ကယန်းအမျိုးသားတပ်မတော်

ကယန်းအမျိုးသားတပ်မတော်
ခေါင်းဆောင်များခွန်းဆောင်ဒူ[]
စတင်လှုပ်ရှားခြင်းအောက်တိုဘာ ၂၉၊ ၂၀၂၄ (၂၀၂၄-၁၀-၂၉) – လက်ရှိ
ဌာနချုပ်ဖယ်ခုံမြို့နယ်၊ ရှမ်းပြည်နယ်
လှုပ်ရှားနယ်မြေဒီးမော့ဆိုမြို့နယ်
လွိုင်ကော်မြို့နယ်
နိုင်ငံရေးအယူဝါဒဖက်ဒရယ်
ဒီမိုကရေစီ
လူနည်းစု အခွင့်အရေး
Part of
မဟာမိတ်မဟာမိတ် နိုင်ငံများ

မဟာမိတ်များ

ပြိုင်ဘက်များ မြန်မာ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)
စစ်ပွဲနှင့် တိုက်ပွဲများမြန်မာ့ပြည်တွင်းပဋိပက္ခများ
ဝဘ်ဆိုဒ် ဖေ့စ်ဘွတ်ခ် ပေါ်ရှိ ကယန်းအမျိုးသားတပ်မတော်

ကယန်းအမျိုးသားတပ်မတော် (အင်္ဂလိပ်: Kayan National Army; အတိုကောက် KNA) သည် ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်သည်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ကရင်နီလက်နက်ကိုင်တပ်ဖွဲ့ငယ်များ ပူးပေါင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မူရင်းနှင့် ရည်ရွယ်ချက်များ

၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ ဆန့်ကျင်သော ကရင်နီလက်နက်ကိုင်အဖွဲ့ငယ်များ ပူးပေါင်းကာ ကယန်းအမျိုးသားတပ်မတော် ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ စစ်ရေးကော်မတီဝင် ၁၄ ဦးမှ ဦးဆောင် ဖွဲ့စည်းခဲ့သည်။ မိုးဗြဲလွိုင်ကော်ဒီးမော့ဆိုဖယ်ခုံနှင့် ပျဉ်းမနားဒေသများကို လွှမ်းခြုံစေမည့် အနာဂတ် ကရင်နီပြည်နယ်အတွက် လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။[] တပ်ရင်း (၈) ခုဖြင့် ဖွဲ့စည်းခဲ့သည်။ []

အခြားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံရေး

အခြားသော စစ်ကောင်စီဆန့်ကျင်သည့် ကရင်နီတပ်ဖွဲ့များရှိနေစဉ်အတွင်း ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းခြင်းအတွက် ကရင်နီလူမျိုးများက ပြောဆိုခဲ့သော်လည်း ကယန်းအမျိုးသားတပ်မတော်သည် စစ်ကောင်စီဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုခဲ့သည်။[ကိုးကားချက်လိုသည်]

ကယန်းအမျိုးသားတပ်မတော်သည် အမျိုးသားညီညွတ်ရေးအစိုးရအား အသိအမှတ်ပြုသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ခံ မဟုတ်ပေ။[]

ဖတ်ရှုပါ

ကိုးကား

  1. New Ethnic Army Hopes to Represent All Kayan People. Saw Lwin. November 6, 2024. The Irrawaddy
  2. ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်း. Radio Free Asia. October 29, 2024
  3. Formation of the Kayan National Army (KNA). MoemaKa: Burmese Community News. October 31, 2024
  4. Myanmar: Kayan National Army forms to fight military junta November 4, 2024. Radio Free Asia [Date error] (2)[Date mismatch], ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  5. "New Ethnic Army Hopes to Represent All Kayan People"၊ The Irrawaddy English။ 25 May 2025 တွင် ပြန်စစ်ပြီး 
  6. "ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်း"၊ RFA Burmese၊ 2024.10.29။ 25 May 2025 တွင် ပြန်စစ်ပြီး 
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya