မန္တလေး-လားရှိုး ရထားလမ်း |
 ရထားလမ်း မြေပုံ |
အထွေထွေအချက်အလက်များ |
---|
ဒေသ | မန္တလေးဘူတာ - လားရှိုးဘူတာ |
---|
လမ်းကြောင်းအရေအတွက် | ၁ |
---|
ဘူတာရုံပေါင်း | ၂၉ |
---|
တည်ထောင်ခြင်း |
---|
စီမံခန့်ခွဲသူ | မြန်မာ့မီးရထား |
---|
နည်းပညာအချက်အလက် |
---|
သံလမ်းအကျယ် | ၁၀၀၀ mm (3 ft 3 3⁄8 in) |
---|
လမ်းကြောင်းမြေပုံ |
---|
မန္တလေး-လားရှိုး ရထားလမ်း
|
|
|
| |
ရှမ်းမြောက် မီးရထားလမ်း (မန္တလေး-လားရှိုး ရထားလမ်း) သည် ၁၀၀၀ mm (3 ft 3 3⁄8 in) ဂေ့ချ်ရထားလမ်းဖြစ်ပြီး မန္တလေးဘူတာကြီးမှ လားရှိုးဘူတာအထိဖြစ်သည်။ ရထားလမ်းအား ယူနန်ပြည်နယ်အထိ နှစ်လမ်းသွားဆက်လက်ဖောက်လုပ်ရန် လျာထားဆဲ ဖြစ်သည်။ လားရှိုးမှ မူဆယ်နှင့် ယူနန်အထိ ရထားလမ်းအား တရုတ်နှင့် မြန်မာ ရထားနှစ်မျိုးလုံး အသုံးပြုနိုင်မည် ဖြစ်ကာ လေးလမ်းပါရှိမည် ဖြစ်သည်။ ထို့အပြင် ကူမင်းမှ ကျောက်ဖြူအထိ တရုတ်ရထားများ သွားလာနိုင်မည့် ၉၀၀ ကီလိုမီတာအရှည်ရှိ အဆိုပြုစီမံကိန်းတစ်ခုလည်း ရှိသည်။[၁] ဘူတာရုံကြီးများမှာ ပြင်ဦးလွင်၊ ကျောက်မဲနှင့် သီပေါဘူတာ တို့ဖြစ်သည်။
သမိုင်းကြောင်း
ရှမ်းမြောက်မီးရထားလမ်းအား မူလက ဗြိတိသျှတို့က ကူမင်းမှတဆင့် တရုတ်တောင်ပိုင်းအား ချိတ်ဆက်နိုင်ရန် ရည်ရွယ်၍ ဖောက်လုပ်ခဲ့သည်။ သို့သော်လည်း ရထားလမ်းမှာ လားရှိုးမြို့အထိသာ ဖောက်လုပ်နိုင်ခဲ့သည်။
မန္တလေး-လာရှိုးလမ်းပိုင်းရှိ လွန်းထိုးလမ်းပြမြေပုံ
၁၉၀၀ ပြည့်နှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သော ဂုတ်ထိပ်တံတားမှာ ထိုစဉ်က ကမ္ဘာ့အရှည်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကာ အင်ဂျင်နီယာသမိုင်းတွင် အောင်မြင်မှုတစ်ရပ် ဖြစ်ခဲ့သည်။[၂]
ဘူတာရုံများ
- မန္တလေးဘူတာကြီးမှ မြို့ဟောင်းလမ်းဆုံ
- (4) မြို့ဟောင်း ၃၈၂ ၃/၄
- (24) သိုးခြံ ၃၈၅ ၁/၄ (ရထားလမ်းဆုံ) သရဲဈေးသို့
- (25) ထုံးဖို ၃၉၂ ၃/၄ Spur Line to the quarry
- (26) စည်တော် ၃၉၆ ၁/၄ Spur Line to the quarry
- (27) စတုတ္ထလွမ်းထိုး ၄၀၀ ၁/၄ ဇစ်ဇက်ရထားလမ်း
- (28) ဇီးပင်ကြီး ၄၀၅
- (29) သုံးထောင် ၄၁၁
- (30) အနီးစခန်း ၄၁၅
- (31) ပြင်ဦးလွင်မြို့ ၄၂၂ ၁/၂
- (32) ပွဲကောတ် ၄၂၇ ၃/၄
- (33) ဝက်ဝံ ၄၃၃ ၁/၂
- (34) ဆင်လမ်းစု ၄၃၈ ၁/၄
- (35) ဆမ်ဆယ် ၄၄၄
- (36) နောင်ချို ၄၅၆
- (37) ဂုတ်ထိပ် ၄၆၃ ဂုတ်ထိပ်တံတား
- (38) နောင်ပိန် ၄၇၂ ၁/၄
- (39) စခန်းသာ ၄၈၂
- (40) ကျောက်မဲ ၄၉၀
- (41) လွယ်ကော် ၄၉၆
- (42) ဘော်ကြို ၅၀၄
- (43) သီပေါမြို့ ၅၀၉ ၁/၂
- (44) တာပုလဲ ၅၂၁
- (45) စွန်လုံ -
- (46) စဉ့်အင် ၅၂၉ ၁/၄
- (47) မန်ဆန်ရေတံခွန် ၅၃၇ ၁/၄
- (48) မန်းပွဲ ၅၄၃
- (49) သီရိရှန်ခိုက် ၅၄၅ ၁/၄
- (50) နန်းမျှော် ၅၄၇ ၃/၄ (ရထားလမ်းဆုံ) နမ္မတူမိုင်းတွင်းသို့
- (51) လားရှိုးမြို့ ၅၆၀ ၃/၄
ဓာတ်ပုံများ
-
၁၉၆၂ခုနှစ်တွေ မြင်တွေ့ရသော ရှမ်းမြောက်ရထား
-
၁၉၀၀ပြည်နှစ်အတွင်း မြင်တွေ့ရသော ဂုတ်ထိပ်တံတား
-
၁၉၆၂ခုနှစ် B.R တံဆိပ်ဖြင့် ရေနွေးသုံးစက်ခေါင်း
-
အထက်တန်းတွဲ အတွင်းပိုင်း
-
-
ပြင်ဦးလွင်ဘူတာ
-
ရှမ်းမြောက်ရထားအား ၂၀၁၄ခုနှစ်တွင် မြင်တွေ့ရစဉ်
ကိုးကား