အမ်ဒီဘဏ်
သတ္ထုဖွံ့ဖြိုးရေးဘဏ် (အင်္ဂလိပ်: Mineral Development Bank; အတိုကောက် MD Bank)[၁]သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။ကျောက်မျက်၊သတ္ထုနှင့်ရွှေလုပ်ငန်းဖွံ့ဖြိုးရေးအတွက် တည်ထောင်ဖွင့်လှစ်ထားသော ဘဏ်တစ်ခုလည်းဖြစ်သည်။ သမိုင်းကြောင်းMD Bank (PCL) သည် ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၈ခုနှစ်တွင် ဗဟိုဘဏ်မှလုပ်ငန်းလိုင်စင်ရရှိခဲ့သည့် အများပိုင်ဘဏ် (Public Bank) တစ်ခုဖြစ်သည်။ ဘဏ်၏ အဓိကလုပ်ငန်းဆောင်တာများမှာ မြန်မာနိုင်ငံဘဏ္ဍာရေးအဖွဲ့အစည်းဥပဒေပုဒ်မ ၅၂ အရ သတ်မှတ်ထားသည့် ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုများ ပေးဆောင်ရန်ပင်ဖြစ်သည်။ ဘဏ်ရုံးချုပ်အား အမှတ် ၆၆၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တွင် ဖွင့်လှစ်ထားသည်။ ၂၀၂၂ နိုဝင်ဘာနောက်ဆုံးထုတ်ပြန်မှုအရ ရန်ကုန်တွင် ဘဏ်ခွဲသုံးခု၊ နေပြည်တော်တွင် ဘဏ်ခွဲတစ်ခုနှင့် မန္တလေးတွင် ဘဏ်ခွဲ လေးခုရှိသည်။ ။ ရန်ကုန် (ကမ္ဘာအေးဘဏ်ခွဲ) ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်ဘဏ်ခွဲ[၂] ကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် လည်းကောင်း၊ မန္တလေး ဘဏ်ခွဲ[၃]ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် လည်းကောင်း၊ရွှေဘုံသာဘဏ်ခွဲသစ်(ရန်ကုန်)ကို ၂၀၂၂ ဇန်နဝါရီ ၂၄ရက်နေ့တွင် လည်းကောင်း၊ ရန်ကုန် Junction City ဘဏ်ခွဲကို ၂၀၂၂ နိုဝင်ဘာလ၂ရက်နေ့တွင် လည်းကောင်း အသီးသီးဖွင့်လှစ်ထားသည်။ ဘဏ်၏ အရေးပါပုဂ္ဂိုလ်မှာ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဟောင်း ဦးရုံးမူ ဖြစ်သည်။[၄] [၅] ကိုးကား
|
Portal di Ensiklopedia Dunia