၁၉၈၈ မြန်မာ - အိန္ဒိယ ငလျင်
၁၉၈၈ မြန်မာ - အိန္ဒိယ ငလျင် ("အင်ဒို-ဘားမားငလျင်" ဟုလည်း သိကြ) သည် အိန္ဒိယနယ်စပ်မှ ၃၀ ကီလိုမီတာ (၁၉ မိုင်) ခန့်အကွာ မြန်မာနိုင်ငံ၊ စစ်ကိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ ၎င်းသည် မြန်မာစံတော်ချိန် ဩဂုတ်လ ၆ ရက်နေ့တွင် နံနက် ၇ နာရီ ၆ မိနစ်တွင် လှုပ်ခတ်ခဲ့သည်။ ပမာဏသည် ၇.၃ ရှိခဲ့သည်။ ဤငလျင်သည် Mw7.8 ပြင်းအားရှိသည့် Gulf of Alaska ပြီးပါက ထိုနှစ်အတွက် ကမ္ဘာပေါ်ရှိ လှုပ်ခတ်ခဲ့သမျှတွင် အကြီးဆုံးတစ်ခု ဖြစ်ခဲ့သည်။ လူငါးဦး သေဆုံးခဲ့ကာ ၃၀ ကျော်သည် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။[၂][၃] အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်လည်း ပြင်းထန်သည့် ပျက်စီးမှုများနှင့် ကြုံခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံမှာမူ အသေးစား ထိခိုက်ပျက်စီးမှုများသာ ရှိခဲ့သည်။ ထိုငလျင်ကို ဆိုဗီယက်ပြည်ထောင်စုကပါ ခံစားခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။ ငလျင်ငလျင်သည် မြန်မာနိုင်ငံ၊ မန္တလေးမြို့နှင့် အိန္ဒိယနိုင်ငံ၊ Shillong မှ မိုင် ၂၀၀ ကျော် (၃၂၀ ကီလိုမီတာ) အကွာ ဝေးလံသည့်နေရာဒေသတွင် ဖြစ်ပွားခဲ့သည်။ သို့သော်လည်း အခြေချနေထိုင်သူ အနည်းငယ်ရှိကြသည့် ဟုမ္မလင်း၊ မောင်းကန်၊ ထမန်သီနှင့် ကော်ယ (Kawya) တို့သည် ထိုငလျင်နှင့် နီးကပ်စွာ တည်ရှိသည်။[၄] ငလျင်ဖြစ်ပေါ်ရာ အနောက်ဘက်တွင် ချင်းတောင်တန်း - ရခိုင်တောင်တန်းများ ရှိသည်။[၅] ဤငလျင်သည် လှုပ်ခတ်ခဲ့ချိန်သည် ၂ မိနစ် ကြာမြင့်ခဲ့သည်။ ပျက်စီးမှု၊ ထိခိုက်မှုနှင့် သက်ရောက်မှုများဘင်္ဂလားဒေ့တွင် လူနှစ်ဦးသေဆုံးကာ ၃၀ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့အပြင် အိန္ဒိယနိုင်ငံ၌လည်း လူနှစ်ဦး သေဆုံးခဲ့သည်။ ကြီးမားသည့် မြေပြိုမှုများသည် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် ဖြစ်ပွားခဲ့သည်။[၆] အိန္ဒိယနိုင်ငံ၊ Gauhati တွင် ၂၀ စင်တီမီတာ (၇.၉ လက်မ) မြေကျွံမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ငလျင်ဒဏ်ကို ဘင်္ဂလားဒေ့တစ်နိုင်ငံလုံးနှင့် ကာလကတ္တားအပါအဝင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ခံစားခဲ့ရသည်။ ထို့အပြင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် နီပေါ်နိုင်ငံ၊ Kathmandu တို့တွင်လည်း ခံစားခဲ့ရသည်။ ငလျင်လှုခတ်တုန်ခါမှုကြောင့် လူနေအိမ်အဆောက်အဦများ၊ ရထားလမ်းများနှင့် ကားလမ်းများ ပျက်စီးခဲ့ရသည်။[၁] အိန္ဒိယနိုင်ငံ၊ Assam တွင် ငလျင်ကြောင့် လမ်းများ၊ နိုင်ငံ့အမြန်လမ်းမကြီးများရှိ တံတားများ ပျက်စီးခဲ့ရသည်။ Silchar ရှိ ဟိုတယ်တစ်ခုသည်လည်း နံရံများ ကျိုးပဲခဲ့ခြင်း၊ ကြမ်ခင်းများ ကျိုးပဲခြင်းများ ဖြစ်ပေါ်ခဲ့သည်။ Borlongphar နှင့် Langchiliet ကို ချိတ်ဆက်ထားသည့် ရထားလမ်းသည် မြေပေါ်သို့ ၈ မီတာအထက် ရောက်ရှိသွားသည်။[၇] ဩဂုတ်လ ၂၁ ရက်နေ့ ထိုတစ်နှစ်တည်းတွင်ပင် လူသေဆုံးမှု ရှိခဲ့သည့် သေးငယ်သည့် ငလျင်တစ်ခုသည် အိန္ဒိယနှင့် နီပေါနိုင်ငံတို့တွင် လှုပ်ခတ်ခဲ့ပြန်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia