၁၉၈၈ လန်ကန့် - ဂန့်မ ငလျင်များ
၁၉၈၈ လန်ကန့် - ဂန့်မ ငလျင်များ (simplified Chinese: 澜沧江-耿马地震; traditional Chinese: 瀾滄江-耿馬地震; pinyin: Láncāngjiāng-gěng mǎ dìzhèn) ("၁၁.၆ ငလျင်" ဟုလည်း သိကြ) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ရှမ်းရိုးမရှိ နယ်စပ်အနီး ယူနန်ပြည်နယ်၊ လန့်ကန့် နှင့် ဂန့်မ မြို့များတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်သည်။[၄] ငလျင်တစ်စုံသည် ၁၃ မိနစ်ခြားကာ လှုပ်ခတ်ခဲ့ပြီး ပထမတစ်ခုသည် ပမာဏ ၇.၇ ရှိကာ ဒုတိယတစ်ခုသည် ၇.၂ ရှိခဲ့သည်။ ငလျင်နှစ်ခုသည် Mercalli ပြင်းအား X (အလွန်ပြင်းထန်) နှင့် IX (ပြင်းထန်) အသီးသီး ရှိခဲ့ကြသည်။ အနည်းဆုံး လူ ၉၃၉ ဦး သေဆုံးခဲ့ကာ ယူနန်ပြည်နယ်တစ်လျှောက်ရှိ မြို့ပေါင်း ၂၀ တွင် လူပေါင်း ၇၇၀၀ ကျော်သည် ထိခိုက်မှုများ ရှိခဲ့သည်။ ဤငလျင်သည် ၁၉၇၆ ခုနှစ် တန့်ရှန်းငလျင်ဖြစ်ပြီးကတည်းက ဆိုပါက နိုင်ငံတွင် အပြင်းဆုံး ငလျင် ဖြစ်ခဲ့သည်။[၅] ငလျင်နှစ်ခုစလုံးကြောင့် ထိခိုက်မှုနှင့် စီးပွားရေးအရ ဆုံးရှုံးမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၇၀ မီလီယံ (၁၉၈၈ ခုနှစ် ဒေါ်လာဈေးဖြင့်) ရှိခဲ့သည်။ အတော်အတန်ပြင်းထန်၍ ကြီးမားသည့် နောက်ပိုင်းငလျင်များသည် ထိုဒေသတွင် လှုပ်ခတ်ခဲ့ကာ နောက်ထပ် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်သည့် အချက်အလက်အများစုကို တရုတ်အစိုးရသည် နိုင်ငံအတွင်းတွင် ထိုအချိန်က ဖြစ်ပွားနေသည့် နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာတော်လှန်ရေးများကြောင့် ထိမ်ချန်ထားခဲ့သည်။ [၆] သက်ရောက်မှုများငလျင်ကြောင့် စာသင်ကျောင်း ၄၀၀၀ ကျော်နှင့် ယူနန်ပြည်နယ်ရှိ ဆေးဝါးကူညီရေးဌာနမျာား ပျက်စီးခဲ့သည်။ အခြား အိမ်များ ၁.၃၀၈သန်းသည်လည်း ပျက်စီးခဲ့သည်။ ထုထည် ၁,၀၀၀,၀၀၀ ကုဗမီတာရှိသည့် ကျောက်ထုရွေ့လျားမှုကြောင့် ကားလမ်းမများနှင့် မြစ်များကို ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကာ ရေကြောင်းပို့ဆောင်ရေးများ ရပ်တန့်ခဲ့သည်။ များသောအားဖြင့် အဆောက်အဦများစွာတို့သည် ပိုမိုကောင်းမွန်သည့်ဆောက်လုပ်ရေးလုပ်ငန်းနည်းပညာများနှင့် ငလျင်မတိုင်မီ ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းများကြောင့် ငလျင်အတွင်း ကောင်းမွန်စွာရှိခဲ့သည်။ ငလျင်လှုပ်ခတ်ခဲ့သည့်ဒေသတွင် တည်ရှိသည့် အဆောက်အဦများစွာတို့သည် ပြိုကျပျက်စီးခဲ့ရသည်။ ရုပ်ရှင်ရုံတစ်ခုအပါအဝင် အဆောက်အဦအချို့ သည် ငလျင်ဒဏ် ပြင်းအား VIII ကို ခံနိုင်ရန်၊ အဆောက်အဦတစ်ခုသည် ပြင်းအား Ixကို ခံနိုင်ရည်ရှိရန် တည်ဆောက်ထားသည့်အတွက် ငလျင်လှုပ်ခတ်ခဲ့သည့်အခါ ပျက်စီးမှု မရှိခဲ့ပေ။[၇] ဤအဆောက်အဦများသည် ငလျင်မလှုပ်ခတ်မီကပင် တောင့်တင်းခိုင်မာစွာ ရှိခဲ့ကြသည်။[၁] ပျက်စီးမှုများကယ်ဆယ်ရေးကိုးကား
|
Portal di Ensiklopedia Dunia