ကရင်နီဘာသာစကား
ကရင်နီဘာသာစကား သို့မဟုတ် ကယားဘာသာစကား (ကယား: ကယး လီူး ꤊꤢꤛꤢ꤭ ꤜꤟꤤ꤬) သည် မြန်မာနိုင်ငံရှိ ကယားလူမျိုး (ကရင်နီလူမျိုး) ငါးသိန်းကျော် (၅၀၀,၀၀၀ ကျော်) ပြောဆို အသုံးပြုကြသော ကရင်ဘာသာစကားတစ်ခု ဖြစ်သည်။ ကယား ဟူသော ဝေါဟာရသည် အခြားကရင်များမှ ခွဲခြားခေါ်ဆိုရန်အတွက် ဖန်တီးခဲ့ခြင်း ဖြစ်သည်။[၅] ၂၀၀၀ ခုနှစ်တွင် အရှေ့ကယားဘာသာစကားကို မြန်မာနိုင်ငံတွင် လူဦးရေ ၂၆၀,၀၀၀ နှင့် ထိုင်းနိုင်ငံတွင် ၁၀၀,၀၀၀ တို့က ပြောဆိုအသုံးပြုကြသည်ဟု ဆိုသည်။ ၁၉၈၇ ခုနှစ်တွင် အနောက်ကယားဘာသာစကားကို မြန်မာနိုင်ငံတွင် လူဦးရေ ၂၁၀,၀၀၀ ခန့်က ပြောဆိုအသုံးပြုကြသည်။ ယင်းနှစ်ခုသည် ကွဲပြားသော ဘာသာစကားနှစ်ခု ဖြစ်သည်။ အနောက်ကယား၏ ဒေသိယစကားများမှာ ယင်းတလဲ နှင့် မနုမနော တို့ ဖြစ်ကြသည်။ ပျံ့နှံ့မှုနှင့် မူကွဲများအရှေ့ကယားဘာသာစကား ကို
အရှေ့ကယား ဒေသိယစကားများမှာ အထက်အရှေ့ကယားနှင့် အောက်အရှေ့ကယား တို့ဖြစ်ပြီး အပြန်အလှန် နားလည်နိုင်သည်။ အရှေ့ကယားသည် အနောက်ကယားဘာသာစကားကို နားလည်နိုင်ရန် အခက်အခဲရှိသည်။ အနောက်ကယားဘာသာစကား ကို ကယားပြည်နယ်နှင့် သံလွင်မြစ်အရှေ့ပိုင်းရှိ ကရင်ပြည်နယ်တို့တွင် ပြောဆိုအသုံးပြုကြသည်။ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တွင်လည်း ပြောဆိုအသုံးပြုကြသည်။[၁]
အနောက်ကယား ဒေသိယစကားများသည် ထိုင်းနိုင်ငံမှ ပျံ့နှံ့လာသော အလယ်ကရင် မူကွဲများ၏ တစ်စိတ်တစ်ပိုင်းများ ဖြစ်ကြသည်။ ယင်းတို့မှာ[၁]
အနောက်ကယား၏ မူကွဲတစ်ခုဖြစ်သော ယင်းတလဲဘာသာစကား ကို ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့နယ်ရှိ ကျေးရွာ သုံးရွာတွင် ပြောဆိုအသုံးပြုကြသည်။[၁] ယင်းတလဲဒေသိယစကားများမှာ ဘောလခဲနှင့် ဝမ်အောင်း တို့ ဖြစ်သည်။ ကော်ယော်ဘာသာစကား သည် အနောက်ကယားဘာသာစကားနှင့် ဆင်တူပြီး ကယားပြည်နယ် ဘော်လခဲမြို့နယ်နှင့် ဖရူးဆိုးမြို့နယ် နယ်နိမိတ်များရှိ ကျေးရွာ ၂၃ ရွာတွင် ပြောဆို အသုံးပြုကြသည်။ ကော်ယော် ဒေသိယစကားများမှာ တော်ခူ နှင့် ဒိုလိုဆို တို့ဖြစ်ကြပြီး အပြန်အလှန် နားလည်ရန် ခက်ခဲသည်။ ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia