ကလော-လွိုင်ကော် ရထားလမ်း

ကလော-လွိုင်ကော် ရထားလမ်း
လွိုင်ကော်ဘူတာအား မြင်တွေ့ရစဉ်
အထွေထွေအချက်အလက်များ
ပိုင်ဆိုင်သူမြန်မာ့မီးရထား
ဒေသအောင်ပန်းဘူတာ - လွိုင်ကော်ဘူတာ
တည်ထောင်ခြင်း
လည်ပတ်မှုစတင်၁၉၉၃ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့
နည်းပညာအချက်အလက်
ပတ်လမ်းအရှည်၁၀၂.၂ မီတာ
သံလမ်းအကျယ်၁၀၀၀ mm (3 ft 3 38 in)

ကလော-လွိုင်ကော် ရထားလမ်း သည် ၁၀၀၀ mm (3 ft 3 38 in) ဂေ့ချ်ရထားလမ်းဖြစ်ပြီး ကလောမြို့ မှ ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့အား ဆက်သွယ်ထားသော ရထားလမ်းဖြစ်သည်။ အောင်ပန်းဘူတာမှ ပင်လောင်းမြို့ နှင့် လွိုင်ကော်မြို့များသို့ ချိတ်ဆက် ဖောက်လုပ်ထားခြင်းဖြစ်ကာ ရထားလမ်းသည် ၁၀၂ မီတာ ရှည်လျားသည်။ ယင်းရထားလမ်း၏ ထူးခြားချက်မှာ ပြည်နယ်နှစ်ခုကို ဆက်စပ်ဖောက်လုပ်ထားခြင်းဖြစ်သောကြောင့် ထိုစဥ်က ရှမ်းနှင့်ကယားပြည်နယ်ပြည်ထောင်စုရထားလမ်းဟူ၍ အမည်ပေးခဲ့သည်။ ဘူတာကြီးများမှာ ကလောဘူတာပင်လောင်းဘူတာ နှင့် လွိုင်ကော်ဘူတာတို့ဖြစ်သည်။ []

သမိုင်းကြောင်း

အောင်ပန်း-ပင်လောင်းလမ်းပိုင်းသည် ရထားလမ်း၏ ပထမဆုံးလမ်းပိုင်းဖြစ်ကာ သာစည်-ရွှေညောင်လမ်းပိုင်းမှ အောင်ပန်းမြို့နှင့် ပင်လောင်းမြို့တို့ကို ချိတ်ဆက်ဖောက်လုပ်ထားသည်။ ရထားလမ်းပိုင်း အရှည် ၄၈.၅၈မိုင်၊ တံတား ၁၃၉စင်း၊ အများဆုံးကွေ့ဒီဂရီ ၁၇ဒီဂရီနှင့် အများဆုံးဆင်ခြေလျှော ၁:၂၅ ရှိကာ စုစုပေါင်း ကျပ် ၂၀၀.၁၅သန်း ကုန်ကျခဲ့သည်။

ထို့နောက် ဒုတိယလမ်းပိုင်းဖြစ်သော ပင်လောင်း - လွိုင်ကော်လမ်းပိုင်းသည် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့မှ ကယားပြည်နယ် လွိုင်ကော်မြို့သို့ ဆက်သွယ်ဖောက်လုပ်ထားသော လမ်းပိုင်းဖြစ်ကာ ရထားလမ်းအရှည် ၅၄.၃၄မိုင်ရှိသည်။ စုစုပေါင်း ကုန်ကျငွေ ကျပ် ၄၀၀.၆၉သန်းကုန်ကျခဲ့သည်။

လမ်းပိုင်းအသီးသီး၏ တည်ဆောင်ရေးလုပ်ငန်းများကို ၁၉၉၁ခုနှစ် စက်တင်ဘာလ ၁ရက်နေ့တွင် စတင်ခဲ့ပြီး အောင်ပန်း - ပင်လောင်း လမ်းပိုင်းအား ၁၉၉၃ခုနှစ် ဇန်နဝါရီလ ၇ရက်နေ့တွင်လည်းကောင်း ၊ ပင်လောင်း - လွိုင်ကော်လမ်းပိုင်းအား ၁၉၉၃ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တွင်လည်းကောင်း ရထားပို့ဆောင်ရေးဝန်ကြီး ဦးဝင်စိန်မှ အသီးသီး ဖွင့်လှစ်ခဲ့သည်။

တောင်ငူ နှင့် ပျဉ်းမနားမြို့များမှ လွိုင်ကော်မြို့သို့ ပင်လောင်းမြို့မှ တစ်ဆင့် တိုက်ရိုက်ရထားလမ်းသစ် ချိတ်ဆက်ဖောက်လုပ်ရန်လျာထားကာ ဆင်သေရထားလမ်းခွဲမှ တောင်ခြေအထိ လမ်းအူကြောင်း ဖောက်လုပ်ပြီး ဖြစ်သည်။

ဘူတာများ

  • (1) ကလောမြို့ ၃၆၉
  • (18) အောင်ပန်း ၃၇၆ (ရထားလမ်းဆုံ) ရပ်စောက်မြို့နှင့် မိုးနဲမြို့သို့
  • (19) နန်းတွမ် ၃၈၀
  • (20) အင်းဝ ၃၈၄ ၁/၂
  • (21) ဘော်နင်းကုန်း ၃၈၉
  • (22) နန်းတိုင်း ၃၉၁ ၁/၂
  • (23) ဆောင်းဘွဲ့ -
  • (24) သီရိ ၃၉၇
  • (25) နောင်ပွဲ -
  • (26) တီကျစ် ၃၉၈ ၁/၂
  • (27) လှည်းကုန်း -
  • (28) ဘုရားမဲ ၄၀၀
  • (29) သံတဲ ၄၀၄
  • (30) နောင်တရာ ၄၁၀ ၁/၂
  • (31) ဉာဏ်ပင် ၄၁၂ ၁/၄
  • (32) တကူမှို့ ၄၁၃ ၁/၂
  • (33) ထီယွန်း ၄၁၅
  • (34) သစ်ပင်ကြီး ၄၁၆ ၃/၄
  • (35) ဆောင်းဆီး ၄၁၈
  • (36) ပင်လောင်းဈေး -
  • (37) ပင်လောင်းမြို့ ၄၂၄ ၁/၂
  • (38) ဝါးလီ ၄၂၈ ၁/၂
  • (39) ပင်ခွံ ၄၃၀ ၃/၄
  • (40) နန်းထာ -
  • (41) ဆောင်းပြောင်း ၄၃၉ ၃/၄
  • (42) ကရား ၄၄၅ ၁/၂
  • (43) မယ်ဇလန် ၄၄၈ ၁/၄
  • (44) ကသည်း ၄၅၃
  • (45) ဖယ်ခုံ ၄၅၅ ၃/၄
  • (46) ခေါင်မှိုင်း ၄၆၃ ၁/၂
  • (47) မိုးဗြဲ ၄၆၇ ၁/၂
  • (48) ဝါးလီဆူပလိုင်း -
  • (49) ဝိသဲသူ ၄၇၀
  • (50) နန်းမယ်ခုံ ၄၇၃ ၁/၄
  • (51) လွိုင်ကော်မြို့ ၄၇၈

ကိုးကား

  1. Railway lines in Eastern Myanmar
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya