မွန်ပြည်ပြန်လည်ထူထောင်ရေးတပ်

မွန်ပြည်ပြန်လည်ထူထောင်ရေးတပ်
ခေါင်းဆောင်များနိုင်ပန်းညွန့်[]
စတင်လှုပ်ရှားခြင်း၂၀၀၁ (၂၀၀၁)–၂၀၁၂
ခွဲထွက်လာမှုမွန်အမျိုးသားကာကွယ်ရေးတပ်
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
ခွဲထွက်ခြင်းမွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
ဌာနချုပ်ဆောင်ခလာဘူရီ၊ ထိုင်းနိုင်ငံ
လှုပ်ရှားနယ်မြေမွန်ပြည်နယ်
တနင်္သာရီတိုင်းဒေသကြီး
နိုင်ငံရေးအယူဝါဒမွန်အမျိုးသားရေး
ခွဲထွက်ရေး
အရွယ်အစား၁၀၀-၃၀၀[][]
ပြိုင်ဘက်များပြိုင်ဘက်နိုင်ငံ

နိုင်ငံမဟုတ်သော ပြိုင်ဘက်များ

စစ်ပွဲနှင့် တိုက်ပွဲများမြန်မာ့ပြည်တွင်းပဋိပက္ခများ

မွန်ပြည်ပြန်လည်ထူထောင်ရေးတပ် (အင်္ဂလိပ်: Monland Restoration Army; အတိုကောက် MRA) သည် မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး "ဟံသာဝတီ ပြန်လည် ထူထောင်ရေးအဖွဲ့" ဟူ၍လည်း သိကြသည်။[] မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီသည် မွန်လူမျိုးများ၏ အခွင့်အရေးနှင့် တန်းတူညီမျှရေးတို့အတွက် ရည်ရွယ်သည်။[] 'မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့' ဟူ၍လည်း ရံဖန်ရံခါ ခေါ်ဆိုသည်။[]

သမိုင်းကြောင်း

မွန်ပြည်ပြန်လည်ထူထောင်ရေးတပ်သည် မွန်ပြည်သစ်ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) မှ ခွဲထွက်လာခဲ့ခြင်းဖြစ်သည်။ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် MNLA ၏ ဗိုလ်မှူးကြီးအဆင့် ဗျူဟာမှူး ဖြစ်ခဲ့သူ နိုင်ပန်းညွန့်က ဦးဆောင်ပြီး ၂၀၀၁ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မွန်အမျိုးသားကာကွယ်ရေးတပ်နှင့် ပူးပေါင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။[]

စတင်ဖွဲ့စည်းစဉ်က တပ်ဖွဲ့ဝင် ၃၀၀ ခန့်ရှိပြီး တနင်္သာရီ တောင်တန်းရှိ ဘုရားသုံးဆူလမ်းတစ်ဝိုက်တွင် လှုပ်ရှားခဲ့ကာ အခွန်များကောက်ခံခြင်း၊ မြေမြှုပ်မိုင်းများထောင်ခြင်းနှင့် ဒေသခံကျေးရွာသားများကို ပူးပေါင်းဆောင်ရွက်ရန် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် တပ်မတော်မှ ဗိုလ်မှူးကြီးတစ်ဦး အသတ်ခံရသည်ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် တပ်မတော်နှင့် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်။ ၂၀၀၂ ခုနှစ်နောက်ပိုင်းတွင် မွန်ပြည်ပြန်လည်ထူထောင်ရေးတပ်အား မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ ထိန်းချုပ်နယ်မြေများမှ မောင်းထုတ်ခဲ့ပြီး နိုင်ပန်းညွန့်သည် ထိုင်းနိုင်ငံဖက်သို့ သွားရောက်ကာ ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်းရန် ကြိုးပမ်းခဲ့သည်။[]

၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် မွန်ပြည်ပြန်လည်ထူထောင်ရေးတပ်မှ ယခင် မွန်အမျိုးသားကာကွယ်ရေးတပ် တပ်ဖွဲ့ဝင်များသည် ၂၀၀၁ ခုနှစ်တွင် ၎င်းတို့ စွန့်ခွာခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီနှင့် ပြန်လည်ပူးပေါင်းခဲ့သည်။[]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ "Ceasefire celebration noticeably absent"၊ Independent Mon News Agency၊ 29 June 2010။ 2 January 2016 တွင် ပြန်စစ်ပြီး 
  2. ၂.၀ ၂.၁ The Irrawaddi – Precarious Peace in Monland။ 6 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 May 2025 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ Mon Nationalist Movements: insurgency, ceasefires and political struggle Ashley South Ph.D. Seminar on Discovery of Ramanndesa: Mon history, identity, culture, language and performing arts. Institute of Asian Studies, Chulalongkorn University, Thailand, Bangkok, 10–13 October 2007.
  4. Mr Ashley South, Mon Nationalism and Civil War in Burma: The Golden Sheldrake., p. 339
  5. Human Rights Watch (2002), "My Gun was as Tall as Me": Child Soldiers in Burma, p. 149
  6. Mon splinter group rejoins NMSP

ပြင်ပလင့်ခ်များ

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya