ချင်းအမျိုးသားတပ်ဦး

ချင်းအမျိုးသားတပ်ဦး
အင်္ဂလိပ် အမည်Chin National Front
တည်ထောင်ခြင်း၂၀ မတ် ၁၉၈၈ (၂၀ မတ် ၁၉၈၈)
လက်နက်ကိုင် အဖွဲ့အစည်းချင်းအမျိုးသားတပ်မတော်
နိုင်ငံရေး သဘောတရားဖက်ဒရယ်ပြည်ထောင်စုစနစ်
ချင်းအခွင့်အရေး
အရောင်အနီ၊ အဖြူနှင့် အပြာ
ဝက်ဘ်ဆိုဒ်
cnfhqr.org
ပါတီအလံ

ချင်းအမျိုးသားတပ်ဦး (အင်္ဂလိပ်: Chin National Front; အတိုကောက် CNF) သည် မြန်မာနိုင်ငံရှိ အတိုက်အခံအဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ချင်းအမျိုးသား တပ်ဦး၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ချင်းအမျိုးသားတပ်မတော် (Chin National Army; CNA) သည် မြန်မာအစိုးရအား ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်ကတည်းက ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။[][]

သမိုင်းကြောင်း

ချင်းအမျိုးသား တပ်ဦးကို ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ချင်းလူမျိုးများ၏ ကိုယ်ပိုင်အခွင့်အရေးနှင့် မြန်မာနိုင်ငံတွင်း လွတ်လပ်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်နိုင်ရန် အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ချင်းအမျိုးသားတပ်ဦးနှင့် မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်း

မေလ ၂၉ ရက်နေ့တွင် CNF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နှစ်ဖက်သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ သဘောတူညီချက်တွင် အပြန်အလှန်အသိအမှတ်ပြုမှုနှင့် လေးစားမှုဖြင့် အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတို့အတွက် တန်းတူရေးအခြေခံဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပါဝင်သည်။[]

ကိုးကား

  1. Chin National Front Official Website
  2. CNF Facebook page
  3. ချင်းအမျိုးသားတပ်ဦး။ Spring Sprouts။ ၂၉ မေ ၂၀၂၅ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 May 205 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya