အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် ရပခ)သည် တောင်ကြီးမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ရှမ်းပြည်နယ်တောင်ပိုင်းနယ်မြေနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် ဇော်မင်းလတ် (ကြည်း-၂၇၁၈၃) (စတသ-၃၇) ဖြစ်သည်။ သမိုင်းအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အား ၁၉၆၁ ခုနှစ်၊ နှစ်ကုန်ပိုင်း၌ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အမှတ် (၄) ခြေလျင်တပ်မဟာဌာနချုပ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ် (၉) ခြေလျင်တပ်မဟာဌာနချုပ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ် (၆) ခြေလျင်တပ်မဟာဌာနချုပ်တို့ကို စုစည်းကာ တောင်ကြီးမြို့တွင် ဖွဲ့စည်းခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များတွင် အရှေ့မြောက်ပိုင်းဒေသ၌ ဗမာပြည်ကွန်မြူနစ်ပါတီမှ အပြင်းအထန်လှုပ်ရှားလာသဖြင့် ၁၉၇၀ ပြည့်နှစ်၊ ဇွန်လတွင် မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်ကို လားရှိုးမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ တပ်များ၊ တပ်မတော်စစ်ဆင်ရေးများကို မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်မှ တိုက်ရိုက်ကွပ်ကဲခဲ့သည်။ အင်အားကြီးထွားလာသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများကို ပိုမိုထိရောက်စွာရင်ဆိုင်နိုင်ရန်အလို့ငှာ ၁၉၇၂၊ ဇူလိုင်လတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အား ရပခကွပ်ကဲမှုအောက်မှ ခွဲထုတ်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လားရှိုးမြို့တွင် အခြေပြုကာ ထပ်မံဖွဲ့စည်းခဲ့သည်။ တဖန် ၁၉၉၆ ခုနှစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်းကောင်း ရပခ ကွပ်ကဲမှုနယ်မြေအတွင်းမှ ခွဲထုတ်၍ သီးခြားစစ်တိုင်းများအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ၏ ပထမဆုံးတိုင်းမှူးအဖြစ် ကြည်း-၃၅၆၉၊ ဗိုလ်မှူးချုပ်စန်းယုမှ ၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ နိုဝင်ဘာလ ၁၃ ရက်နေ့ အထိ တာဝန်ယူခဲ့သည်။ ၁၉၆၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဗိုလ်မှူးချုပ်စန်းယုသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ပြောင်းရွှေ့သွားသဖြင့် ကြည်း ၃၅၈၅၊ ဗိုလ်မှူးကြီး မောင်ရွှေသည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိယမြောက် တိုင်းမှူး ဖြစ်လာခဲ့သည်။ ဖွဲ့စည်းပုံလက်ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ အခြေချစစ်ဗျူဟာများ၊ လှုပ်ရှားစစ်ဗျူဟာများနှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁၄) ရင်းရှိသည်။ စစ်ဗျူဟာအဖွဲ့များ
အခြေချစစ်ဗျူဟာများ၊ လှုပ်ရှားစစ်ဗျူဟာများနှင့် ၎င်းတို့ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်း (၁၄) ရင်းရှိသည်။ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မနှင့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်များအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
. ကိုးကား
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှလက်ဖောင့်များဆယ်စုယခုဒေသတွင်းမြို့တွင်းစစ်ဆင်ရေးအားသင်ထောက်ကူလေကြောင်းထောက်လှမ်းရေအနီအောက်ရောင်ချီထောက်လှမ်းရေးနှင့်လေစိတ်လုံချုံးရေးစစ်ဆေးသည့်လုံးချုံးရေထောက်လှမ်းရေးအားထောက်လှမ်းရန်ငါ၏တစ်ဆယ်ရှစ့်ဂိုက်အတွင်းဘလုတုဝိုင်ဖိုင်ငါ၏ကိုယ်ခံနာထဲအိပ့်ဆေးခပ်၍ထည့်ထားသူများချိတ်ဆက်ထားသည့်သူများအားလုံးသုံးစွဲသူတိုင်းအားပြစ့်သတ်ပြစ့်ပြီးရဲတတ်ဖွဲ့အားအလောင်အားကောက်ယူရန်တာဝန်ကေးအပ်ပါယူနီဖောင်းမပါဘဲကောက်ယူသူတိုင်းထက်ဆင့်ပြစ့်သတ်ပြစ့်မည်အမိန့်*/ကာလုံ/*[{37.111.10.229 ၁၃:၁၉၊ ၁ ဇန်နဝါရီ ၂၀၂၅ (UTC)}][(37.111.10.229 ၁၃:၁၉၊ ၁ ဇန်နဝါရီ ၂၀၂၅ (UTC))](37.111.10.229 ၁၃:၁၉၊ ၁ ဇန်နဝါရီ ၂၀၂၅ (UTC))37.111.10.229 ၁၃:၁၉၊ ၁ ဇန်နဝါရီ ၂၀၂၅ (UTC)🌂👑⚔⚖🛠🔫ℹ🛡⚒🥉🥇🈁🏅🥈🗡🔨☔🔧🔪⛏🏚 နောက်ထပ်ကြည့်ရန် |
Portal di Ensiklopedia Dunia