မြောင်ဇီးလူမျိုး
ပြည်ထောင်စုအခမ်းအနားတွင် နေဝန်း လဝန်းသဏ္ဌာန် ခေါင်းပေါင်းများနှင့်သက်တန့်အရောင်မျိုးစုံပါသော အင်္ကျီဝတ်ထားသည့် အသားဝါချော အမျိုးသမီးများ ကို တွေ့ဖူးကြပေမည်။ ၎င်းတို့ကား တိုင်းရင်းသားမြောင်ဇီးအမျိုးသမီးများ ဖြစ်၏။ ယူနန်နယ်တွင် ယင်းတို့ကို "မျောင်"ဟု ခေါ်ဝေါ်၍ ဝနယ် အရှေ့ဖျား ဒေသတွင် ယင်းတို့အချင်းချင်း "မျောင်စီး"ဟု ခေါ်ဝေါ်ဆက်ဆံလျက်ရှိကြသည်။
ဝင်ရောက်လာပုံရှေးရာစုပေါင်းများစွာကပင် ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့ရင်း တရုတ်ပြည် ကွေကျင်းဒေသသို့ရောက်လာကြောင်း၊ ထိုနေရာမှတစ်ဆင့် မြန်မာပြည် တွင်းသို့ ဝင်ရောက်လာကြကြောင်းကို ၎င်းတို့က ပြောပြကြ၏။ မူလဝင်ရောက်လာသော မြောင်ဇီးအုပ်စုတွင် ဦးဆောင်သူအကြီးအကဲ ၄ ဦးရှိရာ၎င်းတို့မှာ...
![]() ရှမ်းပြည်မြောက်ပိုင်း လားရှိုးမှ အရှေ့တောင် စူးစူးသို့ မိုင်တစ်ရာခန့်သွားလျှင် တန်ယမ်းသို့ရောက်၏။ တန်ယမ်းမှ တစ်ဖန် လားဖြင့် ခရီးဆက်လျှင် ဝနယ်၏ မြို့တော် ဖြစ်သော ဟိုပန်သို့ ရောက်၏။ ဟိုပန်မှ တစ်ဖန် လားဖြင့် နှစ်ညသုံးညအိပ် ခရီးဆက်ပါက မြောင်ဇီးလူမျိုးတို့ နေထိုင်ရာ တရုတ် - မြန်မာနယ်စပ်သို့ ရောက်တော့၏။ မြောင်ဇီးလူမျိုးလူမျိုးတို့သည် သံလွင်မြစ်အရှေ့ဘက်ကမ်း၌ နေထိုင်ကြပြီးလျှင် သံလွင်မြစ် အနောက်ဘက်ကမ်းရှိ လူမျိုးတို့နှင့်မူ လုံးဝ အဆက်အသွယ် မရှိသလောက် ဖြစ်သည်ဟု သိရှိရသည်။
အိမ်တွင် စားသုံးရန်နှင့်ရိုးရာဓလေ့ထုံးစံများအရ ပူဇော်ပွဲလုပ်ရန်အတွက် ကြက်၊ ဝက်၊ နွား၊ ကျွဲတို့ ကို အိမ်ခြံဝင်းအတွင်း မွေးမြူထားကြ၏။ ဈေးတွင် ရောင်းချရန်အတွက် မမွေးမြူကြပါ။ တောင်ယာလုပ်ငန်းပြီး၍ အားလပ်သည့်အခါနှင့်တောင်ယာလုပ်ငန်းသို့ မပါဝင်ရသောအိမ်သားက လေးလူကြီးတို့သည် နေ့စားအလုပ်သမားများအဖြစ် ကျပန်းအလုပ်များ လုပ်ကြ၏။ လွတ်လပ်ရေးမတိုင် မီခေတ်များအချိန်က နယ်ခြားရှိ တရုတ်ဘိန်းကုန်သည်များက လားဝန်တင်များနှင့်အတူ လမ်းပြအဖြစ်လိုက် ပါရန် အခကြေးငွေ ရက်ရောစွာပေးပြီး ငှားရမ်းလျှင် ရက်ရှည်လများ လိုက်ပါသွားတတ်ကြ၏။ လုပ်ခအ တွက် ငွေကြေးထက် ဆန်၊ ဆား၊ အဝတ်အစားတို့ကို ပေးခြင်းကို ပိုမိုလိုလားကြသည်။ အလုပ်သမားအဖြစ် ၎င်းတို့အား ငှားလျှင် ငှားသူသည်၎င်းတို့အား ကျွေးမွေးမှုတာဝန် ယူရသည်။ ခရီးရှည်တွင် လိုက်ပါရလျှင် အပြန်ခရီး၎င်းတို့စားသောက်ရန် ရိက္ခါတို့ကိုပါ ပေး၍ ငှားရသည်။ ယခုအခါ လမ်းဖောက်ခြင်း၊ တောင် ယာတိုးချဲ့ခြင်း၊ ဆည်မြောင်းဖောက်ခြင်းစသော ပြည်နယ်တို့၏ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ အခစားအဖြစ်၎င်း၊ စေတနာ့ဝန်ထမ်းအဖြစ်၎င်း ပါဝင်လုပ်အားပေးလျက် ရှိကြသည်။ လူမှုရေးစနစ်တွင် မြောင်ဇီးတို့သည် မိသားစုစိတ်ဓာတ် ရှိကြ၏။ အမျိုးအနွယ်စု(ဃူညေ)အလိုက် နေ ထိုင်လေ့ရှိပြီး အမျိုးအနွယ် မတိမ်ကောရန် ထိန်းသိမ်းကြသည်။ မြန်မာပြည်တွင်းရှိ မြောင်ဇီးအမျိုးအနွယ် များမှာ (၁)ကျန်၊ (၂)ရှုံ့၊ (၃)ယန့်၊ (၄)မား၊ (၅)ဝန့်၊ (၆)လီ၊ (၇)ထောင်နှင့်(၈)ဝူးတို့ ဖြစ်ကြ၏။ အမျိုးအ နွယ်စိတ် ရှိကြသော်လည်း အခြားတိုင်းရင်းသားများနှင့်ရောနှောနေထိုင်လေ့လည်း ရှိကြသည်။ အရိုက်အရာခံခြင်းတွင် ယောက်ျားဦးစားပေးသောစနစ်ကို ကျင့်သုံးသည်။ အမျိုးအနွယ်ဆက်ရာတွင် လည်း ယောက်ျားမျိုးရိုးဖက်သို့သာ ဆက်ရသည်။ သားကြီးသည် မိဖအရိုက်အရာခံရပြီး၎င်းမရှိပါက တူ၊ ညီ၊ ဦးလေးစသည်တို့က ဆက်ခံရသည်။ အရိုက်အရာခံသူသည် ကောင်းမွေစံပြီး ဆိုးမွေလည်း ခံရသည်။ အမွေပေးရာတွင် မိဘသဘောကျ ခွေဲဝနိုင်သည်။ အတူနေသားသမီးများသည် အမွေပိုရထိုက်သည်ဟုယူဆ ကြသည်။ အမွေမခွဲမီ မိဘသေဆုံးသော် ဆွေမျိုးသားချင်းတို့က အမွေခွေဲဝပေးသည်ကို နာခံကြသဖြင့် အ မှုအခင်း မဖြစ်ပွားတတ်ချေ။ မိန်းကလေး အရွယ်ရောက်၍ လက်ထပ်လျှင် လင်ယောက်ျားဖက်သို့ လိုက်ပါ ရသည်။ မြောင်ဇီးတို့သည် လူရာသွင်းအခမ်းအနားကို၎င်းတို့၏ယဉ်ကျေးမှုစရိုက်အတိုင်း ပြုလုပ်လေ့ရှိသည်။ ကိုယ်ဝန်ဆောင်မိန်းမသည် အိမ်တွင် ဖော်စပ်ထားသော ဆေးမီးတိုကို မှီဝဲပါသည်။ ကလေးမွေးလာသော အခါ မီးလှုံခြင်း မပြုပါ။ ကလေးရော မိခင်ပါ သန့်ရှင်းစွာ ရေချိုးပြီး အိပ်ရာသစ်သို့ ပြောင်းရွှေ့အိပ်ကြ သည်။ မီးတွင်းတစ်လ၌ မီးနေသည်သည် ထမင်းပျော့နှင့်ကြက်ဥ၊ ကြက်သားများကို ငြုတ်ကောင်းနှင့်ပြုတ် ကာ မှီဝဲခြင်းဖြင့် အားသစ်မွေးယူပါသည်။ မီးထွက်သောအခါ ဆေးပေါင်းအိုးမှအငွေ့နှင့်ချွေးအောင်းသည်။ ကင်ပွန်းတပ်အမည်ပေးခြင်းကို ကလေး ၃ ရက်သားတွင် ပြုလုပ်သည်။ မိဘကြိုက်ရာ အမည်ပေး နိုင်၏။ ကင်ပွန်းတပ်ရာတွင် ကြက်တစ်ကောင်သတ်ပြီး ရိုးရာနတ်အား ပသရသည်။ နတ်တင်ကျကို မိခင် က စားရသည်။ သားယောက်ျားကလေးဆိုလျှင် အမြတ်တနိုးထားကာ ကင်ပွန်းတပ်၏။ ဧည့်သည်များ ဖိတ်ခေါ်ကျွေးမွေးရာ၎င်းတို့က ကလေးအတွက် ကြက်ဥ၊ ကြက်၊ အဝတ်အစားနှင့်ကစားစရာများကို လက် ဖွဲ့ကြသည်။ ခေတ်ဟောင်းအချိန်က မြောင်ဇီးကလေးများသည် ၇-၈ နှစ်အရွယ်မှစပြီး မိဘများနှင့်တောင်ယာနှင့် အိမ်တွင်းလုပ်ငန်းများတွင် ကူညီကြရင်း ကြီးပြင်းသွားကြ၏။ စာရေး စာဖတ် လုံးဝမတတ်ကြချေ။ ယခု အခါ ကျေးရွာများတွင် တိုးချဲ့ဖွင့်လှစ်လျက်ရှိသော မူလတန်းကျောင်းများ၌ အသုံးလုံးပညာရေးကို ဆည်း ပူးကြရသဖြင့် မြောင်ဇီးလူငယ်များစွာတို့မှာ မြန်မာစကားနှင့်မြန်မာစာကို အတော်အတန် တတ်ကျွမ်းလျက် ရှိလပြေီ။ သို့သော် တောင်ယာလုပ်ချိန်တွင် မိဘများအား ကူညီရန် ကျောင်းမှအခွင့်ယူသွားတတ်ကြ၏။ အသက် ၁၅-၁၆ နှစ်တွင် အပျိုလူပျိုဖော်ဝင်ကြပြီး ပိုးပန်းကြလေသည်။ အပျိုမိဘများသည် သမီး ပျိုအုပ်ထိန်းရေးတွင် လွန်စွာစည်းကမ်းကြီးသဖြင့် လူပျိုတို့ ပိုးပန်းရာတွင် လွတ်လပ်မှုမရှိလှချေ။ တောင် ယာလုပ်ရင်းသော်လည်းကောင်း၊ တောတွင်း ထင်းခုတ်ရာတွင်၎င်း၊ ရိုးရာဓလေ့ပွဲများ၊ နတ်ပူဇော်ပွဲများအချိန်တွင်သော် ၎င်း၊ လူပျိုလှည့်ကြသည်။ လူပျိုသည် တူရိယာပစ္စည်းကို တီးမှုတ်ခြင်းဖြင့်၎င်း၊ စောင်းချိတ်သောစကားပါ သည့်အချစ်သီချင်းကို သီဆိုခြင်းဖြင့်၎င်း မိန်းမပိုးကြ၏။ မိန်းကလေးမိဘများထံသို့ လူကြီးစုံရာနှင့်သို့မဟုတ် အောင်သွယ်မှတစ်ဆင့် စကားကမ်း၍ တောင်း ရမ်းရသည်။ သဘောတူက နေ့ကောင်းရွေးပြီး သတို့သားက နွား ၂ကောင်၊ ငွေသား ၈ဝိနှင့်သတို့သမီးကို တင်တောင်းရသည်။ အပြည့်မပေးနိုင်သေးက လက်ထပ်ပြီးနောက် တဖြည်းဖြည်းပေးသွားနိုင်သည်။ တတ် နိုင်သူဆိုလျှင် ထို့ထက်ပို၍ တင်တောင်းတတ်သည်။ နွမ်းပါးသူဖြစ်လျှင် လူကြီး ၂ ဦးကို ဖိတ်ခေါ်ကျွေးမွေး ခြင်းဖြင့် အကြင်လင်မယားအရာ မြောက်သွားနိုင်သည်။ တတ်နိုင်သူများကား ရွာလုံးကျွတ် ဖိတ်ကျွေးပြီး အဝတ်အစားများကို လက်ဖွဲ့အဖြစ် ပေးကြသည်။ အိမ်ထောင်ကျပြီး သားယောက်ျားမွေးလျှင် လင်က နောက်မိန်းမယူခွင့်ရှိသည်။ နောက်မိန်းမကို မ ယားကြီးနှင့်အတူတူ ထားသည်။ သားယောက်ျားမွေးပေးသောမိန်းမသည် မိန်းမကြီးနေရာ ရ၏။ သားယော ကျာ်းသာ ဖခင်မျိုးရိုးကို ဆက်သူဖြစ်သည်ဟုယုံကြည်ကြ၏။ လင်မယားကွာရှင်းရာတွင် ကွာလိုသူသည် လက်လွတ်အိမ်မှဆင်းပေးရသည်။ သို့သော် အပြစ်ရှိသူ မဟုတ်ပါက ထိုက်သင့်သောပစ္စည်းများ ယူသွား နိုင်ခွင့် ရှိသည်။ သားသမီးများမှာ လင်သာပိုင်သဖြင့်၎င်းနှင့်ထားရစ်ရသည်။ လင်ကွာနှင့်မုဆိုးမများ နောက်အိမ်ထောင် ပြုခွင့်ရှိကြ၏။
ကိုးကား
|
Portal di Ensiklopedia Dunia