စကောကရင်ဘာသာစကား
စကော (ကရင်: စှီၤ/ကညီကျိာ်)၊ စကောကရင်ဘာသာစကား သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ စကောကရင်လူမျိုးတို့ အဓိက ပြောဆိုအသုံးပြုကြသော ဘာသာစကားတစ်ခု ဖြစ်သည်။ တရုတ်-တိဗက်နွယ်ဘာသာစကား မိသားစုတွင် ပါဝင်သော ကရင်ဘာသာစကားတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် လူဦးရေ လေးသန်းကျော်ခန့်၊ ကရင်ပြည်နယ် နယ်စပ်တလျောက် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် လူဦးရေ ၂၀၀,၀၀၀ ခန့်က ပြောဆိုအသုံးပြုကြသည်။ စကောကရင်ဘာသာစကားကို မြန်မာအက္ခရာမှ ဆင်းသက်လာသော စကောကရင်အက္ခရာဖြင့် ရေးသားကြသလို ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းတွင်မူ လက်တင်အခြေခံအက္ခရာတို့ဖြင့် ရေးသားကြသည်။[၃] အမျိုးမျိုးသော ကွဲပြားသည့် ဒေသိယစကားများကို မတူညီသော ဘာသာစကားများအဖြစ် တွေ့ရသည်။ အရှေ့မြောက်ပိုင်းတွင် ပကူး၊ အနောက်မြောက်ပိုင်းတွင် မိုးပွ၊ ဝေဝေါနှင့် မောနေပွားတို့ ဖြစ်ကြသည်။[၄] သမိုင်းကြောင်းယေဘုယျအားဖြင့် ကရင်ဘာသာစကားဟု သိကြသော စကောကရင်ဘာသာစကားသည် တရုတ်-တိဗက်နွယ်ဘာသာစကား မိသားစု၏ အခွဲဖြစ်သော ကရင်ဘာသာစကားတွင် ပါဝင်သည်။ စကောကရင်ဘာသာစကားကို ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုသည်။ ၁၈၅၃ ခုနှစ်တွင် သမ္မာကျမ်းစာ ဘာသာပြန်ကို ထုတ်ဝေခဲ့သည်။ ပျံ့နှံ့မှုနှင့် မူကွဲများစကောကရင်ဘာသာစကားကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပြောဆိုအသုံးပြုကြသည်။ စကောကရင်ဘာသာစကား သုံးစွဲသူများသည် ပိုးကရင်ဘာသာစကား သုံးစွဲသူများအကြားတွင် ရောနှောနေလေ့ရှိသည်။ စကောကရင် ဒေသိယစကားများမှာ
ပကူးဘာသာစကား ကို အောက်ပါဒေသများတွင် ပြောဆိုကြသည်။[၁]
ပကူးဒေသိယစကားများမှာ ရွှေကျင်၊ မော်ချီး၊ ကျောက်ကြီး၊ ဘောဂလိ တို့ဖြစ်ပြီး ကျေးရွာအလိုက် အမည်များ ဖြစ်သည်။
မိုးပွဘာသာစကား ကို သံတောင်ကြီးမြို့နယ်ရှိ သံတောင် အနောက်ဘက် တောင်ခြေရှိ ကျေးရွာ ၉ ရွာတွင် ပြောဆိုအသုံးပြုကြသလို[၁] ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင်လည်း အသုံးပြုကြသည်။ မိုးပွဒေသိယစကားများမှာ ပလေချီး (တောင်ပိုင်းမိုးပွ) နှင့် ဒါမူဟာ (တောင်ပိုင်းမိုးပွ) တို့ ဖြစ်ကြသည်။ ဒေသိယစကားများစကောကရင်ဘာသာစကားတွင် ဒေသိယစကား အနည်းဆုံး သုံးမျိုးရှိသည်။ ယင်းတို့သည် အချင်းချင်း အပြန်အလှန် နားလည်နိုင်ကြသော်လည်း မရင်းနှီးနိုင်သော စကားလုံးများ ပါဝင်နေနိုင်သည်။
အက္ခရာကရင်အက္ခရာတွင် ဗျည်း ၂၅ လုံး၊ သရ ၉ လုံး၊ သံပြောင်းသင်္ကေတ ၅ ခုနှင့် ဗျည်းတွဲ ၅ ခု ပါဝင်သည်။ ကရင်အက္ခရာများသည် မြန်မာစာရေးစနစ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကရင်စာရေးစနစ်တွင် ဘယ်မှညာသို့ ရေးသားပြီး လက်ရှိ အရေးစနစ်တွင် စကားစုများကြားတွင် ဖတ်ရှုရလွယ်ကူစေရန် နေရာချန်ထားကြသော်လည်း အမှန်တကယ်တမ်းတွင် စကားလုံးများကြားတွင် နေရာခြားရန် မလိုအပ်ပေ။
သရများ
သံပြောင်းသင်္ကေတများစကောကရင်ဘာသာစကားရှိ ဝဏ္ဏတိုင်းတွင် သရတစ်ခု ပါဝင်ပြီး တစ်လုံးတည်း သို့မဟုတ် ရှေ့တွင် ဗျည်းတစ်လုံး သို့ နှစ်လုံး ပါဝင်သည်။ ဝဏ္ဏတစ်ခုတွင် သရဖြင့် အမြဲအဆုံးသတ်သည်။
ဗျည်းနှစ်ဆင့်များဗျည်းတစ်ခုနောက်တွင် အခြားဗျည်းတစ်ခုလိုက်ပြီး သရသံ မပါဝင်ပါက ဒုတိယဗျည်းကို သင်္ကေတအနေဖြင့် ကိုယ်စားပြုပြီး ပထမဗျည်းကို ဆက်ပေးသည်။
ကရင်အက္ခရာ ရေးသားပုံ နမူနာများမှာ
အက္ခရာ (လက်တင်)ဗျည်းများရောမစာရေးစနစ်ကို အခြေခံသော ကရင်အက္ခရာတွင် ဗျည်း ၂၄ လုံး၊ သရ ၉ လုံးနှင့် သံပြောင်းသင်္ကေတ ၅ ခု ပါဝင်သည်။
သရများ
သံပြောင်းသင်္ကေတများ
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia