ယောလူမျိုး
ယောလူမျိုး (ဆော)များသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ တရားဝင် အသိအမှတ်ပြုထားသည့် လူမျိုး (၁၃၅) မျိုးထဲတွင် ပါဝင်သည်။ ယောလူမျိုးများသည် တိဗက်-ဗမာအုပ်စုရှိ လိုလို-ဗမာအုပ်စုတွင်ပါဝင်ကြသော ဗမာလူမျိုး၏အုပ်စုခွဲတစ်ခု ဟု ဘာသာဗေဒပညာရှင်များကသတ်မှတ်ထားသည်။ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ရိုးရာနတ် ကိုးကွယ်ကြသည်။[၁] နေထိုင်သည့် နေရာယောလူမျိုးများသည် ဂန့်ဂေါခရိုင်ရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော မြို့နယ်များတွင် နေထိုင်ကြသည်။[၂]ပခုက္ကူခရိုင်၌ ယောလူဦးရေ ၂၀၀၀၀ ကျော်ရှိပြီး ၅၀၀၀ ခန့်မှာ ပခုက္ကူမြို့ပေါ်တွင်နေထိုင်ကြသည်။ သမိုင်းယောလူမျိုးများအဆိုရှေးအခါက ယောနကတိုင်းဟူသော အမည်ဖြင့် မဇ္ဈိမဒေသ မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်ကြီးရှင် ဘုရင် နဂဒါသမင်း၏သားတော် ဇလာမိက မင်းသားအမှူးပြုသော သကျသာကီဝင် အဆက်အနွယ်တို့ အစပြု၍ နေထိုင်ခဲ့ကြသည်ဟု ယောလူမျိုးများမှ ဆိုကြသည်။ ဗမာအနွယ်ယောစကားမှ ဗမာဘာသာစကားနှင့် တူပြီး အသံထွက်နှင့် လေယူလေသိမ်း ကွဲပြားခြင်း ဖြစ်သည်။ ယောလူမျိုးများသည် ဗမာလူမျိုးအနွယ်ဝင်များ ဖြစ်သည်။ အစိုးရမှ ဗမာတိုင်းရင်းသားဟု သတ်မှတ် ထားသည်။[၁] ယဉ်ကျေးမှုစကားယောစကားမှ ဗမာဘာသာစကားနှင့် အတူတူပင်ဖြစ်ပြီး အသံထွက်နှင့် လေယူလေသိမ်း ကွဲပြားခြင်း ဖြစ်သည်။ ဝတ်စားဆင်ယင်မှုယောက်ျားများသည် ဗမာလူမျိုးမျာနှင့် တူသော ဝတ်စားဆင်ယင်မှု ရှိပြီး တိုက်ပုံအင်္ကျီနှင့် ပုဆိုး (လုံချည်) ကိုပင် ဝတ်ဆင်ကြသည်။ မိန်းမများသည် ထို့နည်၎င်း ဗမာလူမျိုးနှင့် တူသော ဝတ်စားဆင်ယင်မှု ရှိပြီး ရင်ဖုံးနှင့် လုံချည် ကိုပင် ဝတ်ဆင်ကြသည်။ ယောလူမျိုးတို၏ယဉ်ကျေးမှုယခုခေတ်အခါများတွင် ယောနယ်၌ အမျိုးသမီးတိုင်း ချည်ငင်၊ မဲဆိုး၊ ရက်ကန်းရက် အတတ်ပညာများကို တတ်မြောက်ကြရသည်။ ထိုအတတ်များကို မတတ်ကျွမ်းပါက အိမ်တွင်းမှုပညာများကို မတတ်သော မိန်းမဖျင်းဟူ၍ အထင်သေးကြသည်။ ယောနယ်၏ ပင်နီချော နှင့် ယောထဘီ လုပ်ငန်းသည် ရှေးကတည်းကပင် ထင်ရှားကျော်စောခဲ့လေသည်။ ယောမြေဒေသတွင် ဆေးဝါးကုသမှုနှင့် ပတ်သက်၍ နာမည်ကျော်ကြားနေသော အကြောင်းတစ်ရပ်ရှိပေသည်။ ၎င်းမှာ ယောနယ်၌ စုန်းကဝေ ပြုစားတတ်သူများရှိသည်။ ထိုပယောဂကို ကျွမ်းကျင်နိုင်နင်းသော ပုဂ္ဂိုလ်များ ရှိသည်ဟူ၍ ဖြစ်သည်။ ယောနယ်မှ ပယောဂဆေးများတွင် အစွမ်းထက်သော ဆေးများပါဝင်ပေသည်။[၃] ၎င်းတို့အနက် မျက်ကွင်းဆေး၊ မျက်စိကန်းဆေးနှင့် နှုတ်ခမ်းမွှေးဆေးတို့မှာ ပြုစားသူ စုန်းကဝေများကို အထူးထိရောက်အောင် ဆုံးမနိုင်သော ဆေးများဖြစ်သည်ဟု ဆိုသည်။ ယခုအခါ ထိုဆေးမျိုးလက်ကိုင်ရှိသော ဆေးဆရာများ အလွန်ရှားပါး၍ ယင်းပညာရပ်မှာလည်း ပျောက်ကွယ်သလောက် ရှိနေလေပြီ။[၄] ဘာသာရေးယောလူမျိုးတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာများ ဖြစ်ကြသော်လည်း ရှေးရိုးစဉ်လာမပျက် နတ်များကိုလည်း ကိုးကွယ်ကြပါသေးသည်။ ရွာတိုင်းတွင် ရွာအနီး သစ်ပင်ကြီးများအောက်၌ နတ်ကွန်းတစ်ခု ဆောက်လုပ်ထားကြသည်။ အခြားဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia