ဦးတိုးအား ဇေယျကျော်သူဘွဲ့နှင့် အိမ်ရှေ့သံတော်ဆင့်အရာ၊ အိမ်ရှေ့ရွှေတိုက်စိုး အရာဖြင့် ချီးမြှင့်မြှောက်စားခြင်းကို ခံရသည်။ ထိုအခါမှစ၍ သံတော်ဆင့်ဦးတိုး၊ ရွှေတိုက်စိုးဦးတိုး၊ ရကန်ဦးတိုး ဟုခေါ်တွင်လာပြန်သည်။ ၁၁၅၈-ခုနှစ်(ခရစ်နှစ် ၁၇၉၆)အသက် ၄၅-နှစ်တွင် ဦးတိုး အနိစ္စရောက်သတည်း။[၁] အမည်ကွဲများရာမရကန် ဆရာကြီးဦးတိုး ရွှေတိုက်စိုးဦးတိုး ဆောင်းပါးဆရာကြီးဦးတိုး ဆောင်းပါးမောင်တိုး စာပေလက်ရာများ
ကိုးကား
|
Portal di Ensiklopedia Dunia