အတပနီယသုတ်
(၂)သုတ် ရှိပါသည်။ [၁] ကာယ, ဝစီ, မနောသုစရိုက်သုံးမျိုးကို ပြုကျင့်သူများသည် “ငါသည် သုစရိုက်ကို ပြုကျင့်ခဲ့ပေပြီ”ဟု မပူပန်၊ ကာယ, ဝစီ, မနောဒုစရိုက်သုံးမျိုးကို မပြုကျင့်မိသူများသည်လည်း “ငါသည် ဒုစရိုက်ကို မပြုကျင့်မိ”ဟုလည်း ပူပန်မှုမရှိ-ဟု ပူပန်မှုမရှိသော တရားနှစ်မျိုးကို ဟောကြားသည့်သုတ်။ ၃။ တပနီယသုတ်, ၄။ အတပနီယသုတ်ပူပန်စေတတ်သော တရား ၂-မျိုးမှာ ဤလောက၌ ကိုယ် နှုတ် စိတ် ပြစ်မှု ၃-မျိုးကို ပြုကျင့်၍ ကောင်းမှု ၃-မျိုးကို မပြုကျင့်သော သူများသည် ငါကား ပြစ်မှု ၃-မျိုး ပြုကျင့်မိပြီဟု ပူပန်သည်၊ ကောင်းမှု ၃-မျိုး မပြုကျင့်မိဟု ပူပန်သည်၊ ဤ ၂-မျိုးတို့တည်း၊ အပြန်အားဖြင့် ကောင်းမှုပြု၍ ပြစ်မှုမပြုသူတို့မှာ မပူပန်ရဟု ဟောတော်မူသည်။ ကာယကံပြစ်မှု တရားခံများနန္ဒဘီလူး၊ နန္ဒလုလင်၊ နန္ဒနွားသတ်သမား၊ ဒေဝဒတ်နှင့်ညီနောင် ၂-ဦးတို့မှာ လောကသံသရာ ၂-ဖြာလုံး စိတ်ပူပန် ဆင်းရဲကြသည်။ အစ်ကိုက ညီကိုသတ်ညီနောင် ၂-ဦး နွားသတ်ပြီး အသား ၂-ပုံ ပုံကြစဉ် ကလေးများလို ဤအူတွေ ကျွန်တော့ပေးပါ”ဟု ညီက အစ်ကိုထံ တောင်းသည်၊ “၂-ပုံ ပုံထားသည်၊ အပိုဘာကို လိုချင်ရတာလဲ”ဟု အစ်ကိုက ပြောဆိုပြီး ညီကိုရိုက်ရာ ညီသေသွားသည်။ ထိုအခါမှ စ၍ စိတ်သောကဖြစ်ကာ ရပ်လေရာ ထိုင်လေရာမှာ ထိုအကြောင်း တွေးမိပြီး စိတ်သက်သာမှု မရတော့၊ စားသောက်သမျှလည်း ကိုယ်မှာ ဩဇာမဖြစ်ပဲ အရိုးအရေသာ ကျန်တော့သည်၊ မထေရ်တစ်ပါးမြင်၍ မေးရာ အကြောင်းမှန် လျှောက်ထား ရှာ၏။ သေသော် ငရဲ၌ ဖြစ်ရသည်။ ဝစီကံပြစ်မှု တရားခံများမှာ သုပ္ပဗုဒ္ဓသာကီဝင်၊ ကောကာလိက စသည်တို့ ဖြစ်ကြသည်။ [၂] [၃] ကောင်းမှုကုသိုလ်ပြုပြီးသူသည် “ငါသည် ကောင်းမှုကုသိုလ်ကို ပြုခဲ့ပြီ” ဟုလည်း မပူပန်၊ ယုတ်မာကြမ်းကြုတ် ရက်စက်မှုကို မပြုသူများသည် “ငါသည် ယုတ်မာကြမ်းကြုတ် ရက်စက်မှုကို မပြုမိ” ဟုလည်း မပူပန်ဟု ပူပန်မှုမရှိသော တရားနှစ်မျိုးကို ဘုရားရှင် ထံတော်မှ နာယူခဲ့သည့်အတိုင်း ဂါထာနှစ်ဂါထာနှင့်တကွ ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားငါးရာအား ဟောပြသည့်သုတ်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia