သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းခြင်း၁ ဧပြီ ၂၀၁၅
ဝန်ကြီးများဗိုလ်ချုပ်ကြီး မြထွန်းဦး
ဌာနအကြီးအမှူးများဦးစိုင်း​စောလင်းထွန်း၊ ​ခေတ္တညွှန်ကြား​ရေးမှူးချုပ်
မိခင်အဖွဲ့အစည်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်dwir.gov.mm

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (အင်္ဂလိပ်: Information Technology and Cyber Security Department) သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

သမိုင်း​ကြောင်းနှင့် ဖွဲ့စည်းပုံ

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ( ၂/ ၂၀၁၅ ) အရ ဆက်သွယ်ရေးနှင့် အချက်အလက်နည်းပညာ ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာ အမှတ် (၉/၂၀၁၅) ဖြင့် သတင်း အချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ တည်ထောင် ဖွဲ့စည်းခဲ့သည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေ ဦးစီးဌာန အနေဖြင့် ဌာနဆိုင်ရာ အသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်ထား သည့် e-Government လုပ်ငန်းစဉ်များအား အကျိုးရှိရှိ ပေါင်းစပ် အသုံးပြုနိုင်ရေး၊ လုပ်ငန်းစဉ် အသစ်များအား လေ့လာ၍ စီမံကိန်း အသစ်များ ရေးဆွဲအကောင်အထည် ဖော်ဆောင်ရေး၊ သတင်း အချက်အလက် ဆက်သွယ်ရေး နည်းပညာ (ICT) စံနှုန်းများ သတ်မှတ်နိုင်ရေး၊ လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး၊ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး လုပ်ငန်းများ စနစ်တကျကြီးကြပ်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် အဖွဲ့အစည်း၊ ဌာနဆိုင်ရာ အချင်းချင်းတို့အား ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍ အောက်ဖော်ပြပါ ဌာနခွဲ(၆)ခုဖြင့် တည်ထောင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။[]

ဖွဲ့စည်းပုံ

  • သတင်းလုံခြုံ​ရေးဌာန
  • လုံခြုံမှုစစ်​ဆေး​ရေးဌာန
  • စီမံ/ဘဏ္ဍာ/ထောက်ပံ့ရေးဌာန
  • e-Government ဌာန
  • ဥပဒေ/နိုင်ငံတကာ/ပြန်ကြားရေးဌာန
  • National Cyber Security Center
  • ဂြိုဟ်တုဆက်သွယ်ရေးဌာန
  • သင်တန်းကျောင်း

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya