လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ယခင်အဖွဲ့အစည်းလျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်နေပြည်တော်
ဝန်ကြီးများဦးဉာဏ်ထွန်း
ဒုတိယဝန်ကြီးများဦး​​အေး​ကျော်
ဝက်ဘ်ဆိုက်moep.gov.mm

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Electric Power; အတိုကောက် MOEP) သည် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားရေးရာ မူဝါဒများကို ကိုင်တွယ်ရသော ဝန်ကြီးဌာနဖြစ်သည်။

သမိုင်းကြောင်း

အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။ ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် စွမ်းအင် ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

၂၀၂၂ ခုနှစ် မေလတွင် နစကအိမ်စောင့်အစိုးရမှ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင်ဝန်ကြီးဌာနများအဖြစ် ပြန်လည်ခွဲထုတ်ခဲ့သည်။[]

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၂)၏ သဘောတူခွင့်ပြုချက်အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင်  ဦးစီးဌာန(၃)ခု၊ လုပ်ငန်း(၂)ခု နှင့် ကော်ပိုရေးရှင်း(၂)ခုတို့ ပါဝင်ပါသည်။

ဌာနများ

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနလက်အောက်တွင်

  1. လျှပ်စစ်စွမ်းအား ဦးစီးဌာန၊
  2. ရေအားလျှပ်စစ်စီမံရေး ဦးစီးဌာန၊
  3. ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊
  4. ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊
  5. မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊
  6. လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊
  7. ရန်ကုန် လျှပ်စစ်ဓာတ်အား​ပေး​ရေး ကော်ပိုရေးရှင်းနှင့်
  8. မန္တလေးမြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တို့ ပါဝင်သည်။

ဝန်ကြီးဌာန အကြီးအကဲများ

ပြည်ထောင်စုလွှတ်တော်ခေတ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်

ပြည်​ထောင်စုဝန်ကြီးများ
စဥ် ဝန်ကြီး တာဝန်ထမ်းဆောင်ခြင်း သက်တမ်း ရင်းမြစ်
၁။ ဦးသောင်းဟန်[မှတ်စု ၁] ၂ ​မေ ၂၀၂၂ -၂ ဩဂုတ် ၂၀၂၃ ၁ နှစ်၊ ၉၂ ရက် [][]
၂။ ဦးဉာဏ်ထွန်း ၃ ဩဂုတ် ၂၀၂၃ - လက်ရှိ ၁ နှစ်၊ ၃၄၅ ရက် []

ဒုတိယဝန်ကြီးများ

ဒုတိယဝန်ကြီးများ
စဥ် ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်ခြင်း ရင်းမြစ်
၁။ ဒေါက်တာအောင်ဇေယျ ၂ ​မေ ၂၀၂၂[မှတ်စု ၂] - ဧပြီ ၂၀၂၃
၂။ ဦးအေးကျော်
  • ​ဒေါက်တာ​အောင်​ဇေယျ (၂ ​မေ ၂၀၂၂ - ဧပြီ ၂၀၂၃)
  • ဦး​အေး​ကျော် (၂၀၂၃ - လက်ရှိ)

အခြားဖတ်ရှုရန်

မှတ်စု

  1. စွမ်းအင်ဝန်ကြီး ရာထူးကို ပူးတွဲထမ်းဆောင်ခဲ့သည်။
  2. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စိ အမိန့်အမှတ် ၃၉/၂၀၂၂

ကိုးကား

  1. "ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း"။ 
  2. "ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း"။ 
  3. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅၉ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက်) တာဝန်မှအနားယူခွင့်ပြုခြင်းMOI Myanmar (၂ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းMOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya