ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း
ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း ( အင်္ဂလိပ် : Yangon Urban Mass Rapid Transit , YUMRT ) သည် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်အတွက် အဆိုပြုထားသော မိုးပျံအမြန်ရထားစနစ် တစ်ခုဖြစ်သည်။ ကနဦးလမ်းကြောင်းသည် ၂၀၂၇ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုးပျံရထားစနစ် ဖြစ်လာမည်ဖြစ်သည်။ သမိုင်းကြောင်းဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ၂ဝ၁၅ ခုနှစ်တွင် ကနဦးအဆိုပြုချက်တစ်ရပ်အရ ရန်ကုန်မြို့ရှိ မြေအောက်ရထားလမ်းနှစ်လိုင်းအား အမြန်ရထားလိုင်းကွန်ရက် ဖော်ဆောင်နိုင်ရေး မျှော်မှန်းထားသည်။ [၃] ၂၀၁၉ ခုနှစ် ဧပြီလတွင် JICA သည် အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာန သို့ အကူအညီများ ပေးအပ်မည်ဟု ကြေညာခဲ့ပြီးနောက် ယခု စီမံကိန်းများ ပါဝင်ကြောင်း အတည်ပြုခဲ့သည်။ [၄] ရထားလိုင်းများလှိုင်သာယာ-ပါရမီ ရန်ကုန်မိုးပျံရထားလမ်း သည် ၁၈ ကီလိုမီတာ (၁၁.၂ မိုင်) ရှည်လျားမည်ဖြစ်ကာ လှိုင်သာယာဘူတာ မှ ပါရမီဘူတာအထိ ပြေးဆွဲသွားမည်ဖြစ်သည်။[၅] အဆိုပြုထားသည့်လိုင်းသည် လှိုင်သာယာဘူတာမှစတင်ကာ ဘုရင့်နောင်တံတား တောင်ဘက် လှိုင်မြစ်ကို ဖြတ်ကာ ပါရမီလမ်းတစ်လျှောက် ဥက္ကံဘူတာ အထိလည်းကောင်း ထိုမှတစ်ဆင့် တိုးကြောင်းကလေး ဘူတာ အထိရောက်ရှိမည်ဖြစ်သည်။ [၆] ကိုးကား
|
Portal di Ensiklopedia Dunia