ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမဦးဆုံးအကြိမ် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ၏ လွှတ်တော်နှစ်ရပ်ပေါင်း လွှတ်တော် (ခေါ်) ပြည်ထောင်စုလွှတ်တော် ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီးတွင် ပေါ်ထွန်းလာခဲ့ပြီး၊ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပထမဆုံးသော ပုံမှန်အစည်းအဝေးကို စတင်ကျင်းပခဲ့သည်။ ၎င်းသည် တိုက်ရိုက်စစ်အုပ်ချုပ်ရေးမှ အရပ်သားအမည်ခံအစိုးရသို့ အသွင်ကူးပြောင်းမှု၏ အရေးပါသော လက္ခဏာတစ်ခုဖြစ်သည်။ ဖွဲ့စည်းပုံနှင့် ပါဝင်မှုပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ အသစ်ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်များ ပေါင်းစပ်ဖွဲ့စည်းထားသည်။
အဓိက ထူးခြားချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများပထမအကြိမ် ပြည်ထောင်စုလွှတ်တော်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည့် ကာလအတွင်းတွင် လုပ်ငန်းဆောင်ရွက်ခဲ့သည်။
သက်တမ်း ကုန်ဆုံးခြင်းပထမအကြိမ် ပြည်ထောင်စုလွှတ်တော်သည် ၎င်း၏ ငါးနှစ်သက်တမ်းကို ပြည့်မီပြီး ၂၀၁၆ ခုနှစ် အစောပိုင်းတွင် နောက်ဆုံးအစည်းအဝေးများ ကျင်းပကာ၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီးတွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပေါ်ပေါက်လာရန် လမ်းဖွင့်ပေးခဲ့သည်။ သမိုင်းပြည်ထောင်စုလွှတ်တော် နာယက၏ ဖိတ်ကြားချက်အရ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအေဝးကို ဇန်နဝါရီလ ၃၁ ရက်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်ခန်းမ၌ စတင်ကျင်းပသည်။ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ဦးခင်အောင်မြင့်က ဆောင်ရွက်သည်။ ဒုတိယသမ္မတများနှင့် သမ္မတ ရွေးချယ်တင်မြှောက်ရေးရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယကက နှုတ်ခွန်းဆက် စကားပြောကြားသည်။ ဆက်လက်၍ နာယကက နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင်ပါဝင်သော ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့နှင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့တွင်ပါဝင်သော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့ တို့က အစုအဖွဲ့အလိုက် ဒုတိယသမ္မတများ ရွေးချယ်တင် မြှောက်ရန်အတွက် အစုအဖွဲ့အစည်းအေဝးများကို ဖေဖော်ဝါရီလ ၁ ရက်တွင် ကျင်းပရန် သတ်မှတ်ကြေညာသည်။ အစုအဖွဲ့အလိုက် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ပြီးပါက ရွေးချယ်တင်မြှောက်ခံရသည့် ဒုတိယသမ္မတလောင်းတစ်ဦးစီ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတ အရည်အချင်းစိစစ်ရေးအဖွဲ့တွင်ပါဝင်သော ပြည်ထောင်စုလွှတ်တော် နာယကထံတင်ပြရန်နှင့် ဥပဒေနှင့်အညီ နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်ရန်အတွက် ပြည်ထောင်စုလွှတ်တော် အစည်းအေဝးကို ရပ်နားထားမည်ဖြစ်ကြောင်း ကြေညာသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့၏ ဒုတိယသမ္မတ ရွေးချယ်ခြင်းပြည်သူ့လွှတ်တော် ပုံမှန်အစည်းအေဝး၏ ဒုတိယနေ့အဖြစ် သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအေဝးကို နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ခန်းမ၌ ဆက်လက်ကျင်းပသည်။ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်း အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် အဆိုပြုလွှာကို အခမ်းအနားမှူးမှတစ်ဆင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တင်ပြခြင်းများ ဆက်လက်ဆောင်ရွက်ကြသည်။ ယင်းနောက် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိမရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့တွင်ပါဝင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ကြသည်။ ထိုသို့ရွေးချယ်ရာတွင် ကျောက်ဆည်မဲဆန္ဒနယ်မှ ဦးသောင်းကို ဟင်္သာတမဲဆန္ဒနယ်မှ ဦးဌေးဦးက အဆိုတင်သွင်းပြီး တောင်ငူမဲဆန္ဒနယ်မှ ဦးအောင်မင်းက ထောက်ခံ၍လည်းကောင်း၊ ကျောက်မဲ မဲဆန္ဒနယ်မှ ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီကို အလုံမဲဆန္ဒနယ်မှ ဦးခင်မောင်ရည် (ခ) ခိုင်မောင်ရည်က အဆိုတင်သွင်းပြီး ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုက ထောက်ခံ၍ လည်းကောင်း တင်ပြကြသည်။ အမည်စာရင်း တင်သွင်းခံရသူနှစ်ဦးရှိသည့်အတွက် မဲခွဲဆုံးဖြတ်ရာ ဦးသောင်းက ထောက်ခံမဲ ၂၈၀ မဲ၊ ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီက ၄၄ မဲရရှိကြသဖြင့် ဦးသောင်းကို နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှုရှိ မရှိ စိစစ်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် ရွေးချယ်ကြောင်းကြေညာသည်။ ထိုအဖွဲ့၌ ပြည်ထောင်စု လွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်၏ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်ပေးသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်မည်ဖြစ်သည်။ ယင်းနောက် အဆိုပြုလွှာများကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က စိစစ်နိုင်ရန်နှင့် ဒုတိယသမ္မတလောင်းများအမည်စာရင်းကို ပြုစုနိုင်ရန် အစည်းအေဝးကို တစ်ရက်ရပ်နားမည်ဖြစ်ကြောင်း ကြေညာသည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့၏ ဒုတိယသမ္မတ ရွေးချယ်ခြင်းအမျိုးသားလွှတ်တော် ပုံမှန်အစည်းအေဝး၏ ဒုတိယနေ့အဖြစ် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအေဝးကို နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ခန်းမ၌ ဆက်လက်ကျင်းပသည်။ ထို့နောက် ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်း အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့်အဆိုပြုလွှာကို အခမ်း အနားမှူးမှတစ်ဆင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကို တင်ပြခြင်းများ ဆက်လက်ဆောင်ရွက်ကြသည်။ ယင်းနောက် ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံခြင်း ရှိမရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့တွင်ပါဝင်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ကြသည်။ ထိုသို့ရွေးချယ်ရာတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ ဦးမျိုးမြင့်ကို ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က သဘောတူသည့်အတွက် ဦးမျိုးမြင့်ကို နိုင်ငံတော်သမ္မတ အရည်အချင်းနှင့်ပြည့်စုံမှု ရှိမရှိ စိစစ်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် ရွေးချယ်ကြောင်း ကြေညာသည်။ ယင်းနောက် အဆိုပြုလွှာများကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့က စိစစ်နိုင်ရန်နှင့် ဒုတိယသမ္မတလောင်းများအမည်စာရင်းကို ပြုစုနိုင်ရန် အစည်းအဝေးကို တစ်ရက်ရပ်နားမည်ဖြစ်ကြောင်း ကြေညာသည်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့၏ ဒုတိယသမ္မတ ရွေးချယ်ခြင်းပထမအကြိမ်လွှတ်တော်ပုံမှန်အစည်းအဝေးများ ကျင်းပလျက်ရှိရာ ဒုတိယနေ့အဖြစ် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင်ပါဝင်သော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့အစည်းအေဝးကို ဖေဖော်ဝါရီလ ၁ ရက်တွင် နေပြည်တော်ရှိ အနော်ရထာ ခန်းမ၌ ဆက်လက်ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အနဖြေင့် ဒုတိယသမ္မတရွေးချယ်တင်မြှောက်ခြင်းအား ဆောင်ရွက်သည်။ အစုအဖွဲ့အလိုက် ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ခြင်း (ဖေဖော်ဝါရီ ၃ ရက်)သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၏ ဒုတိယနေ့အစည်းအေဝးကို ဖေဖော်ဝါရီလ ၃ ရက် ပြည်သူ့လွှတ် တော်ခန်းမ၌ကျင်းပရာ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအေဝး ပထမနေ့ ၁-၂-၂၀၁၁၌ ကိုယ်စားလှယ်များ အဆို တင်သွင်းထားသည့် ဒုတိယသမ္မတ လောင်းနှစ်ဦး၏ အမည်စာရင်းကို ကြေညာသည်။ ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဒုတိယသမ္မတလောင်းနှစ်ဦးအား နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအတွက် သတ် မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိ/မရှိ စိစစ်ရေးအဖွဲ့က စိစစ်ရာတွင် ပြည့်စုံမှုရှိသည်ကို တွေ့ရှိရကြောင်း ကြေညာသည်။ ယင်းနောက် ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသူ နှစ်ဦးအနက် တစ်ဦးကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်နိုင်ရန် လျှို့ဝှက် ဆန္ဒမဲပေးကြသည်။ ထိုတွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌများလည်း ကိုယ်စားလှယ်များနှင့်အတူ ဆန္ဒမဲပေးကြသည်။ ဆန္ဒမဲပေးပြီးနောက် ဆန္ဒမဲပုံးများကို ကိုယ်စားလှယ် များရှေ့မှောက် တွ င် ဖွ င့် လှ စ် ပြီး သက် ဆို င် ရာနည်း ဥပဒေ များနှင့်အညီ စိစစ်ရေတွက်သည်။ ထို့နောက် ဒုတိယသမ္မတလောင်းများရရှိသည့် ထောက်ခံဆန္ဒမဲ အများအနည်းအလိုက် အမည်စာရင်းကို လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြအတည်ပြုချက်ရယူပြီး လက်မှတ်ရေးထိုး မှတ်တမ်းတင်သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဦးသိန်းစိန်ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်ကြောင်း ကြေညာကာ ဦးသိန်းစိန်၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်နာယကထံ တင်ပြသွားမည်ဖြစ်ကြောင်း ကြေညာသည်။ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၏ ဒုတိယနေ့အစည်းအေဝးကို ဖေဖော်ဝါရီလ ၃ ရက် အမျိုးသားလွှတ်တော်ခန်းမ၌ကျင်းပရာ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအေဝး ပထမနေ့ (၁-၂-၂၀၁၁)၌ ကိုယ်စားလှယ်များ အဆိုတင်သွင်းထားသည့် ဒုတိယသမ္မတလောင်းနှစ်ဦး၏ အမည်စာရင်းကို ကြေညာသည်။ ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဒုတိယသမ္မတလောင်းနှစ်ဦးကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိ/မရှိ စိစစ်ရေးအဖွဲ့က စိစစ်ရာတွင် ပြည့်စုံမှုရှိသည်ကို တွေ့ရှိရကြောင်း ကြေညာသည်။ ယင်းနောက် ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသူ နှစ်ဦးအနက် တစ်ဦးကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်နိုင်ရန် လျှို့ဝှက် ဆန္ဒမဲပေးကြသည်။ ထိုတွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ များလည်း ကိုယ်စားလှယ်များနှင့်အတူ ဆန္ဒမဲပေးကြသည်။ ဆန္ဒမဲပေးပြီးနောက် ဆန္ဒမဲပုံးများကို ရွေးကောက်ခံ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များရှေ့မှောက်တွင် တာဝန်ရှိ လွှတ်တော်ရုံး ဝန်ထမ်းကဖွင့်လှစ်ပြီး သက်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ စိစစ်ရေတွက်သည်။ ထို့နောက် ဒုတိယသမ္မတလောင်းများရရှိသည့် ထောက်ခံဆန္ဒမဲ အများအနည်းအလိုက် အမည်စာရင်းကို လွှတ်တော်ဥက္ကဋ္ဌထံတင်ပြ အတည်ပြုချက်ရယူပြီး လက်မှတ်ရေးထိုးမှတ်တမ်းတင်သည်။ ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒေါက်တာ စိုင်းမောက်ခမ်း(ခ) မောင်အုန်းကို ဒုတိယသမ္မတအဖြစ် ရွေးချယ်ကြောင်းကြေညာကာ ဒေါက်တာ စိုင်းမောက်ခမ်း(ခ) မောင်အုန်း၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြသွားမည်ဖြစ်ကြောင်း ကြေညာသည်။ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ သည် နေပြည်တော်ရှိ အနော်ရထာခန်းမ၌ ဖေဖော်ဝါရီလ ၃ ရက်တွင် အစည်းအေဝးကျင်းပ၍ ဒုတိယသမ္မတရွေးချယ်တင်မြှောက်ခြင်းကို ဆောင်ရွက်ခဲ့ရာ ဒုတိယသမ္မတအဖြစ် သီဟသူရဦးတင်အောင်မြင့်ဦးအား ကိုယ်စားလှယ်အားလုံးက ရွေးချယ်တင်မြှောက်သည်။ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ခြင်း (ဖေဖော်ဝါရီ ၄ ရက်)ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့အစည်းအေဝးကို ဖေဖော်ဝါရီလ ၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက အစုအဖွဲ့အသီးသီးက ရွေးချယ်တင်မြှောက်ပေးခဲ့သည့် ဒုတိယသမ္မတများအား နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှု ရှိ/မရှိ စိစစ်ရေးအဖွဲ့က စိစစ်ရာပြည့်စုံမှု ရှိသည်ကို တွေ့ရှိရကြောင်း ကြေညာသည်။ ၎င်းနောက် သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင်များသည် နိုင်ငံတော်သမ္မတလောင်းများဖြစ်ကြသော ဒုတိယသမ္မတ ၃ ဦးအနက် တစ်ဦးအား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်နိုင်ရန် ပြည်ထောင်စုလွှတ်တော် နာယကအပါအဝင် သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင်များရှေ့မှောက်၌ ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေးကြသည်။ ထိုသို့ ဆန္ဒမဲပေးရာတွင် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယကတို့သည်လည်း သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်များနှင့်အတူ ဆန္ဒမဲပေးကြသည်။ ဆန္ဒမဲပေးပြီးနောက် ဆန္ဒမဲပုံးများကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်များရှေ့မှောက်၌ ဖွင့်လှစ်ပြီး သက်ဆိုင်ရာနည်းဥပဒေများနှင့် အညီ စိစစ်ရေတွက်သည်။ ထို့နောက် ဒုတိယသမ္မတများရရှိသည့် ထောက်ခံဆန္ဒမဲ အများအနည်းအလိုက် အမည်စာရင်းကို စိစစ်ရေးအဖွဲ့ဝင်အားလုံးက လက်မှတ်ရေးထိုးမှတ်တမ်းတင်ပြီး ပြည်ထောင်စုလွှတ်တော်နာယကက အတည်ပြုလက်မှတ်ရေးထိုးသည်။ ယင်းနောက် လွှတ်တော်နာယကက သမ္မတလောင်း တစ်ဦးချင်းရရှိသည့် ထောက်ခံဆန္ဒမဲအများအနည်းအလိုက် အမည်စာရင်းကို ကြေညာသည်။ ပြည်ထောင်စုလွှတ်တော်နာယကက ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ကြေညာသည်။ ဆက်လက်၍ သီဟသူရဦးတင်အောင်မြင့်ဦး နှင့် ဒေါက်တာစိုင်းမောက်ခမ်း (ခ) မောင်အုန်းတို့အား ဒုတိယသမ္မတများဖြစ်ကြောင်း ကြေညာသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များ (ဖေဖော်ဝါရီ ၈-၉ ရက်)ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအေဝး ဒုတိယနေ့ကို ဖေဖော်ဝါရီလ ၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစီအစဉ်အရ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင် မြှောက်ခံထားရသူက ပြည်ထောင်စုအစိုးရဝန်ကြီး ဌာနအရေအတွက်ကို ၃၄ ဌာနဖြင့် သတ်မှတ်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်နာယကက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးဦးရေကို ၃၀ သတ်မှတ်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယကက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။၎င်းနှင့်ပတ်သက် ၍ ဆွေးနွေးရန်ရှိပါက ဖေဖော်ဝါရီ လ ၉ ရက် အစည်းအေဝးတွင် ဆွေးနွေးနိုင်ကြောင်း နာယကက သတ်မှတ်ကြေညာသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအေဝးတတိယနေ့ကို ဖေဖော်ဝါရီလ ၉ ရက် တွ င် ပြည်ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပသည်။ အစီအစဉ်အရ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည့် ပြည်ထောင်စု အစိုးရဝန်ကြီးဌာနအရေအတွက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြရန် လွှတ်တော်နာယကက ဖိတ်ခေါ်သည်။ ထို့နောက် ဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားသည့် ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းနှင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးသိန်းစိန်တို့က ဆွေးနွေးကြသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြသော ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန ၃၄ ဌာနသတ်မှတ်ခြင်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက စက်ခလုတ်အသုံးပြု၍ လျှို့ဝှက်ဆန္ဒမဲပေးကြသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ထားသည့် ပြည်ထောင်စုဝန်ကြီးဦးရေ ၃၀ သတ်မှတ်နိုင်ရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြရန် ပြည်ထောင်စုလွှတ်တော် နာယကက ဖိတ်ခေါ်သည်။ဆွေးနွေးရန်အမည် စာရင်းတင် သွင်းထားသည့် ချင်းပြည်နယ်ဖလမ်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခွန်လိန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၄) မှ ဒေါက်တာ မြတ်ဝဏ္ဏစိုး တို့က ဆွေးနွေးကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် ကော်မရှင်များ ဖွဲ့စည်းခြင်း (ဖေဖော်ဝါရီ ၁၁-၂၅ ရက်)ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအေဝး စတုတ္ထနေ့ကို ဖေဖော်ဝါရီ ၁၁ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ခန်းမ၌ကျင်းပသည်။ အစည်းအေဝးတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဖွဲ့စည်းရန် ရွေးချယ်ထားသည့်အဖွဲ့ဝင် ၉ ဦး၏အမည်စာရင်းနှင့် ယင်းတို့အနက် ခုံရုံးဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏အမည်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအေဝးပဉ္စမနေ့ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပသည်။ ထိုအစည်းအေဝးမှနေ၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဖွဲ့စည်းရန် ရွေးချယ်ထားသည့် အဖွဲ့ဝင် ၉ ဦး၏ အမည်စာရင်းနှင့် ယင်းတို့အနက် ခုံရုံးဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏အမည်ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူသည်။ ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးရေသတ်မှတ်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအေဝး ဆဋ္ဌမနေ့ကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပသည်။ အစည်းအေဝးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဦးရေ သတ်မှတ်ရေးအတွက်ပြည်ထောင်စု လွှတ်တော်၏အဆုံးအဖြတ်ကို ရယူသည်။ ဆက်လက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးရေ သတ်မှတ်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအေဝးသတ္တမနေ့ကို ဖေဖော်ဝါရီလ ၁၆ ရက်တွင် နေပြည်တော် ရှိ ပြည်ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပသည်။ အစည်းအေဝးတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးဦးရေ သတ်မှတ်ရေးအတွက် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူသည်။ ဆက်လက်၍ ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် နေပြည်တော် ရှိ ပြည်ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပသည်။ အစည်းအေဝးတွင် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူသည်။ ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအေဝး နဝမနေ့ကို ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပသည်။ အစည်းအေဝးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူသည်။ ဆက်လက်၍ ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန် အစည်းအေဝးဒသမနေ့ကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်ခန်းမ၌ ကျင်းပသည်။ အစည်းအေဝးတွင် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူသည်။ ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ် တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအေဝး ၁၁ ရက် မြောက်နေ့ကို ဖေဖော်ဝါရီလ ၂၂ရက်တွင် ပြည်ထောင်စုလွှတ်တော်ခန်းမ၌ ကျင်းပသည်။ အစည်းအေဝးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့်ပုဂ္ဂိုလ်၏ အမည်စာရင်း ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူသည်။ ဆက်လက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအေဝး ၁၂ ရက်မြောက်နေ့ကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပသည်။ အစည်းအေဝးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူသည်။ ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအဖြစ် ခန့်အပ် တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအေဝး ၁၃ ရက်မြောက်နေ့ကို ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်ခန်းမ၌ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစည်းအေဝးတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် လွှတ်တော်အလိုက် ကော်မတီများဖွဲ့စည်းရန်နှင့် လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအေဝးများကို ၂၀၁၁ ခုနှစ် မတ်လ ၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်သည်။ |
Portal di Ensiklopedia Dunia