စကောကရင်လူမျိုး
စကောကရင် (ကရင်: စှီၤ သို့မဟုတ် ပှၤကညီဖိ)၊ ကရင်ဖြူ[၁] သည် မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတွင် နေထိုင်ကြသော လူမျိုးစုတစ်ခု ဖြစ်ပြီး[၂] စကောကရင်ဘာသာစကားကို ပြောဆိုကြသည်။[၃] စကောကရင်သည် ကရင်လူမျိုးစုဝင် ဖြစ်သည်။ ကိုလိုနီခေတ်တွင် ကရင်နီနှင့် ပအိုဝ်း (ကရင်မည်း)နှင့် ခွဲခြားခေါ်ဆိုရန် ကရင်ဖြူ ဟု သုံးနှုန်းခဲ့ကြသည်။[၁] စကောကရင်လူမျိုးများသည် မြန်မာနိုင်ငံ အရှေ့ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် နေထိုင်ကြသည်။ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သော ကရင်ပြည် ပဋိပက္ခများကြောင့် အများစုမှာ ထိုင်း-မြန်မာ နယ်စပ်သို့ ပြောင်းရွှေ့ကာ ဒုက္ခသည်များအဖြစ် နေထိုင်ကြသည်။ စကောကရင်လူမျိုးများသည် ကရင် အမျိုးသား အစည်းအရုံး (ကေအင်ဒီအို)၊(ကေအင်ယူ) ကို တည်ထောင်ခဲ့ကြသူများလည်း ဖြစ်သည်။ အခေါ်အဝေါ်ရင်းမြစ်စကောဟူသော စကားလုံး၏ မူလအသံထွက်မှာ ရှောင် ဖြစ်သည်။ ရှောင်ကို ဗမာလို ရေးသည့်အခါ အဆင်မပြေ၍သော်လည်းကောင်း မူလပြောဆိုသူက ရှောင်ဟူသော စကားလုံး၏ အသံထွက်ကို ပီပြင်စွာ မပြောနိုင်သောကြောင့်သော်လည်းကောင်း စကောဟူသော စကားလုံးက ဗမာစာပေတွင် တွင်ကျယ်နေခြင်းဖြစ်သည်။ စကောဟူသော စကားလုံး၏ ကရင်အသံထွက်အမှန်မှာ "ရှောင်" ဖြစ်ပါကြောင်း ဖြည့်စွက်ရေးသားလိုက်ရပေသတည်း။ ကိုးကား
|
Portal di Ensiklopedia Dunia