လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန
Ministry of Electricity and Energy
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်မတ် ၃၀၊ ၂၀၁၆ (၂၀၁၆-၀၃-၃၀)
ယခင်အဖွဲ့အစည်းလျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
စွမ်းအင်ဝန်ကြီးဌာန
ဖျက်သိမ်းခြင်း၂ ​မေ ၂၀၂၂
ဌာနချုပ်ရုံးအမှတ် (၂၇)၊ နေပြည်တော်
ဝက်ဘ်ဆိုက်moee.gov.mm

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Electricity and Energy) သည် ၂၀၁၆ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ ဖွဲ့စည်းထားရှိခဲ့သော မြန်မာအစိုးရ ဝန်ကြီးဌာနဖြစ်သည်။

သမိုင်းကြောင်း

၂၀၁၆ခုနှစ်တွင် အစိုးရအသစ် တက်လာချိန်၌ သမ္မတဦးထင်ကျော်က ဝန်ကြီးဌာန အရေအတွက်ကို လျှော့ချဖွဲ့စည်းခဲ့သည်။ ထို့နောက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ကို ပူးပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအဖြစ် ပြောင်း၍ ဖွဲ့စည်းခဲ့သည်။ ၂၀၂၂ခုနှစ် မေလတွင် နစကအိမ်စောင့်အစိုးရမှ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင် ဝန်ကြီးဌာနများအဖြစ် ပြန်လည်ခွဲထုတ်ခဲ့သည်။[]

အကြီးအကဲများ

ပြည်ထောင်စုအစိုးရသစ်စတင်ဖွဲ့စည်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါသောဝန်ကြီးဌာန ၄ခု ကိုကိုင်တွယ်ခဲ့သည်။ ၎င်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူး စတင်ပြီးနောက် ပညာရေးနှင့် လျှပ်/စွမ်း ကို လွှဲပြောင်းပေးခဲ့ရာ ဦးဖေဇင်ထွန်းမှာ ဝန်ကြီးဖြစ်လာသည်။ ဦးဖေဇင်ထွန်း အနားယူပြီးနောက် ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်မှ ပူးတွဲတာဝန်ယူခဲ့သည်။၂၀၁၈ခုနှစ် ဇန်နဝါရီတွင် ​ဆောက်လုပ်​ရေးကိုမကိုင်တွယ်​တော့ဘဲ လျှပ်စစ်စွမ်းအင်ကိုသာ ကိုင်တွယ်ခဲ့သည်။[][]

ပြည်ထောင်စုဝန်ကြီးများစာရင်း (၂၀၁၁ - လက်ရှိ)

ဒုတိယဝန်ကြီးများစာရင်း

ဖွဲ့စည်းပုံ

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya