ဗာတီကန်-မြန်မာ ဆက်ဆံရေး
မြန်မာ–ဗာတီကန် ဆက်ဆံရေးသည် မြန်မာနိုင်ငံ နှင့် ဗာတီကန်မြို့တော် တည်ရှိရာ ဟိုလီဆီး (ဗာတီကန်နန်းတော်) တို့အကြား နှစ်နိုင်ငံဆက်ဆံရေးကို ရည်ညွှန်းသည်။[၁]နှစ်နိုင်ငံဆက်ဆံရေးအား ၂၀၁၇ခုနှစ် မေလ ၄ရက်နေ့တွင် စတင်ထူထောင်ခဲ့ကြသည်။ဗာတီကန် သည် ရန်ကုန် တွင် ပုပ်ရဟန်းမင်းကြီး ၏ ကိုယ်စားလှယ်တစ်ဦး ထားကာ မြန်မာနိုင်ငံ ကလည်း ဗာတီကန် တွင် သံရုံး ဖွင့်လှစ်ထားသည်။[၂] သမိုင်းကြောင်း၁၉၉၀ပြည့်နှစ် မှ ၂၀၁၇ ခုနှစ်အတွင်း ဗာတီကန် သည် မြန်မာနိုင်ငံကက်သလစ်ဘာသာဝင်များထံတွင် အစိုးရ၏တရားဝင်ကိုယ်စားလှယ်မဟုတ်သော ကိုယ်စားလှယ်များထားရှိခဲ့ဖူးသည်။ ၂၀၁၇ ခုနှစ် နှစ်စပိုင်းတွင် ဟိုလီဆီး ဘက်က သံတမန်ဆက်ဆံရေးထူထောင်ရန် မြန်မာဘက်သို့ အဆိုပြုခဲ့သည်။ယင်းအပေါ် မြန်မာဘက်ကလည်း လက်ခံခဲ့ပြီး ၂၀၁၇ ခုနှစ် မေလ ၄ရက်နေ့တွင် တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ကြသည်။[၃] မြန်မာနိုင်ငံသည် ဗာတီကန် နှင့် သံတမန်ဆက်ဆံရေး ထူထောင်သည့် ၁၈၃ ခုမြောက်နိုင်ငံ ဖြစ်လာခဲ့ပြီး ဗာတီကန် သည်လည်း မြန်မာနိုင်ငံ နှင့် သံတမန်ဆက်ဆံရေးထူထောင်သည့် ၁၁၈ ခုမြောက် နိုင်ငံ ဖြစ်လာခဲ့သည်။[၄] နှစ်နိုင်ငံဆက်သွယ်ရေးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၇ ခုနှစ် ဥရောပခရီးစဉ် အတွင်း ဗာတီကန် သို့ ရောက်ရှိခဲ့ပြီး မြန်မာ နှင့် ဗာတီကန်အကြား တရားဝင်သံတမန်ဆက်ဆံရေးကို အပြည့်အဝ အပြန်အလှန်ထူထောင်ထားရှိရန် သဘောတူခဲ့သည်။[၅] ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက် နေ့တွင် ပုဂ်ရဟန်းမင်းကြီး သည် မြန်မာနိုင်ငံ သို့ ပထမဆုံးအကြိမ် မြန်မာပြည် ခရီးစဉ် လာရောက်ခဲ့သည်။[၆] ကိုးကား
|
Portal di Ensiklopedia Dunia