ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်

ဒဂုံမြို့သစ်မြောက်ပိုင်း
​မြောက်ဒဂုံ
ဒဂုံမြို့သစ်ခရိုင်အတွင်း တည်နေရာ
ဒဂုံမြို့သစ်ခရိုင်အတွင်း တည်နေရာ
ဒဂုံမြို့သစ်မြောက်ပိုင်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ဒဂုံမြို့သစ်မြောက်ပိုင်း တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°53′0″N 96°10′0″E / 16.88333°N 96.16667°E / 16.88333; 96.16667ကိုဩဒိနိတ်: 16°53′0″N 96°10′0″E / 16.88333°N 96.16667°E / 16.88333; 96.16667
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ရန်ကုန်
ခရိုင်ဒဂုံမြို့သစ်
လူဦးရေ (၂၀၀၄)
 • စုစုပေါင်း၂၀၃,၈၈၃ []
စာပို့သင်္ကေတ၁၁၄၂၁၊ ၁၁၄၂၂

ဒဂုံမြို့သစ်မြောက်ပိုင်းသည် ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ ဒဂုံမြို့သစ်မြောက်ပိုင်း၏ မြောက်ဘက်နှင့် အရှေ့ဘက်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အနောက်ဘက်တွင် တောင်ဥက္ကလာပမြို့နယ်၊ တောင်ဘက်တွင် ဒဂုံမြို့သစ်တောင်ပိုင်းတို့ တည်ရှိသည်။ မြောက်ဒဂုံဟုလည်း ခေါ်ဝေါ်ကြသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းကို ရပ်ကွက်ပေါင်း ၂၀ ဖြင့် ဖွဲ့စည်းထားသည်။ ၁၉၈၉ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ တပ်မတော်အစိုးရတည်ထောင်ခဲ့သော မြို့သစ်များထဲတွင် ဒဂုံမြို့သစ်မြောက်ပိုင်းသည် တိုးတက်သောမြို့ဟု ဆိုနိုင်သည်။

အစိုးရ မူလတန်းကျောင်း ၂၄ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ အထက်တန်းကျောင်း ၄ ကျောင်းရှိသည်။

ရန်ကုန်မြို့ရှိ အကြီးဆုံးတက္ကသိုလ်ဖြစ်သော ဒဂုံတက္ကသိုလ်သည် ဤမြို့နယ်၏ အလယ်ပိုင်းတွင် တည်ရှိခဲ့သည်။ ဤသည်မှာ ယခင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ဟု မခွဲခြားသေးခင် အချိန်ကဖြစ်သည်။ ယခုအခါ ဒဂုံတက္ကသိုလ်၏ တည်နေရာသည် ဒဂုံမြို့သစ်အရှေ့ ပိုင်းမြို့နယ် နယ်နိမိတ် အတွင်းမှာဖြစ်သည်။

ကိုးကား

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၁၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 25, 2015 တွင် ပြန်စစ်ပြီး



Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya