ပင်လောင်းမြို့နယ်တိုက်ပွဲများ
ပင်လောင်းမြို့နယ်တိုက်ပွဲများ သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်မှစတင်ကာ ဖြစ်ပွားခဲ့သော ပြည်တွင်းပဋိပက္ခ စစ်ပွဲများ ဖြစ်သည်။ ဤတိုက်ပွဲများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ပြည်တွင်းစစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တိုက်ပွဲနောက်ခံပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ပင်လောင်းမြို့နယ်၏ အချို့အစိတ်အပိုင်းများကို ကယန်းပြည်နယ်သစ် ထဲသို့ ထည့်သွင်းလိုသည့် ရည်ရွယ်ချက်ရှိနေကြောင်း ပအိုဝ်းတိုင်းရင်းသား စစ်ရေးလေ့လာသူအချို့က သုံးသပ်ကြသည်။ ကယန်းလူမျိုးများသည် ဆီဆိုင်မြို့နယ်၊ အနောက်ဘက်ခြမ်း၊ ပင်လောင်းမြို့နယ်အနောက်ဘက်ခြမ်း၊ ဖယ်ခုံမြို့နယ်မှသည် ကယားပြည်နယ် ဒီမောဆိုအထိ ဒေသကို အနာဂတ် ကယန်းပြည်နယ်အဖြစ် ဖွဲ့စည်းလိုသော ဆန္ဒပြင်းပြနေကြသည်။[၂] ကယန်းလူမျိုးများက ယင်းဘော်၊ ဂေခို၊ လထာ (ဇယိန်) စသော ကယားအနွယ် မျိုးနွယ်စုကို ပဒေါင်အုပ်စုထဲ ထည့်သွင်းပြီး ကယန်းတိုင်းရင်းသားအဖြစ် ပုံဖော်လိုကာ၊ ၎င်းတို့၏ ဘာသာစကားကိုလည်း ပဒေါင်ဘာသာစကားဟု သတ်မှတ်ထားသည်။ ကယန်းအစုတွင် ပါဝင်သည့် လထာတိုင်းရင်းသားများ ကို ရှေးအခါက ဇယိန်တိုင်းရင်းသား ဟု ခေါ်ခဲ့ကြသည်။ ဇယိန်လူမျိုးတို့သည် ယခင်က လွယ်လုံနယ် ဟု သိထားခဲ့သော ပင်လောင်းမြို့အပါအဝင် ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းကို အုပ်စိုးခဲ့ဖူးသည့် ရှေးဦးတိုင်းရင်းသား လူနည်းစုများ ဖြစ်ကြသည်။ ထို့အပြင် ဆောင်းပြောင်းအနောက်ရွာထဲ၌ ဇယိန်တိုင်းရင်းသားတို့၏ ရွာဖြစ်သော ပင်ကျီရွာလည်း ပါဝင်နေသည်။ ဤအချက်ကြောင့် ဆောင်းပြောင်းအနောက်ရွာမှ ဒေသခံများသည် တော်လှန်ရေးဘက်တွင် ပါဝင်သူများ ရှိနေခြင်းဖြစ်ကြောင်း ထောက်ပြသူများလည်း ရှိပါသည်။ ဆောင်းပြောင်းရွာသည် ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စုအတွင်း ပါဝင်သော ရွာစုဖြစ်သည်။ ဆောင်းပြောင်းအရှေ့ရွာ (ရွာမ)၊ ဆောင်းပြောင်းမြောက်ရွာ၊ ဆောင်းပြောင်းအနောက်ရွာ နှင့် လိင်းဗွာလရွာ ဟူသော ရွာလေးရွာဖြင့် စုဖွဲ့ထားသည်။ ရွာတွင် ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်း၊ မူလတန်းကျောင်းတစ်ကျောင်း၊ အထက်တန်းကျောင်းတစ်ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု၊ တိုက်နယ်ဆေးရုံတစ်ရုံနှင့် ငါးရက်တစ်ဈေး ဈေးနေ့ရှိသည်။ ရွာ၏ အရှေ့မြောက်ဘက်ခြမ်းမှာ လိန့်ညားကျေးရွာအုပ်စုဝင် ကောင်ဗာရွာ နှင့် ထိစပ်နေသည်။ ဖယ်ခုံမြို့နယ်နှင့် ဆက်သွယ်ထားသော လမ်းကြောင်းများကြောင့် ဆောင်းပြောင်းသည် အတန်ငယ် စည်ကားသော ရွာတစ်ရွာဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် ၎င်းကိုဆန့်ကျင်သည့် အင်အားစုများအကြား ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရာ ပင်လောင်းမြို့နယ်တောင်ပိုင်းသို့ စစ်ပွဲများ ကျယ်ပြန့်လာခဲ့သည်။ အစောပိုင်းကာလများတွင် ဖယ်ခုံမြို့နယ်နှင့် ဆက်သွယ်ထားသော လမ်းပိုင်းရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အချို့ကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) အချို့က ပြောက်ကျားစနစ်ဖြင့် ချုံခိုတိုက်ခိုက်ခြင်း၊ မဟာဓာတ်အားလိုင်းတိုင်ကြီးအချို့ကို ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။ တိုက်ပွဲများ၏ အချိန်ဇယားနှင့် ဖြစ်စဉ်များ
အကျိုးဆက်များစစ်ဘေးရှောင်မှုနှင့် လူသားချင်းစာနာထောက်ထားမှု အခက်အခဲများ၂၀၂၅ ခုနှစ် မေလ ၁၇ ရက်နေ့ တိုက်ပွဲများကြောင့် ဆောင်းပြောင်းကျေးရွာရှိ အိမ်ခြေ ၈၀၀ ဝန်းကျင်မှ လူဦးရေ ၅,၀၀၀ ကျော်အနက် ၃,၀၀၀ ကျော်မှာ ပင်လောင်း၊ နောင်တရားမြို့နှင့် အနီးဆုံးကျေးရွာများဖြစ်သော ကောင်ဗာရွာ မြောက်ဘက်ခြမ်း၊ ထီဗိရွာဘုန်းကြီးကျောင်း၊ လူးဖုဲင်ꩻခြင်း၊ နန်းထာ၊ ပင်ခွန်၊ တလာပဲင်ရွာတို့သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းအခက်အခဲများ ရင်ဆိုင်နေရသည်။ ၂၀၂၄ ဇူလိုင်လ စစ်ပွဲကာလအတွင်း အုပ်စုလိုက်နေထိုင်လေ့မရှိသည့် အရပ်သားအချို့သည် တိုက်ပွဲလွတ်ရာ တောင်ပေါ်သို့ စစ်ရှောင်ကြစဉ် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ပြည်သူ့စစ်အဖွဲ့မှ တွေ့ရှိဖမ်းဆီးပြီး ငွေကြေးပေးမှသာ ပြန်လွှတ်ခြင်း၊ အရပ်သားများကို နှင်ထုတ်စစ်ရှောင်စေပြီး ရွာခံမရှိတော့သည့် အရပ်သားနေအိမ်များထဲသို့ သော့ဖျက်ဖောက်ဝင်ကာ ပစ္စည်းများ ယူငင်ခြင်း စသည်များ ကြုံတွေ့ခဲ့ရသည်။ထို့ကြောင့် ဒုတိယအကြိမ် စစ်ဖြစ်လာသောအခါ ရွာသားအချို့က အိမ်တွင်သာ နေလာခဲ့ကြသည်။ အချို့မှာ မည်သည့်နေရာမှ ပစ်သည်ကို မသိရသော သေနတ်ကျည်ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြသည်။ စစ်ရှောင်ကြသူများကလည်း မိမိတို့ပိုင်ပစ္စည်းများကို ယူနိုင်သလောက် ကားများဖြင့် သယ်ဆောင်ပြီး စစ်ရှောင်ခဲ့ကြသည်။ စစ်ပွဲပဉ္စမရက်၌ ဆောင်းပြောင်းနှင့် ကောင်ဗာရွာမှ ကျန်ရှိအရပ်သားများကို မဖြစ်မနေ စစ်ဘေးရှောင်ခိုင်းကြသည်။[၈] ထိုဖြစ်ရပ်အတွင်း အိမ်ပြန်လာသော အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်ဘက်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သွားခြင်းဟု ယုံကြည်ရသည့် အဖြစ်အပျက်တစ်ခု ကြုံတွေ့ကြရပြီး ပစ်ခတ်ခံရသူ အရပ်သားမှာ လက်မောင်းမှ လက်ဖျံအရှေ့ဘက်သို့ ကျည်ဖောက်ဝင် ဒဏ်ရာရသွားခဲ့သည်။ လူသစ်စုဆောင်းမှု ၂၀၂၄ ခုနှစ်မှစပြီး အရပ်သားအချို့မှာ PNA ပြည်သူ့စစ် တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ရွာအိမ်ခြေအရေအတွက်အပေါ် မူတည်ပြီး လက်နက်အဟောင်း ဆယ်လက်မှ အလက်နှစ်ဆယ်ကျော်အထိ ထုတ်ပေးခဲ့သည်။ အချို့လက်နက်ငယ်များမှာ CID စာလုံးပါ သက်တမ်းကြာ လက်နက်အဟောင်းများဖြစ်ပြီး ပစ်ခတ်လျင် ကျည်မထွက်ခြင်း ကြုံရသည်။ ၂၀၂၅ ခုနှစ် မေလ ၁ ရက်နေ့တွင် ရုရှားနိုင်ငံမှ လာရောက်သင်တန်းပေးထားသော ငါးလကြာမြင့်သည် PNA စစ်သင်တန်း အောင်မြင်ပြီးဆုံးခဲ့သည်။ ထိုစစ်သင်တန်းသို့ အထူးဒေသ ၆ နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ စစ်အခြေခံလေ့ကျင့်မှု ၁ လကြာအတွေ့အကြုံရှိ လူငယ်လူရွယ်အချို့ကို ရွေးချက်တက်ရောက်သင်ကြားစေခဲ့သည်။ စစ်သင်တန်းအပြင် ဒရုန်းတိုက်ခိုက်ရေး ပညာရပ်ကိုလည်း ပအိုဝ်းပြည်သူ့စစ်နှင့် စစ်ကိုင်းတိုင်းဒေသ ပြည်သူ့စစ်အဖွဲ့အား လေ့ကျင့်သင်ကြားပေးခဲ့သည်။[၉] ကိုးကား
|
Portal di Ensiklopedia Dunia