ကမန်လူမျိုး
ကမန်လူမျိုးသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ တရားဝင် အသိအမှတ်ပြုထားသည့်လူမျိုး (၁၃၅)မျိုးထဲတွင် ပါဝင်သည်။ ကမန်လူမျိုးသည် ရခိုင်လူမျိုးစုဝင်ဖြစ်သည်။ ရခိုင်လူမျိုးစုထဲတွင် ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့်မျိုးနွယ်စုများ ပါဝင်ဖြစ်သည်။[၁] "ကမန်"သည် ပါရှားဘာသာစကားအရ "လေး" (bow)ဟု အဓိပ္ပါယ်ရသည်။[၂] ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင် လက်ထက် ရခိုင် ဘုရင့် နိုင်ငံတော် ကို ဗမာ ဘုရင် သိမ်းပိုက် သဖြင့် ရခိုင် ဘုရင် မင်းစောမွန် သည် ဘင်္ဂလား ဒေသရှိ ဂေါလ်ဒေသ သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ဂေါလ် ဆူလတန် ဘုရင်က ကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလား ဂေါလ် ဆူလတန် ဘုရင် ၏ အကူအညီ ဖြင့် ရခိုင် ထီးနန်း ကို အရ ယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ် ကို စတင် တည်ထောင်ခဲ့သည်မြောက်ဦးမင်းပကြီးလက်ထက် ဘာသာဖြန့်ချီ၍ အစ်စလာမ်ဘာသာဝင်လာခဲ့ကြသည်။ ရှင်ငယ်မြဝါက ရွှေမျဉ်းဓမမသတ်ထုပ်၍ တားခဲ့သည်။ မြောက်ဦးခေတ် တွင် ရခိုင့် တပ်မတော်၌ အာရပ် မှစစ်သည် တော်များ၊ ဥရောပ မှ ပေါ်တူဂီများ နှင့် ဂျပန် တို့ပါအမှုတော် ထမ်းခဲ့သည်ကို တွေ့ရှိရ သည်။ ယင်းအာရပ် မှစစ်သည်တော် မျိုးဆက် အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြသည်။ ယင်း တို့ကို ရခိုင် တို့က ကမန် ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည် ၌ တိုင်းရင်းသား မျိုးနွယ်စု အဖြစ် အသိအမှတ် ပြုထားသည်။ အခေါ်အဝေါ်ရှေးရခိုင်တွင် လေးသည်တော်ကို “ ကမန် ”ဟုခေါ်သည်။ ၁၆၆၀ ပြည့်နှစ်က ဘင်္ဂလားဘုရင် ရှာရှုဂျာ မြောက်ဦးသို့ လာစဉ်က နောက်ပါအချို့ကိလို့လည်ခေါ်သည်။ အာဖဂန် အနွယ်စပ် မူဆလင်များ ဖြစ်ကြပြီး ရခိုင်စကားနှင့် အမည်တို့ကို သုံးစွဲကြသည်။ လူဦးရေ သုံးထောင်လောက်ရှိသည်။ သီးခြားရွာရှိပြီး လူမျိုး ရောနှောမှု နည်းပါးသည်။ ယင်းမူဆလင် ဘာသာဝင် ကမန် တို့သည် ရခိုင်ပြည်၌ ပြဿနာ ဖန်တီးခြင်း၊ ရခိုင် တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေး အဓိကရုဏ်း ဖန်တီးခြင်းမျိုး ကို လုံးဝ ပြုလုပ်ခြင်း မရှိဘဲ၊ ရခိုင်ပြည် နှင့် ရခိုင် လူမျိုး အပေါ် သစ္စာ ရှိရှိဖြင့် ရခိုင် တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင် လာခဲ့ကြသော လူမျိုးတစ်မျိုး ဖြစ်သည်။ [၃] ကမန်မျိုးနွယ်စုသမိုင်းနိုင်ငံတော်အစိုးရသည် တိုင်းရင်းသားမျိုးနွယ်စုများ မပျောက်မပျက်စေရန် မိသားစုအနည်းငယ်မျှသာရှိသော မျိုးနွယ်စုမှစ၍ထိန်းသိမ်းဖော်ထုတ်ကာ တိုင်းရင်းသားမျိုးနွယ်စုများစွာပါဝင်သော နိုင်ငံတော်ကြီးကို စုစည်းခိုင်မာစေသည်နှင့်အညီ ကျွန်ုပ်တို့မှာလည်း “ ကမန် ” အမျိုးသားများ၏ ပကတိမှန်ကန်သော သမိုင်းဖြစ်စဉ်တစ်စောင်ကို ကမန်အမျိုးသားများနှင့် အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများ လွယ်လင့်တကူသိရှိနိုင်စေရန်နှင့် နောင်အကြောင်းတစ်စုံတစ်ရာအတွက် လိုအပ်ပါက အထောက်အထားတစ်ရပ်အဖြစ် သုံးစွဲတင်ပြနိုင်ရန် ဤသမိုင်းမှတ်တမ်းတစ်စောင်ကို ပြုစုရခြင်းဖြစ်သည်။ ထို့အပြင် ကချင်၊ ကရင်၊ ချင်း စသည့် တိုင်းရင်းသား အများစုများမှ ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်ကြသူများရှိသကဲ့သို့ တိုင်ရင်းသားစစ်စစ်များထဲမှ အစ္စလာမ် ဘာသာကို ယုံကြည်သက်ဝင်ကြသူများ ရှိသေးကြောင်းကိုလည်း ကျွန်ုပ်တို့ ဖော်ထုတ်လိုရင်းဖြစ်သည်။ ရခိုင်ရာဇဝင်ထဲမှ ကမန်သမိုင်းကိုလေ့လာလျှင် ကမန်သည်အိမ်နီးနားချင်းဆက်စပ်နေသောနိုင်ငံ တစ်ခု၏ လူမျိုးတစ်မျိုးမှပေါက်ဖွားလာသော မျိုးနွယ်စုတစ်မျိုးမဟုတ် “ မည်သည့်အိမ်နီးနားချင်းနိုင်ငံတစ်နိုင်ငံတွင်မှ ကမန်ဟူသော အမည်ဖြင့် လူမျိုးများနေထိုင်ကြကြောင်း သမိုင်းအထောက်အထားများ လုံးဝမရှိပါပေ”။ ကမန်မျိုးနွယ်စုသည် ရခိုင်လူမျိုးစုကြီးထဲတွင် အထင်အရှားပါဝင်နေပြီး ကမ္ဘာအရပ်ရပ် မည်သည့်တိုင်းပြည်နိုင်ငံများတွင်မျှ ကမန်လူမျိုးစုနှင့်မျိုးနွယ်တူ တိုင်းတစ်ပါးသားကျောထောက်နောက်ခံလူမျိုးဟူ၍ လုံးဝမရှိသော မြန်မာနိုင်ငံတိုင်းရင်းဖွားမျိုးနွယ်စုတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်၏ သမိုင်းစဉ်တစ်လျှောက်တွင် မည်ကဲ့သို့သော အခက်အခဲများ ကြုံကြိုက်ခဲ့ပါစေ၊ တိုင်းတစ်ပါးနိုင်ငံများသို့ လူမျိုးစုအလိုက် ထွက်ပြေးတမ်းရှောင်ခြင်း၊ တိုင်းတစ်ပါးအားကိုး အားထားပြုခြင်းများလည်း မရှိဖူးပါချေ။ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ပြီး ရခိုင်ရိုးရာ ယဉ်ကျေးမှုအတိုင်းပင် ဆက်လက်နေထိုင်လျက်ရှိသော တိုင်းရင်းသားမျိုးနွယ်စုတစ်ခုပင်ဖြစ်သည်။ ကမန်များမှာ ရခိုင်ပြည်နယ်တွင် ပေါက်ဖွားကြီးပြင်းကြပြီး မြန်မာပြည်အတွင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုတစ်စုဖြစ်သည်။ အမေကျော် ဒွေးဒေါ်လွမ်းစရာ နိုင်ငံရပ်ခြားသံယောဇဉ် တစ်စုံတစ်ရာမရှိပါချေ။
အချုပ်ဆိုရသော် ကမန်အမျိုးသာများသည် ရခိုင်နွယ်ဖွားတိုင်းရင်းသားလူမျိုးတစ်ရပ်ဖြစ်သည့်အားလျော်စွာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ရိုးရာအစဉ်အလာကောင်းများကို ထိန်းသိမ်းလျက်ရှိကြသည်။ ရခိုင်ပြည်နယ်အပါအဝင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ထာဝစဉ်တိုးတက်သာယာရေးနှင့်လွတ်လပ်ရေး ထိန်းသိမ်းကာကွယ်ရေးတို့တွင် ကျရာကဏ္ဍမှ ကျရာတာဝန်များကို ဆောင်ရွက် သွားရမည်ဖြစ်သည်။ [၄] ကမန်လူမျိုးများထဲမှ ထင်ရှားကျော်ကြားသူများ
ကိုးကား
|
Portal di Ensiklopedia Dunia