ပလေကီးလူမျိုး

ပလေကီး (ပလေချီး) ကရင်လူမျိုးသည် ဘွဲကရင်မျိုးကွဲတွင် ပါဝင်သော လူမျိုးတစ်မျိုးဖြစ်သည်။ ပလေကီး ကရင်အမျိုးသားများသည် ခဲဖြူတိုက်ပလေချောင်း (ပသီချောင်း) ဖျားခံရာအရပ်ရှိ ပလချီး၊ ကျွဲဖြူတောင်၊ တောပြာကလေး၊ ငွေတောင်ကြီး၊ ငွေတောင်ကလေးရွာများတွင် နေထိုင်ကြသည်။ ၎င်းတို့နေထိုင်ရာ ဒေသကို အစွဲပြု၍ ပလေချီးလူမျိုးဟု ခေါ်တွင်လေသည်။

ပလေချီးကရင်လူမျိုးမှာ ဘွဲကရင်မျိုးကွဲအုပ်စုတွင် ပါဝင်သော်လည်း ယင်းတို့၏စကားနှင့် အသံနေ အသံထားများမှာ ဘွဲကရင်တို့နှင့် အနည်းငယ်ကွာခြားသည်။ ပလေချီးအမည်ခံ ဘွဲကရင်အမျိုးသားတို့၏ စကားသည် အက်စ်(s)အသံ၊ သွား၌ဖြစ်သော အသံ(ဒန္တဌာန်)များ ပါရှိသည်ကို တွေ့ရှိရပေသည်။ []

ကိုးကား

  1. မောင်ပုဆိုးကြမ်း ရေး တိုင်းရင်းသား လူမျိုးများ အဘိဓာန်စာအုပ်မှ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya