ရွှေညောင်-မိုးနဲ ရထားလမ်း
ရွှေညောင်-မိုးနဲ မီးရထားလမ်း သည် ၁၀၀၀ mm (3 ft 3 3⁄8 in) ဂေ့ချ်ရထားလမ်းဖြစ်ပြီး ရွှေညောင်မြို့ မှ တစ်ဆင့် တောင်ကြီးမြို့ ၊ ဘန်းယဉ်နှင့် မိုးနဲမြို့များသို့ ဖောက်လုပ်ထားသော လမ်းပိုင်းဖြစ်သည်။ မိုးနဲမြို့မှ ကျိုင်းတုံမြို့အထိ ရထားလမ်း ဆက်လက်ဖောက်လုပ်ရန် လျာထားခဲ့သည်။ [၁] သမိုင်းကြောင်း၁၉၉၀ပြည်လွန်နှစ်များတွင် အစိုးရမှ သာစည်-ရွှေညောင် လမ်းပိုင်းနှင့် ရွှေညောင်-တောင်ကြီး၊ ဘန်ယဉ်-နမ့်ဆန်နှင့် နမ့်ဆန်-ကျိုင်းတုံ လမ်းပိုင်းများနှင့် ချိတ်ဆက်ဖောက်လုပ်ရန် အစီအစဉ်ရှိခဲ့သည်။ ရွှေညောင်အထိ ရထားလမ်းဖောက်လုပ်ပြီး ဖြစ်သော်လည်း မြင့်မားသောတောင်တန်းကြောင့် တည်ဆောက်ရေး မပြီးစီးသေးပေ။ နောက်ပိုင်း ၁၉၉၆ခုနှစ်နောက်ပိုင်း ပြန်လည် စတင်ခဲ့ပြီဂ ဖားပွန်း-ဘန်းယဉ် လမ်းပိုင်းအား ၁၉၉၆ခုနှစ် ဧပြီလ ၄ရက်နေ့တွင်လည်းကောင်း ၊ ဖားပွန်း-တောင်ကြီးလမ်းပိုင်းအား ၁၉၉၆ခုနှစ် ဇူလှိုင်လ ၂၇ရက်နေ့တွင်လည်းကောင်း ၊ ဘန်းယဉ်-နမ့်ဆန် လမ်းပိုင်းအား ၂၀၀၆ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင်လည်းကောင်း ဖောက်လုပ်နိုင်ခဲ့သည်။ [၁] ရွှေညောင်နှင့် တောင်ကြီးသည် မြို့ချင်းနီးကပ်သော်များလည်း တောင်ကြီးသည် ရွှေညောင်အထက် မီတာ ၅၀၀ အမြင့် နီးပါးတွင် တည်ရှိနေကာ အခက်အခဲ ဖြစ်ခဲ့သည်။ အစပိုင်းတွင် လွန်းထိုးရထားလမ်းပုံစံများဖြင့် ချိတ်ဆက်ဖောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း ရွှေညောင်မြို့မြောက်ဘက်မှ တစ်ဆင့် အေးသာယာအထိ တောင်စောင်းများကိုသာ အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။ ရွှေညောင်-တောင်ကြီး လမ်းပိုင်းအား ၁၉၉၇ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ရထားလမ်းဖွင့်လှစ်ပြီး လူစီးရထားများပြေးဆွဲနိုင်ခဲ့သော်လည်း နောက်ပိုင်းရထားလမ်းအခြေအနေများကြောင့် ကုန်ရထားများသာ ပြေးဆွဲနိုင်ခဲ့သည်။ အဆိုပါ ရထားလမ်း ပြန်လည်ပြုပြင်များလုပ်ငန်းများကို ၂၀၂၂ခုနှစ်မှ စတင်လုပ်ဆောင်လာခဲ့ပြီး ထီသိမ်ရှိ ဒုတိယ ဘဝသံသရာရထားလမ်းလည်း အပါအဝင်ဖြစ်သည်။ [၂] ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ကို ဆက်သွယ်မည့် မိုးနဲ -ကျိုင်းတုံရထားလမ်း ဖောက်လုပ်ရေးစီမံကိန်း၏ ကျိုင်းတုံလမ်းပိုင်းမှ ရထားလမ်းအရှည် ( ၅.၆) မိုင်၊ သံလမ်းမိုင် (၆.၆) မိုင်ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ (၄ )ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့ တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း ရထားပြေးဆွဲနိုင်ခြင်း မရှိသဖြင့် မြန်မာ့မီးရထားလုပ်ငန်းက သံလမ်းများကို ပြန်လည်ဖယ်ရှားခဲ့ပြီး ယင်းသံလမ်းတစ် လျှောက် မြို့ပတ်လမ်းဖောက်လုပ်ရန် အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၏ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ ကျိုင်းတုံခရီးစဉ်တွင် ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။[၃] အဆိုပါလမ်းပိုင်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်ချက်အရ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ၂၀၀၉ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ စက်တင်ဘာ (၁၉) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း အသုံးပြုနိုင်ခြင်းမရှိဘဲ ပြန်လည်ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။ [၄] ဘူတာများ
ကိုးကား
|
Portal di Ensiklopedia Dunia