တိုက်ကြီးမြို့

တိုက်ကြီးမြို့
မြို့
တိုက်ကြီးမြို့ အထင်ကရနေရာများ
တိုက်ကြီးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တိုက်ကြီးမြို့
တိုက်ကြီးမြို့
တိုက်ကြီးမြို့ တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 17°30′0″N 96°2′0″E / 17.50000°N 96.03333°E / 17.50000; 96.03333ကိုဩဒိနိတ်: 17°30′0″N 96°2′0″E / 17.50000°N 96.03333°E / 17.50000; 96.03333
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးရန်ကုန်
မြို့ရန်ကုန်
မြို့နယ်တိုက်ကြီး
ဧရိယာ
 • စုစုပေါင်း၄.၈၄၉ စတုရန်းကီလိုမီတာ (၁.၈၇၂ စတုရန်းမိုင်)
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၂၇၇,၁၆၅[]
 • လူမျိုးများဗမာ၊ ရှမ်း၊ ကရင်
 • ကိုးကွယ်
ယုံကြည်မှု
ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

တိုက်ကြီးမြို့(အင်္ဂလိပ်: Taikkyi) သည် ရန်ကုန်မြို့၏ မြောက်ဘက်အကျဆုံးအပိုင်းတွင် တည်ရှိသည်။ တိုက်ကြီးခရိုင်နှင့် တိုက်ကြီးမြို့၊ ဥက္ကံမြို့အဖျောက်မြို့တို့ ပါဝင်သည့် တိုက်ကြီးမြို့နယ်၏ ရုံးစိုက်ရာ မြို့ဖြစ်သည်။ ရန်ကုန်-ပြည် ရထားလမ်းနှင့် ‌မော်‌တော်ကားလမ်း‌ ပေါ်တွင် တည်ရှိ‌သော မြို့ ဖြစ်ပြီး ရန်ကုန်မြို့မှ အ‌နောက်‌မြောက်ဘက် ရထားလမ်းဖြင့် ၄၂ မိုင် ကွာ‌ဝေးသည်။ ကိုလိုနီခေတ်ဦး၌ ဟံသာဝတီခရိုင်တွင် ပါဝင်ခဲ့သော မြို့နယ်ရုံးစိုက်ရာ မြို့ငယ်ဖြစ်သည်။ ထိုစဉ်က မြို့နယ်အကျယ်အဝန်း (၈၉၈)စ/မိုင် ဖြစ်သည်။ []

သမိုင်းကြောင်း

တိုက်ကြီးမြို့သည် မူလက လှိုင်စီရင်စု အတွင်းမှ ကျေးရွာတစ်ခု ဖြစ်သည်။ လှိုင်မြို့ ကို မြန်မာသက္ကရာဇ် ၆၇၃တွင် သမလ-ဝိမလ ပထမပဲခူး မင်းဆက်၏ ၁၆ ဆက်မြောက် ပုဏ္ဏရိကရာဇာမင်းက တည်ထောင်ခဲ့ပြီး၊ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် အတွင်း မွန်တို့၏ ဟံသာဝတီ (၃၂) မြို့အဖြစ်လည်ကောင်း၊ ကုန်းဘောင်ခေတ်တွင် စာဆိုကျော် လှိုင်ထိပ်ခေါင်တင် အပိုင်စားရာမြို့ အဖြစ် လည်ကောင်း ထင်ရှားခဲ့သည်။ အင်္ဂလိပ်ခေတ်တွင် ဟံသာဝတီခရိုင်အတွင်း အုပ်ချုပ်ရေးရုံးစိုက်ရာ စီရင်စု အဖြစ် ဆက်လက်တည်ရှိခဲ့သည်။

၁၈၇၇ခုနှစ်တွင် ရန်ကုန်-ပြည် ရထားလမ်း ဖောက်လုပ်‌သောအခါ တိုက်ကြီးကုန်းရွာ၌ ဘူတာ ဆောက်လုပ်ခဲ့သည်။ နောင်တွင် ဘူတာအား မြောက်ဘက် နှစ်မိုင် အကွာရှိ ရှမ်းစုကျေးရွာသို့ ပြောင်းရွှေ့ခဲ့ပြီး တိုက်ကြီး အမည်ဖြင့်ပင် ထားရှိကာ ဂိတ်ကင်းတစ်ခု ဖွင့်လှစ်ခဲ့သည်။ ၁၈၉၆ ခုနှစ်တွင် လမ်းပန်းဆက်သွယ်ရေး အချက်အခြာကျသော တိုက်ကြီးဘူတာရွာသို့ လှိုင်မြို့ပိုင်ရုံးအား အပြီးတိုင် ပြောင်းရွှေ့ခဲ့ပြီးနောက် တိုက်ကြီးမြို့အဖြစ် ပြောင်းလဲလာခဲ့သည်။ တိုက်ကြီးမြို့နယ် ကို ပြည်ထဲရေးနှင်သာသနာရေးဝန်ကြီးဌာန ၃၀.၈.၁၉၇၂ ရက်စွဲပါ စာအမှတ်၊ ၁၀၃/၂၆/စိတ်(၁)ဖြင့်ထုတ်ပြန်သည့် အမိန့်ကြေညာစာဖြင့် ဖွဲစည်းခဲ့သည်။

ပထဝီဝင်အနေအထား

တိုက်ကြီးမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၁၀ မိနစ် နှင့် ၁၇ ဒီဂရီ ၄၈ မိနစ် အကြား အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၀ မိနစ် နှင့် ၉၆ ဒီဂရီ ၈ မိနစ် အကြားတွင် တည်ရှိသည်။ အရှေ့မှအနောက်သို့ (၂၉) မိုင်နှင့် တောင်မှမြောက်သို့ (၃၅) မိုင် ရှည်လျားပြီးဧရိယာစတုရန်းမိုင် ၇၀၇.၅၂၅ မိုင်ရှိသည်။

တိုက်ကြီးမြို့နယ်သည် အရှေ့ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ တောင်ဘက်တွင် မှော်ဘီမြို့နယ်နှင့် ထိစပ်လျက် ရှိပြီး အနောက်ဘက်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ဓနုဖြူမြို့နယ်ဇလွန်မြို့နယ် တို့နှင့်ထိစပ်လျက်ရှိကာ မြောက်ဘက် တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် တို့နှင့် နယ်နိမိတ်ထိစပ် လျက်ရှိသည်။

ပင်လယ်ရေမျက်နှာပြင် အထက် ပျမ်းမျှ အမြင့် (၁၀၀)ပေ အထက်တွင် တည်ရှိပြီး အမြင့်ဆုံးတောင်မှာ မှန်ပြတောင် ပင်လယ်ရေမျက်နှာပြင် အထက် (၁၅၀၀) ပေ ဖြစ်သည်။ အနိမ့်ဆုံးအရပ်ဒေသမှာ (၄၀)ပေဖြစ်သည်။ တိုက်ကြီးမြို့နယ် အတွင်းရှိ ပဲခူးရိုးမတောင်၏အမြင့်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၂၅၅)ပေခန့်ဖြစ်သည်။

လူမှုရေး

မြို့အ‌နေအထားအရ မကြီးလှ‌သော်လည်း ရန်ကုန်တိုင်းဒေသကြီး၏ မြောက်ဘက် ဂိတ်တံခါးဝ သဖွယ်တည်ရှိကာ နယ်ကျယ်၍ လမ်းဆုံ‌ဒေသဖြစ်‌သဖြင့် အ‌ရောင်းအဝယ် စည်ကားသည်။ ရန်ကုန်မြို့ကို ‌ရေပေး‌သော ဂျိုးဖြူကန်သို့ တိုက်ကြီးမှကားလမ်း ‌ဖောက်ထားသည်။

တိုက်ကြီးမြို့၏ လူဦး‌ရေမှာ ၂၀၁၄ ခုနှစ် သန်း‌ခေါင်စာရင်းအရ ၂၇၇,၁၆၅ ‌ယောက် ရှိ‌သည်။ ဗမာလူမျိုး အများဆုံးနေထိုင်ပြီး ရှမ်းကရင်နှင့် အခြားလူမျိုးများလည်းနေထိုင်ကြသည်။ တိုက်ကြီးမြို့နယ်တွင် တိုက်ကြီးမြို့၊ ဥက္ကံမြို့အဖျောက်မြို့ တို့ပါဝင်သည်။ တိုက်ကြီးမြို့အား ရပ်ကွက်(၈)ခုဖြင့်ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ- အင်္ဂလားရပ်ကွက်၊ ဘူတာရပ်ကွက်၊ ဈေးရပ်ကွက်၊ ဥပ္ပုံစုရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ ရှမ်းစုရပ်ကွက်၊ ဗောဓိကုန်းရပ်ကွက် တို့ဖြစ်ကြသည်။ တိုက်ကြီးမြို့၏မြို့မဈေးမှာလည်းအတော်အသင့်ကျယ်ဝန်းပြီး ဈေးဆိုင်တန်းများဖြင့်စည်ကားလှသည်။ တိုက်ကြီးမြို့တွင် အထက-တိုက်ကြီးမြို့နှင့် အထက(မြို့မ)-တိုက်ကြီးမြို့ဟူ၍ အထက်တန်းကျောင်း (၂) ကျောင်းရှိသည်။ []

ထင်ရှားသောနေရာများ

ကိုးကား

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၁၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 25, 2015 တွင် ပြန်စစ်ပြီး
  2. မှတ်တမ်းသမိုင်း ဒဂုံ ဧရာ တနင်္သာတိုင်း၊ လွင်မောင် ရေး၊ ၁၉၇၈၊ ဩဂုတ်လ၊ စာ - ၁၈၃
  3. မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya