ဘားမားမိုင်းမီးရထားဘားမားမိုင်းမီးရထား သည် သံလမ်းအကျယ် 2 ft (၆၁၀ mm)ဖြင့် မြန်မာနိုင်ငံရှိ ဒေသထွက် ငွေနှင့် ခဲ သတ္တုများကို နမ္မတူ တွင် အရည်ကျိုရန်အတွက် သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုခဲ့သော ရထားလိုင်းတစ်ခုဖြစ်သည်။ မြန်မာ့မီးရထားမှ စီမံခန့်ခဲ့ပြီး နမ်းယွန်း မှ နမ္မတူ နှင့် ဘောတွင်း အထိ ၈၀ ကီလိုမီတာ (၅၀ မိုင်) အရှည်ရှိသည်။ သမိုင်းကြောင်းBurma Mines, Railway and Smelting Co Ltd ကို ၁၉၀၆ ခုနှစ် မတ်လတွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၀၇ ခုနှစ်တွင် မီးရထားလမ်းကို စတင်ဖောက်လုပ်ခဲ့သည်။ ၁၉၀၈ ခုနှစ်တွင် Tiger Camp သတ္တုတွင်းဧရိယာသို့ ရောက်ရှိရန် ၅ ကီလိုမီတာ (၃.၁ မိုင်) ကို ဘောတွင်းသတ္တုတွင်းသ အထိတိုးချဲ့ ဖောက်လုပ်ခဲ့သည်။ [၁] Tiger Camp မတိုင်မီလေးတွင် Wallah Gorge တွင် Z-ပြောင်းပြန်လမ်း တစ်ခုပါဝင်သည်။ နောက်ပိုင်းတွင် ခရုပတ်ပုံစံလမ်း ဖြင့်အစားထိုးခဲ့သည်။ ရုံးချုပ်နှင့် အလုပ်ရုံများကို နမ္မတူတွင် တည်ဆောက်ခဲ့သည်။
လက်ရှိကာလယနေ့ခေတ်တွင် ကျောက်မီးသွေး နှင့် အချောထည်ပစ္စည်းများကို ကုန်းလမ်းဖြင့် သယ်ယူကြသည်။ ဘောတွင်းမှ နမ္မတူသို့ သတ္တုရိုင်းများ သယ်ယူပို့ဆောင်ရေးကို ရထားဖြင့် ဆောင်ရွက်ခြင်း မရှိတော့ပေ။နမ့်ယောင်မြို့မှ နမ္မတူအထိ လမ်းကြောင်းအနည်းငယ်သာရှိသည်။ နမ္မတူသည် လုံခြုံရေးနယ်မြေတစ်ခုဖြစ်ပြီး တရားဝင်ခရီးစဉ်များမှလွဲ၍ မီးရထား၊ မိုင်းနှင့် အရောအနှောများကို လည်ပတ်ခွင့် ကန့်သတ်ထားသည်။ ကိုးကားပြင်ပလင့်များ |
Portal di Ensiklopedia Dunia